ဖြိုးစေတနာနယ်လှည့်အခမဲ့ဆေးကုသမှုအဖွဲ့မှ သွားလာရခက်ခဲသော ကျေးရွာများအရောက်အခမဲ့ကွင်းဆင်းကုသပေး

 

ရန်ကုန်တိုင်းဒေသကြီးတောင် ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီအတွင်း ရေးမှူး ဦးအောင်ကျော်မင်း ဦး ဆောင်မှုဖြင့်ကော့မှူးမြို့နယ်အတွင်း သွားလာရခက်ခဲသောကျေးရွာများ အရောက်သွားရောက်ကာ ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှုများ ကူညီစောင့်ရှောက်ပေးလျက်ရှိ ကြောင်း သိရသည်။

ရန်ကုန်(အရှေ့ပိုင်း)ခရိုင်ပါတီနှင့်ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ပါတီဝင်များတွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်(အရှေ့ပိုင်း) ခရိုင် စည်းရုံးရေးနယ်မြေအတွင်း ရှိ ရပ်ကွက်နှင့်ကျေးရွာများမှပါတီ ဝင်များအား ခရိုင်ပါတီကော်မတီ နှင့် မြို့နယ်ပါတီကော်မတီတို့မှ ရက်သတ္တတစ်ပတ်လျှင် တစ်ရက် တွေ့ဆုံကြောင်း သိရသည်။ ယနေ့ နံနက်၉နာရီတွင် ဒဂုံမြို့သစ်(အရှေ့ ပိုင်း)မြို့နယ် ပါတီဝင်များနှင့် မြို့ နယ်ပါတီရုံးအစည်းအဝေးခန်းမ ဆောင်၌တွေ့ဆုံကြရာပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီ ဗဟိုကော်မတီဝင် ဦးတင်အောင်၊ ပါတီအရန်ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ရန်ကုန်(အရှေ့ပိုင်း) ခရိုင်အတွင်းရေးမှူး ဒေါက်တာ ကျော်စိုး၊ ဘဏ္ဍာရေးမှူး(နယ်မြေ တာဝန်ခံ)ဒေါ်အေးအေးမြင့်၊ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေလင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ခိုင်နှင့်မြို့နယ်ကော်မတီဝင် များ၊ရပ်/ကျေးများမှပါတီဝင်များစုစု ပေါင်း၅၅ဦးတက်ရောက်ကြသည်။

နတ်စင်တစ်ရာနယ်လှည့်သစ္စာအဓိဋ္ဌာန်စတုဒိသာအဖွဲ့ ၁ဝ၆ကြိမ်မြောက် စတုဒိသာအလှူတော်အောင်ပွဲရေစက်ချအလှူတော်ကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦးနှင့် ပြည်ခိုင်ဖြိုးပါတီဝင် များသည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ဆံတော်ရှင် အတုလအောင်ဇေယျုံ (ဦးဘိုးလှ) စေတီတော်ရင်ပြင်ပေါ် တွင်ပြုလုပ်သည့် နတ်စင်တစ်ရာ နယ်လှည့် သစ္စာအဓိဋ္ဌာန်စတုဒိသာ အဖွဲ့၏ ၁ဝ၆ကြိမ်မြောက် စတု ဒိသာအလှူတော်အောင်ပွဲရေစက်ချ အလှူတော်အခမ်းအနားသို့ ယမန်နေ့ နံနက်ပိုင်းက သွားရောက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအစည်းအဝေးကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအစည်းအဝေးကို ယနေ့နံနက် ၁ဝနာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးရုံးခန်းမ၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတိုင်းကော်မတီဝင်ဦးတင်လှိုင် ကအဖွင့်အမှာစကားပြောကြားပြီး ပါတီရေးရာကိစ္စများ၊ ပါတီ၏ ရည်ရွယ်ချက်များ၊ ရှေ့လုပ်ငန်းစဉ် များ၊ပုံဖော်ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားကာ ရန်ကုန် တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (တိုင်း ကော်မတီဝင်)ဒေါ်အေးမင်းမိုးက လည်း ပါတီ၏မူဝါဒများ၊ ရေးရာ အလိုက်အခက်အခဲများ၊ အားနည်း ချက်၊အားသာချက်၊ ပြန်လည်သုံး သပ်ချက်များ၊ ကြိုတင်ပြင်ဆင်မှု များကို ဆွေးနွေးပြောကြားခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် နိုင်ငံရေးပါတီများတွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့သည် နိုင်ငံရေးပါတီ ၁ဝ ပါတီမှ ခေါင်းဆောင်များနှင့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် သံလွင်လမ်းရှိ ပါတီဌာနချုပ်ရုံးခွဲရှိခန်းမဆောင်၌ ယနေ့နံနက် ၁ဝနာရီက တွေ့ဆုံဆွေးနွေးခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ ကရင်ပြည်နယ်ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြန်မာအမျိုးသားကွန်ဂရက်ပါတီ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီနှင့်တအာင်း-ပလောင်အမျိုးသားပါတီတို့ တက်ရောက်ခဲ့ကြသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာ လက်ရှိနိုင်ငံအတွင်း ဖြစ်ပေါ်နေသော လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုများ ပြည်သူလူထုလူမှုစီးပွားရေးလုံခြုံမှုနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြဋ္ဌာန်းထားသော အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကသာ ကိုင်တွယ် ဆောင်ရွက်သွားသင့်သည့် အခြေအနေများနှင့် စပ်လျဉ်း၍ အကျယ်တဝင့်ဆွေးနွေးခဲ့သည်။

နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာဆွေးနွေးပွဲတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၏ နှုတ်ခွန်းဆက်အမှာစကားမှ ကောက်နုတ်ချက်များ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဟာ ယခင်(၅)နှစ်တာကာလအတွင်း ပြည်သူလူထုရဲ့ ရွေး ကောက်တင်မြှောက်ခြင်းခံရပြီးအစိုးရဖွဲ့စည်းနိုင်ခဲ့မှုကြောင့် နိုင်ငံတော်ရဲ့ကာကွယ်ရေး၊ စီးပွားရေး၊ တရား ဥပဒေစိုးမိုးရေးနယ်ပယ်အားလုံးကို တာဝန်ယူဆောင်ရွက်ခဲ့ရပါတယ်။
အမျိုးသားရေးအတွက် အရေးကြီးလာတဲ့ ခုလိုအချိန်မျိုးမှာပါတီရဲ့မူဝါဒနဲ့ လုပ်ငန်းစဉ်အရလည်းကောင်း၊ နိုင်ငံသားတိုင်းစဉ်းစားဆောင်ရွက်ရမယ့် အမျိုးသားရေးတာဝန်အရလည်းကောင်း၊ အခြေခံဥပဒေက ပေးထားတဲ့ ရပိုင်ခွင့်အရလည်းကောင်း နိုင်ငံတော်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ပီပြင်စွာဆောင်ရွက် နိုင်ဖို့ လိုအပ်နေပြီဖြစ်လို့ယူဆတဲ့အတွက် ဒီနေ့ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ပါတယ်။

ကော့မှူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှဦးဆောင်၍ တောင်သူများ စိုက်ပျိုးမွေးမြူရေး နည်းပညာအသိပေးဟောပြောပွဲပြုလုပ်

 

ရန်ကုန်တိုင်း ဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် အရှေ့ခြမ်းဝါးဘလောက်သောက် ကျေးရွာ ဦးအောင်ကြည်ထွန်း၏ ခြံ မြေတွင် ယမန်နေ့နံနက် ၁၁နာရီမှ စ၍ ကော့မှူးမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍တောင်သူလယ်သမားများ ၏ သိသင့်သောစိုက်ပျိုးရေးနည်း ပညာပိုင်းဆိုင်ရာ၊ မွေးမြူရေးအသိ ပညာပေးဆိုင်ရာဟောပြောပွဲ ပြု လုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် စိုက်ပျိုးရေးဌာန မြို့နယ်ဦးစီးမှူးဒေါ်လှကြည်၊ ဒုလက် ထောက်ဦးစီးမှူး ဦးနေလင်းထွန်း တို့ကစိုက်ပျိုးနည်းပညာပိုင်းဆိုင်ရာ ပြောကြား၍ မွေးမြူရေးနှင့်ကုသ ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးDr..အောင်ကျော်မိုး၊ဒုလက်ထောက် ဦးစီးမှူးဒေါ်ဖြိုးဝါဝါစိုးတို့က မွေး မြူရေးပိုင်းဆိုင်ရာသိကောင်းစရာ များ ပြောကြားခဲ့ကြသည်၊။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ နိုင်ငံတော်လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာဆွေးနွေးပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာဆွေးနွေးပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် သံလွင်လမ်းရှိ ပါတီဌာနချုပ်ရုံးခွဲရှိခန်းမဆောင်တွင် ယနေ့နံနက် ၉ နာရီခွဲကကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး၊ ဒုတိယဥက္ကဋ္ဌဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူးဦးသက်နိုင်ဝင်းနှင့် ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် များ၊ ပြည်ထောင်စုဝန်ကြီး(ငြိမ်း)၊ ဒုတိယဝန်ကြီးများ(ငြိမ်း)၊ နိုင်ငံရေးပါတီများ၊ ဥပဒေရေးရာနှင့် လွှတ်တော်ရေးရာကော်မတီဝင်များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ကိုယ်စား လှယ်လောင်းများ၊အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်၊ ပြည်ထဲရေးနှင့် မီဒီယာများတက်ရောက်ခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ၂ဝ၁၇ ခုနှစ် (ကြက်နှစ်)တရုတ်နှစ်သစ်ကူးဧည့်ခံပွဲသို့တက်ရောက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ရန်ကုန်မြို့ပြည်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနေအိမ် တွင် ယနေ့ညနေ ၄ နာရီမှ ည ၇နာရီခွဲထိ ကျင်းပပြုလုပ်ခဲ့သည့် ၂ဝ၁၇ ခုနှစ် (ကြက်နှစ်)တရုတ်နှစ်သစ်ကူးဧည့်ခံပွဲသို့ တက်ရောက် အားပေးခဲ့ကြောင်း သိရသည်။

သပြေကုန်းရပ်ကွက်တွင်ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်း ရပ်ကွက်တွင် ပြည်ခိုင်ဖြိုးပါတီမှဦးဆောင်၍ ခြင်ဆေးမှုတ်ခြင်းများကို ယမန်နေ့ နံနက် ၈ နာရီခွဲမှစ၍ ဆောင်ရွက်ခဲ့သည်။

၎င်းခြင်ဆေးမှုတ်ခြင်းကို မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်း လှိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ သပြေကုန်းရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးစိုးထူးနှင့်အဖွဲ့ဝင်များ၊ နယ်မြေတာဝန်ခံ ဦးစိုင်းလွယ်၊ သပြေကုန်းရပ်ကွက် ပါတီခေါင်းဆောင် ဦးလှအောင်နှင့် ပါတီကော်မတီ ဝင်များ၊ အမာခံပါတီဝင်များလိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရသည်။