တတိယအကြိမ် သက်ကြီးသတင်းစာပညာရှင်ကြီးများ ပူဇော်ကန်တော့ပွဲကျင်းပ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အလှူငွေလှူဒါန်း

 

မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA) မှ ကြီးမှူးကျင်းပသည့် တတိယအကြိမ် သက်ကြီးသတင်းစာပညာရှင်ကြီးများ ပူဇော်ကန်တော့ပွဲကို ဒီဇင်ဘာ (၁၀) ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ မြို့တော်ခန်းမ၌ကျင်းပခဲ့ရာ အခမ်းအနားသို့ ကန်တော့ခံ သက်ကြီး သတင်းစာပညာရှင်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်မြို့တော်ဝန်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဦးသီဟစောက ပူဇော်ကန်တော့ပွဲအကြောင်း ရှင်းလင်းပြောကြားခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ရန်ကုန်တိုင်းဒေသကြီး ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ကန်တော့ချိုး တိုင်ကြားပြီး ကန်တော့ခံသက်ကြီး သတင်းစာပညာရှင်ကြီးများကို ပူဇော်ကန်တော့ခဲ့ကြသည်။

”တက်ရောက်လာကြတဲ့ အသက် ၈ဝ ကျော်ကြပြီဖြစ်တဲ့ သတင်းစာဆရာကြီးတွေကို တွေ့ မြင်စကားပြောခွင့်ရတဲ့အတွက် အင်မတန်ဝမ်းသာဝမ်းမြောက်ဖြစ် ရပါတယ်။ ကျွန်တော်တို့နှစ်စဉ် မိတ်ဆွေဟောင်းတွေနဲ့တွေ့ရတာ အင်မတန်မှ ရခဲလှတဲ့ အချိန်ပါပဲ။ ကျွန်တော်တို့ ကျန်းမာလို့တိုင်းပြည် တာဝန်ထမ်းဆောင်နေရသော်လည်း ကျွန်တော်နဲ့ သက်တူရွယ်တူရှိတဲ့ သတင်းစာဆရာကြီးတွေက လေ ဖြတ်တဲ့သူနဲ့၊လာတဲ့နေရာမှာ တွဲပြီး လာကြတာတွေ့ရတယ်။ သို့သော် ပူဇော်ကန်တော့ပွဲလာတဲ့ စိတ်ဓာတ် လေးကို သူတို့ကိုမလေးစားလို့မရ ပါဘူး။ ဒါသတင်းစာဆရာတွေရဲ့ အင်မတန်မာကျောတဲ့ စိတ်ဓာတ် ဖြစ်ပါတယ်”ဟု ဝါရင့်သက်ကြီး သတင်းစာပညာရှင် ဦးအုန်းကြိုင် (ဟံသာဝတီ – ဦးအုန်းကြိုင်)က ပြောကြားခဲ့သည်။

သက်ကြီးသတင်းစာပညာရှင် ကြီးများ ပူဇော်ကန်တော့ပွဲဖြစ် မြောက်ရေးအတွက် နိုင်ငံတော် သမ္မတဟောင်းဦးသိန်းစိန်+ဒေါ်ခင် ခင်ဝင်းမိသားစုကကျပ် ၁ဝ သိန်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကျပ်သိန်း ၂ဝ၊ မယ်တော် ဒေါ်စန်းစန်းမြင့်မိသားစုက ကျပ် ၁ဝ သိန်း၊ှSKYNETမှ (ရုပ်သံဖမ်းစက်+ကြည့်ရှုခွင့်)များ ကို ပေးအပ်လှူဒါန်းခဲ့သည်။

တတိယအကြိမ်ကျင်းပသည့် သက်ကြီးသတင်းစာပညာရှင်ကြီး များ ပူဇော်ပွဲတွင် သက်ကြီး သတင်းစာပညာရှင်ကြီး ၁၂ဝ အား တစ်ဦးလျှင် ငွေကျပ်တစ်သိန်း၊ ဆေးဝါး၊ အသုံးအဆောင် ပစ္စည်း၊ စာအုပ်၊ှုSKYNET ရုပ်သံဖမ်းစက် များကိုလှူဒါန်းခဲ့သည်။ ပူဇော် ကန်တော့ပွဲ အခမ်းအနားသို့ ကန်တော့ခံသက်ကြီး သတင်းစာပညာ ရှင်၉၁ဦးတက်ရောက်ခဲ့ပြီးအသက် ၇၅ နှစ်နှင့်အထက် သတင်းစာ ပညာရှင်ကြီးများအား ပူဇော်ကန် တော့ခဲ့ခြင်းဖြစ်သည်။

Union daily


Leave a Reply