ကြည့်မြင်တိုင်မြို့နယ်တွင်းရှိ အသက် (၁၀၀)ကျော်ဘိုးဘွားများကို ရာဇသင်္ဂဟဖေါင်ဒေးရှင်းမှ ပူဇော်ကန်တော့

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်တွင် စက်တင်ဘာလ (၇)ရက် နေ့လည် (၁) နာရီက အမှတ် (၅၅) ဗားဂရာလမ်း အိုးဘိုရပ်ကွက်တွင် နေထိုင်သူ အဘွားဒေါ်တင်တင် အသက် (၁၀၁)နှစ်အား အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မဦးသိန်းစိန် (နိုင်ငံတော်သမ္မတ-ငြိမ်း) နာယကအဖြစ် ဖွဲ့စည်း တည်ထောင် ထားသည့် ရာဇသင်္ဂဟဖေါင်ဒေးရှင်းမှ လှူဒါန်းသည့် အလှူငွေကျပ်(၂)သိန်းနှင့် လှူဖွယ်ဝတ္ထုများကို ရန်ကုန်တိုင်း
ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီးပါတီကော်မတီဝင်များဖြစ်ကြသော ဦးမင်းသိန်း၊ ဒေါ်သင်းမိုး၊ ဦးတင်ဝင်း၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်အိအိလှိုင်၊ ကြည့်မြင်တိုင်မြို့နယ်ပါတီဥက္ကဌ ဦးမြင့်လွင်နှင့် မြို့နယ်ပါတီကော်မတီဝင် များမှ သွားရောက်လှုဒါန်းခဲ့ကြကြောင်း သိရှိရသည်။

ထိန်ဝင်း(ကြည့်မြင်တိုင်)


Leave a Reply