ပါတီဗဟိုနာယက ဗဟိုဦးဆောင်ကော်မတီဝင်ဦးဌေးဦး ရွှေပြည်သာမြို့နယ် ပါတီဝင်များနှင့် တွေ့ဆုံ

ပြည်ခိုင်ဖြိုးပါတီဗဟိုနာယက ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး မှ အောက်တိုဘာ (၉) ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ် ပါတီရုံးခန်းမတွင် မြို့နယ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ မြို့နယ်ပါတီ ကော်မတီဝင် များ၊ ရပ်/ကျေး ၂၇ အုပ်စုမှ စည်းရုံးရေးမှူးများ၊ ပါတီဝင်များအား တွေ့ဆုံရာ၌ ပါတီဝင်များအား မွဲချင်သလောက်မွဲပါစေ စေတနာမမွဲပါစေနဲ့၊ လွဲချင်သလောက် လွဲပါစေနားလည်မှု မလွဲပါစေနဲ့၊ ကွဲချင်သလောက်ကွဲပါစေ အချင်းချင်းမကွဲပါစေ နဲ့ ဟုမှာကြားခဲ့သည်။

14600952_439171922924607_2338264426504458897_n

ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီ ဗဟိုနာယက ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးက မိမိတို့အနေဖြင့် ပါတီ ညီလာခံကို ၂ဝ၁၆ခုနှစ်တွင် အောင်မြင်စွာကျင်းပခဲ့ပြီး ပါတီအောက်ခြေအဆင့်မှ ဗဟိုအဆင့်ထိ ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့ကြောင်း၊ ထိုသို့ပြန်လည်ပြင်ဆင် ဖွဲ့စည်းရာတွင် တာဝန်ပြန်လည်ပေးအပ်ခြင်းခံရသည့် လူကောင်း များ ပြန်လည်ပါဝင်လာသကဲ့သို့ တာဝန်ပေးအပ်ခံရသည့် လူသစ်များလည်း ပါဝင်လာကြောင်း၊ လူသစ်လူဟောင်းများ အားလုံး ပါတီ ကိုသံယောဇဉ်ရှိသော၊ ယုံကြည်ကြသောပါတီဝင်များ ဖြစ်ကြပါကြောင်း၊ အားလုံးက ပါတီဆက်လက် ရှင်သန်ခိုင်မာရေး အတွက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ပါတီသည် အသင်းဘဝကပင် နိုင်ငံ၏အရေးအရာကိစ္စများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း၊ ပါတီစုံဒီမိုကရေစီကျင့်စဉ်ကို ပြောင်းလဲကျင့်သုံးနိုင်ရန်အတွက် ပြည်သူများနှင့် လက်တွဲပြီး ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း၊ ပါတီစုံဒီမိုကရေစီကျင့်စဉ် ရှင်သန်ခိုင်မာရေးအတွက်လည်း ပါဝင်ဆောင်ရွက်ခဲ့ကြသူများ ဖြစ်ကြောင်း၊ မိမိတို့ပါတီအား ပါတီဝင်များနှင့် စုစည်းဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ မိမိတို့ပါတီဝင်များသည် ပါတီက ချမှတ်ထားသော ရည်မှန်းချက်၊ မူဝါဒ၊ လမ်းစဉ်များဖြင့် ပြည်သူ့အကျိုး၊ နယ်မြေအကျိုးအတွက် လက်တွေ့ဆောင်ရွက် နိုင်မည်ဟု ယုံကြည်ပြီး ကိုယ်တိုင်ဆန္ဒပြု ဝင်ရောက်လာကြ သူများဖြစ်ကြောင်း၊ ပါတီဝင်များသည် မိမိတို့ယုံကြည်ချက်၌ ခိုင်မာလာအောင် ကြိုးပမ်းကြရန် လိုအပ်သကဲ့သို့ မိမိတို့ယုံကြည်သလိုအခြားသူများလည်း ယုံကြည်အောင် လုပ်ဆောင် သွားရန်လိုအပ်ကြောင်း၊ မိမိတို့ လုပ်ဆောင်မှု များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်လာအောင်လည်း လုပ်ဆောင်သွားရ မည်ဖြစ်ကြောင်း၊ စုပေါင်းတိုင်ပင်ဆွေးနွေး၊ စုပေါင်းလုပ်ဆောင်သွားရန်လိုကြောင်း၊ ပါတီတွင်းစည်းလုံးညီညွတ်မှု တိုးတက်ရရှိစေရန် ပါတီဝင်တိုင်းက ဆောင်ရွက်သွားရန် လိုကြောင်း၊ ပါတီ၏ရည်မှန်းချက်များ အောင်မြင်ရေးအတွက် စိတ်ဝမ်းမကွဲဘဲ စုစည်း ညီညွတ်သောအားဖြင့် စည်းလုံးညီညွတ်စွာဆောင်ရွက်သွားကြရန် မှာကြားပြီး တက်ရောက် လာသူများ၏ တင်ပြချက်များကို ဗဟိုနာယက ဦးဌေးဦးမှ ပြန်လည်ညှိနှိုင်းဆောင် ရွက်ပေးခဲ့သည်။

ထို့နောက် ရွှေပြည်သာပြည်ခိုင်ဖြိုးပါတီ မြို့နယ်ရုံးတွင် အခမဲ့ ပညာဒါနစာသင်ဝိုင်းမှ ကျောင်းသူ ကျောင်းသားများအား ပညာကြိုးစားကြရန် အားပေးမှာကြားပြီး ဆရာများအား ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ ရန်ကုန် တိုင်းဒေသကြီးအတွင်းရေးမှူး ဦးသာဝင်း၊ ဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်း၊ မြောက်ပိုင်း ခရိုင်ဥက္ကဋ္ဌ ဦးတင်ယုနှင့် ခရိုင်ကော်မတီဝင်များ၊ ရွှေပြည်သာမြို့နယ်ဥက္ကဋ္ဌ ဦးကိုလတ်နှင့် ကော်မတီ ဝင်များ၊ ရပ်/ကျေး ၂၇အုပ်စုမှ စည်းရုံးရေး မှူးများ၊ မြို့နယ်ပါတီဝင်များတက်ရောက်ရာ အင်အား ၂ဝဝ ရှိကြောင်း သိရသည်။ ဖိုးချို(ယူနီယံ)


Leave a Reply