တနိုင်းမြို့နယ်လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းဝေး

 

တနိုင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ၏လစဉ်ပုံမှန်အစည်းဝေးကို
ယနေ့နေ့လည်(၁၁း၃၀)နာရီတွင်စတင်ကျင်းပရာအစည်းဝေး
သို့ပြည်နယ်ကော်မတီဝင်(ချိန်ပိုင်း)ဦးkဆမ်အေါန်၊ ခရိုင်
ကော်မတီဝင်ဦးဆိုင်းလ(ချိန်ပိုင်း) မြို့နယ်ဥက္ကဌဦးမြင့်ကိုနှင့်မြို့
နယ်ကော်မတီဝင်များ ရပ်ကျေးစည်းမူးများစုစုပေါင်း(၄၀ဦး)
တက်ရောက်ကြပြီးညှိနှိုင်းအစည်းအဝေးအါးနေ့လည်(၂)နာရီ
တွင်ပြီးဆုံးကြောင်း သိရသည်။

Myint Ko‎


စပါးခြွေလှေ့ရာ၌ ပြည်ခိုင်ဖြိုးပါဝင်နွှဲ

 

မိုးညှင်းခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တောင်သူလယ်သမားရေးရာကော် မတီကဦးစီးပြီးအင်ကြင်းကုန်းကျေး ရွာနှင့် မရင်းကုန်းကျေးရွာရှိ ပါတီ ဝင်တောင်သူဦးကျော်စိန်၊ဦးကျော်ယု နှင့် ဦးကြည်မောင်တို့၏လယ် မြေများတွင် စပါးရိတ်သိမ်းခြွေ လှေ့ခြင်းလုပ်ငန်းများကို ပါတီဝင် များကယခုလ ၆ရက်နှင့် ၇ရက်တို့ တွင် သွားရောက်လုပ်အားပေး ကူညီခဲ့သည်။

မိုးညှင်းပြည်ခိုင်ဖြိုးပါတီ

နမ္မားဒေသ တောင်အင်းကျေးရွာ အုပ်စု ကသဲကုန်းနှင့်တောင်အင်းကျေးရွာတွင် နမ္မား နန်းခမ်းလူငယ်သွေးသစ်မျိုးဆက်သစ်ဦးတင်ဌေး ဦးဆောင်သော အဖွဲ့များက အမက စာသင်ကျောင်းများတွင် အဟာရလှူဒါန်းခြင်း ဗလာစာအုပ်လှူဒါန်ရာ မိုးညှင်းမြို့နယ်အတွင်းရေးမှူးဦးဌေးဝင်း ကော်မတီဝင်ဦးခိုင်ဇော်ထွန်း(နမ္မားတာဝန်ခံ)- ဒေါ်ခင်မာအေး အရန်ကော်မတီဦးမြဝင်း ရပ်ကျေးစည်းမှူး ဦးမင်းနွယ် လူငယ်ကေဒါ ဒေါ်စိုးဟေမာတို့က တက်ရောက်အားပေးကူညီခဲ့ကြောင်း သတင်းရ


ဗန်းမော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အသက်၇ဝနှင့်အထက် အဘိုးအဘွားများအား လှူဖွယ်ဝတ္ထုများပူဇော်ကန်တော့

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီက စီအင်ကျေးရွာရှိ အသက် ၇ဝ နှင့် အထက် အဘိုးအဘွားများအား လှူဖွယ်ဝတ္ထု များပူဇော်ကန်တော့ပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက စီအင်ကျေးရွာ ပါတီဥက္ကဋ္ဌ ဦးလဖိုင် ဇော်အောင်၏အိမ်၌ကျင်းပရာ ခရိုင်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးသန်းဇော်လေး၊မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသက်ဝင်း၊ အတွင်းရေးမှူးဦးစောမိုးကျော် နှင့်မြို့နယ်ပါတီကော်မတီဝင်များတက်ရောက် ပူဇော်ကန်တော့ကြသည်။

ဒီမိုကရေစီနှင့်ဆက်သွယ်ရေးဥပဒေ မိုးညှင်းမြို့တွင်ဆွေနွေး

မိုးညှင်းခရိုင်ပြည်ခိုင်ဖြိုးကကြီးမှူး၍ မီဒီယာနှင့်ပြည်သူ့ဆက်ဆံရေးဆွေးနွေးပွဲကို ဒီဇင်ဘာ(၄)ရက် နံနက်(၁၀) နာရီတွင် ခရိုင်ပါတီရုံးခန်းမ၌ပြုလုပ်ရာ ပါတီဗဟိုကော်မတီဝင်
ဦးကျော်စိုးလေးက အဖွင့်အမှာစကား ပြောကြားပြီး ကချင်ပြည်နယ် မီဒီယာနှင့်ပြည်သူ့ ဆက်ဆံရေးတာဝန်ခံ ဦးသန်းအောင်က ပါတီ၏ မီဒီယာရှေ့လုပ်ငန်းစဉ်များကို
ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပါတီဥပဒေအကြံပေး ဦးတင်လှိုင်က သတင်းမီဒီယာနှင့် ဆက်သွယ်ရေးဥပဒေ ကိုလည်းကောင်း၊ ဦးရွှေကြည်က သတင်းအခြေအမြစ်ခိုင်မာမှုနှင့် သတင်းရေးသားတင်ပြခြင်း ဆိုင်ရာကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။

မိုးညှင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ၏ ဂီတသင်တန်းအမှတ်စဉ် (၁) ဖွင့်လှစ်ပြီးစီး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးကျော်စိုးလေး ၏ စီစဉ်ညွှန်ကြားမှုဖြင့် မိုးညှင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာ ကော်မတီမှ ဦးစီးဖွင့်လှစ်သော ဂီတသင်္ကေတအရေးအဖတ်နှင့် အခြေခံ ဂီတာတီး သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲကို နိုဝင်ဘာ (၃၀) ရက် ညနေ ၅နာရီ အချိန်တွင် ခရိုင်ပါတီရုံး တိုးချဲ့ ခန်းမဆောင်၌ ကျင်းပခဲ့ပါသည်။

ပြည်နယ်ပါတီ အပတ်စဉ် ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပ

ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ (၁၆) ရက် နေ့လည် (၁) နာရီအချိန်က ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။

u-yar-wan-jone

(more…)


ဗဟိုကော်မတီဝင်နှင့်အဖွဲ့ ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးသိန်းဇော်အား အမှူးထား၍ ပါတီဗဟိုကော်မတီဝင် ဦးကျော်စိုးလေးနှင့် ကော်မတီဝင်များက နိုဝင်ဘာလ (၁၂)ရက်နေ့တွင် မိုးညှင်းမြို့နယ် ဟိုပင်ဒေသ မြို့သစ် ကလေးကျေးရွာအုပ်စု မြေနုကျေးရွာ ရာပြည့်ကျောင်းဆရာတော် ဘဒ္ဒန္တပညောဘာသ အရှင်သူမြတ်အား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

moe-hnyin1

(more…)


တနိုင်းမြို့နယ်ပါတီကော်မတီများနှင့် ရပ်ကျေးစည်းမှူးများ စည်းဝေးပြုလုပ်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်/ကျေး စည်းမှူးများ လပတ်အစည်းဝေးကို နိုဝင်ဘာ (၉) ရက် နံနက် (၁၁) နာရီခွဲအချိန်က မြို့နယ်ပါတီရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ရာ အင်အား ၃၀ ဦးတက်ရောက်ကြသည်။

ta-nine

(more…)