မိုးညှင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ၏ ဂီတသင်တန်းအမှတ်စဉ် (၁) ဖွင့်လှစ်ပြီးစီး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးကျော်စိုးလေး ၏ စီစဉ်ညွှန်ကြားမှုဖြင့် မိုးညှင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာ ကော်မတီမှ ဦးစီးဖွင့်လှစ်သော ဂီတသင်္ကေတအရေးအဖတ်နှင့် အခြေခံ ဂီတာတီး သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲကို နိုဝင်ဘာ (၃၀) ရက် ညနေ ၅နာရီ အချိန်တွင် ခရိုင်ပါတီရုံး တိုးချဲ့ ခန်းမဆောင်၌ ကျင်းပခဲ့ပါသည်။

အဆိုပါသင်တန်းဆင်းပွဲတွင် မြို့နယ်ပါတီလူငယ်ရေးရာတာဝန်ခံ ဦးအောင်မိုး မှ သင်တန်းသားများအား ”ယခု သင်တန်းမှ သင်ကြားပေးလိုက်သော အတတ် ပညာကိုအသုံးချ၍ မိမိတို့၏ပတ်ဝန်းကျင်တွင် ပါတီဝင်လူငယ်များ တိုးပွား လာစေရန်၊ အဆိုပါ ပါတီဝင်လူငယ်များအင်အားဖြင့် ပါတီအကျိုး၊ ဒေသ အကျိုး၊ ပြည်သူ့အကျိုးများကို တတ်စွမ်းသရွေ့ သယ်ပိုးဆောင်ရွက်ရန်” မှာကြားခဲ့ပြီး သင်တန်းနည်းပြ ဦးစောငြိမ်းချမ်း (Steel Snake band ဂီတမှူး) မှ ”သင်တန်းကို ပြီးဆုံးသည်အထိ စည်းကမ်းရှိစွာ တက်ရောက်ခဲ့ကြ၍ ကျေးဇူးတင်ဝမ်းမြောက်ကြောင်း၊ သင်တန်းသားများမှ ဆန္ဒရှိပါက Professional တစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်းပြုနိုင်သည်အထိ မိမိမှ စေတနာဖြင့် လေ့ကျင့်ပျိုးထောင် ကူညီပေးသွားမည်ဖြစ်ကြောင်းနှင့် တိုင်းပြည်အကျိုး ထမ်းဆောင်နိုင်စေရန် ဆန္ဒပြုကြောင်း” ဖြင့် ပြောကြား သွားခဲ့သည်။

ယခုဖွင့်လှစ်ပြီးစီးသွားခဲ့သော ဂီတသင်တန်းအား မိုးညှင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အခမဲ့ဒါနပြု သင်ကြားပေးခဲ့ ခြင်းဖြစ်ပြီး သင်တန်းသို့ သင်တန်းသားဦးရေ (၁၁)ဦး တက်ရောက်ခဲ့ကြကာ သင်တန်းကာလမှာ တစ်လကြာမြင့်ခဲ့ ကြောင်း သိရှိရပါသည်။

# Ko Aung


Leave a Reply