ဗန်းမော်ခရိုင်ပါတီ မျက်နာစုံညီ အစည်းအဝေးနှင့် ခရိုင်ပါတီကော်မတီ ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနား ကျင်းပပြီးစီး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နာစုံညီအစည်းအဝေးးကို ဇူလိုင်လ (၂၉) ရက် နံနက် (၉) နာရီ (၃၀) မိနစ်နာရီက ခရိုင်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြီးစီးခဲ့သည်။

13738073_1051673754870274_1645420440294297714_o

(more…)


မိုးညှင်းခရိုင်ပါတီ စုံညီအစည်းအဝေးကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြဇေယျာ ပရိယတ္တိ စာသင်တိုက်ကြီး အတွင်းအပြင် သန့်ရှင်းရေးဆောင်ရွက်

(၃၀-၇-၂၀၁၆) နေ့တွင်ကျင်းပမည့် ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုရေးပါတီ ခရိုင်မျက်နာစုံညီအစည်းအဝေးနှင့် ရွေးခြယ်တင်မြောက်ပွဲကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရပ်မိရပ်ဖ ဦးညီလေး၊ မိုးညှင်းမြို့နယ်အတွင်းရေးမှူး ဦးဌေးဝင်း၊ ဟိုပင်တာဝန်ခံ ဦးဇော်ထွန်းမြင့်၊ ဦးမြဝင်း၊ ဒေါ်သန္တာဝင်းမောင်၊ ဦးဖုန်းမြင့် ရပ်ကျေးစည်းမှူးများ လူငယ်ကေဒါ ဦးအောင်ကိုဝင်း၊ ဦးရန်အောင်ဝင်း၊ ဒေါ်မြမြဌေး၊ ဒေါ်နန်းအိဖြူ၊ ဒေါ်မေဇွန်ဦး၊ ဟိုပင်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ၊ လူငယ်ရေးရာအဖွဲ့များသည် ဇူလိုင် (၂၉) ရက် နံနက် (၇) နာရီ (၄၀) မိနစ်အချိန်က ဟိုပင်မြို့ မြဇေယျာ ပရိယတ္တိ စာသင်တိုက်ကြီး အတွင်းအပြင် သန့်ရှင်းရေးလုပ်ငန်းများကို လုပ်အားဒါနပြု
ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုးညှင်းပြည်ခိုင်ဖြိုးပါတီဝင်များရဲ့ မွန်မြတ်သောလုပ်အားဒါန

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မျက်နှာစုံညီ အစည်း အဝေးကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့ (ဇူလိုင် ၂၈ရက်) နံနက် (၇း၃၀) မှ (၁၀း၃၀) အထိ ပုညရှင်တောင်ပေါ်ကျောင်း အတက်အဆင်းလမ်းနှင့် ကျောင်းဆောင်တည်ဆောက်ရေးလုပ်ငန်း များအတွက် မိုးညှင်းပြည်ခိုင်ဖြိုးပါတီဝင်များက အုတ်များသယ်ခြင်းကို လုပ်အားဒါနပေးခဲ့ကြသည်။

အဆိုပါကျောင်းဆောင်အမိုး သွပ်မိုးခြင်းကိုလည်း ပြည်ခိုင်ဖြိုးမှ တာဝန်ယူ လှူဒါန်းဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။

ဗန်းမော်ပြည်ခိုင်ဖြိုးပါတီ ရေကြီးဒေသ ပြည်သူများအတွက် အစားအသောက်များ ထောက်ပံ့လှူဒါန်း

မြစ်ရေကြီးမှုကြောင့် နေအိမ်များအတွင်းရေများဝင်ရောက်၍ ရေဘေးဒုက္ခ ကြုံတွေ့နေရသော ဒေသခံ ပြည်သူများအတွက် ဗန်းမော်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဇူလိုင်လ (၂၇) ရက် နံနက် (၁၁) နာရီအချိန်က အစားအသောက်များ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

မိုးကောင်းပြည်ခိုင်ဖြိုး သဘာဝဘေးဒဏ်သင့် မိသားစုများအတွက် အစားအစာများ သွားရောက်လှူဒါန်း

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေလျှံပြီး ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် နမ္မတီးမြို့ တံတားဦးရပ်ကွက်နေ မိသားစု အချို့၏ နေအိမ်များ ရေနစ်မြုပ်နေသည်မှာ (၃ ပေမှ ၅ ပေ ကျော်ထိ) ၁၀ ရက်ခန့်ကြာနေပြီဖြစ်၍ မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နေအိမ်များရေနစ်မြုပ်နေသော မိသားစုများ စားသောက်ရေး အဆင်ပြေစေရန် အိမ်ထောင်စု (၁၈) စုအား ဇူလိုင်လ (၂၇) ရက် နံနက် (၁၀) နာရီခွဲအချိန်က ခေါက်ဆွဲခြောက် (၁၈)ဖာနှင့် ကြက်ဥ (၁၀၀) လုံး သွားရောက် ထောက်ပံ့ ကူညီပေးခဲ့ကြောင်း သိရသည်။

တနိုင်းပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းစည်းဝေး

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်မှ ပြန်လည်ရွေးချယ်ဖွဲ့စည်းထားသော မြို့နယ်ပါတီကော်မတီဝင်များ၏ အပတ်စဉ်ပုံမှန်အစည်းအဝေးကို ဇူလိုင်လ (၂၅) ရက်က စတင်ဆောင်ရွက်ခဲ့ရာ ခရိုင်ကော်မတီဝင် ဦးကေဆန်အောင်မှ မြို့နယ်ကော်မတီဝင်များအား ကြိုဆိုကြောင်းနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် စည်းလုံးညီညွတ်စွာ ဆောင်ရွက်သွားကြရန်နှင့် ပါတီစည်းမျဉ်းစည်းကမ်း အတိုင်း တာဝန်ထမ်းဆောင်ကြရန် မှာကြားခဲ့သည်။

ဗန်းမော်ပြည်ခိုင်ဖြိုးပါတီ ၀ါဆိုသင်္ကန်းကပ်လှူရန် လုပ်အားဒါန ကူညီဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသက်ဝင်း၊ အတွင်းရေးမှူး ဦးစိုးမိုးကျော်တို့ ဦးဆောင်ပြီး မြို့နယ်ပါတီကော်မတီဝင်များသည် ဇူလိုင်လ (၂၅) ရက်နေ့က ဗန်းမော် သိမ်တော်ကြီးဝင်း သာသနာ့ဗိမ္မာန်တော်ကြီးတွင် ပုညကာရီအဖွဲ့မှ (၁၂) ကြိမ်မြောက် ဆွမ်းကပ်ခြင်းနှင့် ၀ါဆိုသင်္ကန်း ကပ်လှူခြင်းတို့အား လုပ်အားဒါန ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

မြစ်ကြီးနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး အစည်းအဝေးခန်းမ တွင် ဇူလိုင်လ (၂၆) ရက် နေ့လည် (၁) နာရီ အချိန်က မြို့နယ်ပါတီကော်မတီဝင်များနှင့် အရန်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

အစည်းအဝေးသို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးညွန့်ဝင်း၊ အတွင်းရေးမှူး ဦးလာပေါ်ထူး၊ မြို့နယ်ကော်မတီဝင်များနှင့် အရန်ကော်မတီဝင်များ ဖြစ်ကြသည့် ဦးသက်ဦး၊ ဦးလန်းဘောမ်၊ ဦးသန်းလွင်ဦး၊ ဒေါ်နွဲ့နွဲ့အေး၊ ဒေါ်ဂျာမိုင်အောင်၊ ဒေါ်လွမ်းနန်း၊ ဒေါ်ကေသွယ်ဦးတို့ တက်ရောက်ခဲ့ကြ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

တနိုင်းပြည်ခိုင်ဖြိုး ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်း

ကချင်ပြည်နယ်၊ တနိုင်းမြို့ ရေဘေးဒုက္ခသည်စခန်းရှိ မြို့မဘုန်းကြီးကျောင်း တွင်း ရေဘေးဒုက္ခကြောင့် ခိုလှုံရောက်ရှိနေကြသော ဒေသခံပြည်သူများ (ကျား၊ မ၊ ကလေး) စုစုပေါင်း (၆၀၀) အား တနိုင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမြင့်ကို ဦးဆေါင်၍ မြို့နယ်ပါတီ ကော်မတီဝင်များသည် ဇူလိုင်လ (၂၅) ရက်က ဆန် (၁၀) အိတ်၊ ဆီ (၅)ပုံး၊ ရေသန့် (၂၀)ကဒ်၊ ခေါက်ဆွဲခြောက် (၁၀)ဖာ၊ ဆားတစ်အိတ် စုစုပေါင်း တန်ဘိုး ၅သိန်းကျော်အား သွားရောက် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ်ပါတီ လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ

ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ (၂၅) ရက်က ပြည်နယ်ပါတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးလဂျွန်ငန် ဆိုင်း၊ ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးရားဝမ်ဂျုံ၊ ပြည်နယ်တွဲဖက်အတွင်းရေးမှူး ဦးစိုးသိန်း၊ ပြည်နယ် ကော်မတီဝင်များ ဖြစ်ကြသော ဦးတင်မောင်ဝင်း၊ ဦးချစ်ဦး၊ ဦးဥာဏ်သိန်း၊ ဦးမရန်ဘရန်ရှောင်၊ ဦးချန်တန်ခင်၊ ဒေါ်ရှီးဇော်လွမ်းလန်း တို့တက်ရောက်ခဲ့ကြသည်။