မိုးကောင်းပြည်ခိုင်ဖြိုးပါတီ (၄၁)ကြိမ်မြောက် သံဃာ့ဒါန ဆွမ်းဆန်တော် လောင်းလှူ

 

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် ဈေးကုန်းရပ်ကွက်(၄၁) ကြိမ်မြောက် သံဃာဒါန ဆွမ်းဆန်တော်လောင်းလှူပွဲကို စက်တင် ဘာ ၃ရက် မနက် ၇း၃၀ နာရီအချိန်တွင် မိုးကောင်း မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ဥက္ကဌ ဦးထွန်းထွန်းအောင်၊ မြို့နယ် အတွင်းရေးမှူး ဦးပြည့်ဖြိုးမင်း၊မြို့နယ်ကော်မတီဝင် ဦးစိုင်းထွန်းလှ ၊ ဦးမြင့်စိုး၊ ဦးငွေရှိန်၊ ဦးသန်းစိုး၊   ဒေါ်အေးတို့ ဦးဆောင်ပြီး မြို့ပေါ် (၁၀)ရပ်ကွက်မှ စည်းရုံးရေးတာဝန်ခံများ ၊ပါတီဝင်ကော်မတီဝင်များ ပါတီအင်အား ၂၅ ဦးဖြင့် သံဃာတော်အပါး ၅၀၀ ကျော်ကို ဆန်များလောင်းလှူခဲ့ကြောင်းသိရပါသည်။

ပြည်​နယ်​အဆင့်​ ကြားဖြတ်​​ရွေးချယ်​ဖွဲ့စည်း​ရေး အစည်းအ​ဝေး ကျင်းပ

 

ကချင်​ပြည်​နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး ရေးပါတီ ပြည်​နယ်​အဆင့်​ ကြားဖြတ်​​ရွေးချယ်​ဖွဲ့စည်းရေးအစည်းအ​ဝေးကို (၃၁-၈-၂၀၁၇)ရက်​​နေ့ နံနက်​ (၉)နာရီအချိန်တွင်​ ပြည်​နယ်​ပါတီရုံးအစည်းအ​ဝေး ခန်းမကြီးတွင်​ ကျင်းပပြုလုပ်​ခဲ့ပါသည်​။

အစည်းအ​ဝေးတွင်​ ပါတီဗဟိုအတိုင်​ပင်​ခံ ဦးသိန်း​ဇော်​၊ ပါတီအလုပ်​အမှု​ဆောင်​​ ဒေါက်​တာ ဦး​အောင်​မြတ်​ဦး (ပြည်​နယ်​တာဝန်​ခံ ) တို့က အမှာ စကား အသီးသီးပြောကြားခဲ့ပြီး ဗဟိုအလုပ်​အမှု​ဆောင်​ ကချင်​ပြည်​နယ်​ပါတီဥက္ကဌ ဦးရားဝမ်​ဂျူံက​ ရွေး​ကောက်​ပွဲဆိုင်​ရာ စည်းမျဉ်းစည်းကမ်းများ ကို ဖတ်​ကြားကာ အစည်းအ​ဝေး ပထမပိုင်းအစီအစဉ်​များ​ ခေတ္တရပ်​ နားခဲ့ ပါသည်​။

ဗန်းမော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ကြားဖြတ်ရွေးချယ်ဖွဲ့စည်း

 

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီကြားဖြတ် ရွေးချယ်ဖွဲ့စည်းရေးကို ယနေ့ နံနက် ၁ဝ နာရီခွဲက သာစည်ရပ်ကွက် ခရိုင်ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ သဘာပတိဗဟိုပါတီကော်မတီဝင် ဦးသန်းအောင်က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ကြားဖြတ်ရွေးချယ် ဖွဲ့စည်းရေးကော်မတီဝင်၊ခရိုင်ပါတီဥက္ကဋ္ဌ ဦးသန်းဇော်လေးက         ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေး လုပ်ထုံးလုပ် နည်းများကို ရှင်းလင်းတင်ပြခဲ့ပြီး ခရိုင်ပါတီ ကော်မတီဝင်ဦးဇော်မင်းရင်က အရွေးချယ်ခံသူများ၏ အဆိုပြုအမည်စာရင်းများ တင်သွင်း ခဲ့သည်။

ပြည်​နယ်​/ခရိုင်​/မြို့နယ်​ပါတီ ​ကော်​မတီအစည်းအ​ဝေးသို့ ဗဟိုအလုပ်​အမှု​ဆောင်​​ ဒေါက်​တာ​အောင်​မြတ်​ဦး (ကချင်​ပြည်​နယ်​ တာဝန်​ခံ)တက်​​ရောက်​ပြီး လမ်းညွန်အမှာစကားပြောကြား

 

ကချင်​ပြည်​နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုးရေးပါတီ ပြည်​နယ်​၊ခရိုင်​၊ မြို့နယ်​ပါတီ​ကော်​မတီ၏ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကို (၁၀-၈-၂၀၁၇)ရက်​​နေ့ ​နေ့လည်​(၁) နာရီတွင်​ ပြည်​နယ်​ပါတီရုံးအစည်းအ​ဝေးခန်းမ​တွင်​ကျင်းပပြုလုပ်​ရာ ဗဟိုအလုပ်​အမှု​ဆောင်​ ​ဒေါက်​တာ​အောင်​မြတ်​ဦး (ပြည်​နယ်​တာဝန်​ခံ)တက်​​ရောက်​ အမှာစကား​ပြောကြားခဲ့ကြောင်း ရှေးဦးစွာ ပြည်​နယ်​ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးရားဝမ်​ဂျူံက အဖွင့်​အမှာစကားနှင့်​ ပါတီအဆင့်​ဆင့်​မှ​ ဆောင်​ရွက်​သွားရန်​များကိုလည်း​ကောင်း၊ ထို​​နောက် ​ဗဟိုအလုပ်​အမှု​ဆောင်​​ ဒေါက်​တာအောင်​မြတ်​ဦး (ပြည်​နယ်​တာဝန်​ခံ)က ညွှန်​ကြားချက်​များကို စာရွက်​ပေါ်မှာတင်​ရှိမ​နေ​စေဘဲ စုဖွဲ့မှုစံနစ်​တကျ ဖွဲ့စည်း​ဆောင်​ရွက်​​စေ​ကြောင်းလမ်းညွှန်​မှာကြားခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်​ပြော​ရေး ဆိုခွင့်​ရှိသူ ​ဒေါက်​တာနန္ဒာလှမြင့်​က ပါတီ၏အ​ခြေခံ​အောင်​နိုင်​​ရေးလက်​​တွေ့​ဆောင်​ရွက်​ရန်​နှင့်​ မီဒီယာကိစ္စများ​ ဆွေး​နွေး အကြံပြုကာ တက်​​ရောက်​လာကြသည့်​ မြို့နယ်​ပါတီဥက္ကဌများက မိမိတို့ မြို့နယ်​ဆိုင်​ရာများတင်​ပြကာ ပြည်​နယ်​တာဝန်​ခံနှင့်​ ပြည်​နယ်​ပါတီဥက္ကဌ တို့က ဖြည့်​စွက်​လမ်းညွှန်​မှုပြုခဲ့​ကြောင်းနှင့်​ အစည်းအ​ဝေး ဒုတိယ​နေ့ကို ယနေ့ (၁၁-၈-၂၀၁၇)ရက်​​နေ့ တွင်​ ဆက်​လက်​ ဆောင်​ရွက်​သွားမည်​ဖြစ်​ကြောင်း သိရပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်(ကချင် ပြည်နယ်တာဝန်ခံ) ဒေါက်တာအောင်မြတ်ဦး ကချင်ပြည်နယ် ပြည်ခိုင်ဖြိုး ပါတီ ၀ါဆိုသင်္ကန်းကပ်လှူပွဲတက်ရောက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် (ကချင် ပြည်နယ်တာဝန်ခံ) ဒေါက်တာအောင်မြတ်ဦးနှင့် ပါတီဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်တို့သည် ယနေ့ သြဂုတ်လ ၁၀ ရက်နေ့ နံနက် ၉း၃၀ နာရီအချိန်တွင် ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပ သော ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြပြီး ဆရာတော် သံဃာတော်များထံမှ သီလသြ၀ါဒများခံယူကာ ၀ါဆိုသင်္ကန်း၊ ဆွမ်းအစရှိသည့် လှူဖွယ်ပစ္စည်းအစုစုအားလှူဒါန်းပူဇော်ပူဇော်ကြသည်။

ရှေ့တန်းပြန်တပ်မတော်သားများအား ရွှေကူပြည်ခိုင်ဖြိုးမှ ကြိုဆို

 

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်အခြေစိုက် အမှတ် (၆၀၂) ခြေမြန်တပ်ရင်းမှ ရှေ့တန်းပြန်တပ်မတော်သားများအား ရွှေကူမြို့နယ် အတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများ ၊ NGOအဖွဲ့အစည်းများ၊ တိုင်းရင်း သားမျိုးနွယ်စုများ၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဆောင်သော မြို့နယ်ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာများမှ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ မြို့နယ်တွင်းရှိ တပ်မတော်ကို ချစ်မြတ်နှိး သူ များစုပေါင်း၍ ၃.၈.၂၀၁၇ ရက်နေ့ နံနက်ပိုင်းအချိန်တွင် အမှတ်(၆၀၂) တပ်ရင်းရှေ့တွင် အောင်သပြေပန်းများ ပန်းကုံးများဖြင့် ကြိုဆိုဂုဏ်ပြု ခဲ့ကြကြောင်း သိရသည်။

မိုးကောင်းပြည်ခိုင်ဖြိုးပါတီ (၁၆) ကြိမ်မြောက် သံဃဒါနဆွမ်းဆန်စိမ်း လောင်းလှူပွဲ

 

မိုးကောင်း သြဂုတ် ၇

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် နတ်ကြီးကုန်းရပ်ကွက်ရှိ (၁၆) ကြိမ်မြောက် သံဃဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲကို သြဂုတ် ၇ ရက် ညနေ ၃း၃၀ နာရီခွဲချိန်တွင် မိုးကောင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ဥက္ကဌ ဦးထွန်းထွန်းအောင် နှင့် မြို့နယ်ကော်မတီဝင် ဦးစိုင်းထွန်းလှ၊ ဦးမြင့်စိုး၊ ဦးဝင်ကို၊ ဦးသန်းစိုး၊ မြို့ပေါ်စည်းရုံး တာဝန်ခံ များ၊ နတ်ကြီးကုန်း စည်းရုံးရေးတာဝန်ခံ ဦးငွေရှိန်းတို့ ဦးစီးပြီး နတ်ကြီး ကုန်း ရပ်ကွက် (၁၆) ကြိမ်မြောက် သံဃဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မှာ ကျောင်းရှိသံဃာတော် များ အပါး (၃၉၆) ပါးကို ပါဝင်လှူဒါန်းခဲကြ ကြောင်း သိရပါသည။်

နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းကျင်းပ

 

မိုးညှင်းခရိုင် ဖားကန့်မြို့နယ် USDP ပါတီမှကြီးမူး၍ ဟောင်ပါးကျေးရွာ အုပ်စု တာမခန်ကျေးရွာ မိမိပါတီပိုင် အဆောက်အဦးတွင် နိုင်ငံရေး စီမံခန့်ခွဲမှု ဆင့်ပွားသင်တန်းဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလ ၂ ရက် ကြာမြင့် မည်ဖြစ်ပြီး အဆိုပါသင်တန်းသို့ ခရိုင်မြို့နယ်မှ တာဝန်ရှိသူများနှင့်
သင်တန်းသူ / သင်တန်းသား ၁၅၀ ဦး တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မိုးညှင်းပြည်ခိုင်ဖြိုးပါတီ တရားစခန်းသို့ အလှူငွေ လှူဒါန်း

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးဖုန်းမြင့်၊ မြို့နယ်တွင်းရေးမှူး ဦးဌေးဝင်း (လူငယ် ရေးရာတာဝန်ခံ)၊ မြို့နယ်ကော်မတီဝင် ဦးမြဝင်း (ဟိုပင်တာဝန်ခံ)၊ ဒေသကော်မတီ ဦးစောအေးလွင် ဦးမင်းအောင်နှင့် ရပ်ကျေးကော်မတီဝင်များမှ မေလ (၁၇) ရက် နံနက် (၁၁) နာရီအချိန်က မိုးညှင်းမြို့နယ် ဟိုပင်ဒေသ အရှေ့ကျောင်းကြီးတိုက် လယ်တီတရာစခန်း (၁၂)ကြိမ်မြောက် တရားစခန်းသို့ သွားရောက်၍ အလှူငွေ ၅၀၀၀၀ ကျပ်ကို လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။