ဒီမိုကရေစီနှင့်ဆက်သွယ်ရေးဥပဒေ မိုးညှင်းမြို့တွင်ဆွေနွေး

မိုးညှင်းခရိုင်ပြည်ခိုင်ဖြိုးကကြီးမှူး၍ မီဒီယာနှင့်ပြည်သူ့ဆက်ဆံရေးဆွေးနွေးပွဲကို ဒီဇင်ဘာ(၄)ရက် နံနက်(၁၀) နာရီတွင် ခရိုင်ပါတီရုံးခန်းမ၌ပြုလုပ်ရာ ပါတီဗဟိုကော်မတီဝင်
ဦးကျော်စိုးလေးက အဖွင့်အမှာစကား ပြောကြားပြီး ကချင်ပြည်နယ် မီဒီယာနှင့်ပြည်သူ့ ဆက်ဆံရေးတာဝန်ခံ ဦးသန်းအောင်က ပါတီ၏ မီဒီယာရှေ့လုပ်ငန်းစဉ်များကို
ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပါတီဥပဒေအကြံပေး ဦးတင်လှိုင်က သတင်းမီဒီယာနှင့် ဆက်သွယ်ရေးဥပဒေ ကိုလည်းကောင်း၊ ဦးရွှေကြည်က သတင်းအခြေအမြစ်ခိုင်မာမှုနှင့် သတင်းရေးသားတင်ပြခြင်း ဆိုင်ရာကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် မိုးညှင်းခရိုင်ပါတီမီဒီယာနှင့် ပြည်သူ့ ဆက်ဆံရေးတာဝန်ခံ ဦးစိန်ဝင်းနှင့်အတူ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့် မီဒီယာတာဝန်ခံများက ပုံနှိပ်မီဒီယာနှင့် အွန်လိုင်းမီဒီယာ
ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြကာ မိုးညှင်းမီဒီယာတာဝန်ခံ ဦးဌေးဝင်း၏ ဒီမိုကရေစီနှင့် ဆက်သွယ်ရေးဥပဒေဆိုင်ရာ အားသာချက် အားနည်းချက်များကို စည်းရုံးရေး
နယ်မြေအလိုက် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


Leave a Reply