ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်းသို့ သွားရောက် အားပေးစကားပြော

 

ရန်ကုန် ဖေဖော်ဝါရီ ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် ယမန်နေ့ နံနက်ပိုင်းတွင် ဒဂုံ မြို့သစ် (မြောက်ပိုင်း) မြို့နယ် (၃၇) ရပ်ကွက် ပြည်ထောင်စုလမ်းမကြီး ပေါ်တွင်ရှိသော ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဖွင့်လှစ်သော ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းအမှတ်စဉ် (၁) သို့ သွားရောက်အားပေးစကား ပြောကြားကာ သင်တန်းသားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

အဆိုပါသင်တန်းကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ပါတီရုံး သင်တန်းခန်းမတွင် ဖွင့်လှစ်ရာ ပြည်ခိုင်ဖြိုး ပါတီဗဟိုကော်မတီ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်း၊ အရှေ့ပိုင်းခရိုင် ပါတီ အတွင်းရေးမှူး ဒေါ်ဇာခြည်လင်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးသန်းစိုးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်ပါတီ ကော်မတီဝင်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြောင်း သိရသည်။