ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ ဝါးခယ်မတွင်ကျင်းပ

 

ဝါးခယ်မ အောက်တိုဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး ဝါး ခယ်မမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအမျိုး သမီးညီလာခံအကြိုနှီးနှောဖလှယ် ပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီတွင် မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ကျင်းပရာ ရှေး ဦးစွာ နိုင်ငံတော်အလံအား အလေး ပြုခြင်း၊နိုင်ငံတော်သီချင်းသီဆိုခြင်း များဖြင့် ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက်ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးတင်ထွဋ်၊တိုင်းဒေသကြီး ပါတီဝင် ဦးပြုံးချို၊တိုင်းဒေသကြီး ပါတီဝင် ဒေါ်ခင်စောမူ၊ မြောင်းမြ ခရိုင်ပါတီဥက္ကဋ္ဌဦးအောင်မြင့်တို့က အသီးသီးအမှာစကားပြောကြား ခဲ့ပြီး မြို့နယ်ပါတီ ဗဟိုအမျိုးသမီး ရေးရာတာဝန်ခံမှအမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲ ကျင်းပမည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်း လင်းတင်ပြပေးခဲ့သည်။
ဆက်လက်ပြီး ပါတီအမျိုး သမီးရေးရာအဖွဲ့ဝင်များက အမျိုး သမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာစာတမ်းလေးစောင်ကို ဖတ် ကြားခြင်း၊တိုင်းဒေသကြီးပါတီဗဟို အမျိုးသမီးညီလာခံအကြိုနှီးနှော ဖလှယ်ပွဲသို့တက်ရောက်မည့်ကိုယ် စားလှယ် စာရင်းတင်ပြခြင်း၊ ဗဟို အမျိုးသမီးညီလာခံ၂ဝ၁၈သို့ တက် ရောက်မည့်ညီလာခံကိုယ်စားလှယ် အမည်စာရင်းကိုတင်ပြခြင်း၊ မှတ် တမ်းတင်ခြင်း၊အတည်ပြုခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်းတို့ ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။

အဆိုပါဗဟိုအမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲကို ဝါးခယ်မ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာ အုပ်စုပါတီအမျိုးသမီးရေးရာအဖွဲ့ ဝင်များ တက်ရောက်ခဲ့ကြသည်။

လွှမ်းသီဟ(ဝါးခယ်မ)