ဖြိုးစေတနာအခမဲ့ နယ်လှည့်အထွေထွေရောဂါဆေးကုသအဖွဲ့ ဓမ္မစာပန်းချီဘုန်းတော်ကြီးကျောင်းတွင် အခမဲ့ကုသမှုဆောင်ရွက်

 

ရန်ကုန် အောက်တိုဘာ ၁၅

ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့ နယ် အမှတ်(၁၅)ရပ်ကွက် ဓမ္မစာပန်းချီ ဘုန်းတော်ကြီးကျောင်းတွင် ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှဦးဆောင်၍ဖြိုးစေတနာ(အခမဲ့)နယ်လှည့် အထွေထွေရောဂါဆေးကုသရေးအဖွဲ့မှ နယ်လှည့်ဆေးကုသရေးအဖွဲ့ခေါင်းဆောင် မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဘဏ္ဍာ ရေးမှူးဦးကြည်စိုး ဦးဆောင်သော ခရိုင် ကော်မတီဝင်များ၊ ရွှေပြည်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးလင်းအောင်နှင့် မြို့နယ်ကော်မတီ ဝင်များ၊အမှတ်(၁၅)ရပ်ကွက်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ အထူးကုဆရာဝန်ကြီး များနှင့်ဆရာဝန်၊ သူနာပြု၊ ဆေးဝါးကျွမ်း ကျင်သူများပါဝင်သော ဆေးကုသရေး အဖွဲ့သည် ရွှေပြည်သာမြို့နယ် အမှတ် (၁၅)ရပ်ကွက် ဓမ္မစာပန်းချီဘုန်းတော်ကြီး ကျောင်းတွင် ကျေးရွာနေမိဘပြည်သူများ အား ယမန်နေ့နံနက် ၈ နာရီ ၄၅ မိနစ်မှ စတင်၍ အနောက်တိုင်းဆေးဝါးဖြင့် အခမဲ့ ဆေးဝါးကုသမှုပြုလုပ်ပေးခဲ့သည်။

အဆိုပါဆေးကုသမှုဆောင်ရွက်ရာ တွင် မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ဘဏ္ဍာရေးမှူးဦးကြည်စိုးနှင့် ကော်မတီ ဝင်များ၊ ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးလင်းအောင်နှင့် ကော်မတီ ဝင်များ၊ ရွှေပြည်သာမြို့နယ်အမှတ် (၁၅) ရပ်ကွက် ကော်မတီဝင်များက ဆေးကုသ မှုလာရောက်ခံယူနေသော မိဘပြည်သူများ အား နွေးထွေးစွာရင်းရင်းနှီးနှီးနှုတ်ဆက် ကာ အားပေးစကားပြောကြားခဲ့ပြီး ဆေး ဝါးလိုအပ်ချက်များအား ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ခြင်းနှင့် ဆေးကုသမှုလာရောက် ကြသူများအား ညနေ ၅ နာရီအထိ ကုသ ပေးမည်ဖြစ်ကြောင်း သိရသည်။

မြင့်သိန်း(လှိုင်သာယာ)