ကျုံပျော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ တာဝန်ပေးအပ်ခြင်း အခမ်းအနားကျင်းပ

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျုံပျော်မြို့နယ်၌ ယနေ့ နံနက် ၁ဝ နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ မြို့နယ်၊ ရပ်/ကျေးပုံမှန်အစည်းအဝေးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲ ကျင်းပခဲ့သည်။

အခမ်းအနားသို့ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ ခရိုင်ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး၊ ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ဥက္ကဋ္ဌများတက်ရောက်ခဲ့ကြပြီး အခမ်းအနားကို မွန်းလွဲ ၁ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သန်းနိုင်ဦး(ကျုံပျော်)