ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ စက်ရေတွင်း တူးဖော်လှုဒါန်း

 

ကျေးလက်နေပြည်သူများ သောက်သုံးရေအတွက် ခက်ခဲမှုမရှိစေရန် ရည်ရွယ် ၍ မတ်လ (၂၃) ရက်နေ့နံက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစောမော်ထွန်းဦးဆောင်သော တိုင်း၊ခရိုင်၊မြို့နယ်ကော်မတီဝင်များမှ ပဲခူးမြို့နယ် အထက်စည်တီးအနောက်ကျေးရွာ၌ စက်ရေတွင်းတူးဖော်ရန် အလှူငွေများ သွားရောက်လှူဒါန်းခဲ့သည်။

ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ကျေးရွာနေအလှူရှင်များနှင့် ပူးပေါင်း ပြီး အထက်စည်တီးအနောက်ကျေးရွာ၌ အနက်ပေ (၄၆၀) ရှိ (၄) လက်မ စက်ရေးတွင်းတစ်တွင်းအား ရေစက်အပါအဝင် ငွေကျပ် (၁၅) သိန်း အကုန်ကျခံ တူးဖော်လှူဒါန်းခြင်းဖြစ်သည်။

အဆိုပါ စက်ရေတွင်းတူးဖော်နိုင်ရန် ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ (၈)သိန်းကျပ်၊ အထက်စည်တီးအနောက်ကျေးရွာနေ ဦးဝင်းမောင်မိသားစုမှ (၇)သိန်းကျပ် စုစုပေါင်းငွေကျပ် (၁၅) သိန်းဖြင့် တူးဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#Credit