သာကေတပြည်ခိုင်ဖြိုးပါတီ နွေရာသီ လူငယ်ရေးရာလှုပ်ရှားမှုအဖြစ် ကွန်ပျူတာ သင်တန်းဖွင့်

 

သာကေတပြည်ခိုင်ဖြိုးပါတီ နွေရာသီလူငယ်ရေးရာလှုပ်ရှားမှုအဖြစ် ကွန်ပျူတာသင်တန်းဖွင့်
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နွေရာသီလူငယ်လှုပ်ရှားမှု အခြေခံ/ အဆင့်မြင့် ကွန်ပျူတာသင်တန်း အမှတ်စဉ်(၁/၂ဝ၁၇) ဖွင့်ပွဲအခမ်းအနားကို မတ်လ (၂၈) ရက် နံနက် ၇ နာရီခွဲက သာကေတမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံး၌ကျင်းပသည်။

တာမွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီပထမပြန်စာမေးပွဲစာဖြေသံဃာများအတွက် နဝကမ္မငွေကျပ် ၁ဝ သိန်းလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီးတာမွေ မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ဝင်းဆွေနှင့် မြို့နယ်ပါတီ ကော်မတီဝင်များစုပေါင်း၍ ယမန် နေ့မွန်းလွဲ ၂ နာရီက နိုင်ငံတော် အစိုးရမှကျင်းပမည့် ပါဠိပထမ ပြန်စာမေးပွဲတွင် ဝင်ရောက်ဖြေဆို တော်မူကြမည့် တာမွေမြို့နယ်မှ စာဖြေသံဃာတော်အပါး ၇၅ဝ ကျော်တို့အား ဆွမ်းကွမ်းဝေယျာဝစ္စ ကပ်လှူနိုင်ရန်အတွက် နဝကမ္မ အလှူငွေကျပ် ၁ဝ သိန်းကို မြို့နယ် သံဃနာယကအကျိုးတော်ဆောင် ဆရာတော် ဦးကောဝိနန္ဒထံ သွား ရောက် ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးလိှုင်သာယာမြို့နယ်တွင်ကွင်းဆင်းစည်းရုံး

 

လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲအောင်နိုင်ရေးအတွက် အမှတ်(၁၁)ရပ်ကွက်အတွင်း မတ် (၂၇) ရက် နံနက်ပိုင်းမှ စတင်ကာ ကွင်းဆင်းစည်းရုံးခဲ့သည်။

အဆိုပါမဲဆွယ်စည်းရုံးခြင်းကို ရန်ကုန်မြောက်ပိုင်းခရိုင် ပါတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်း ဦးတင်ယု၊ လှိုင်သာယာမြို့နယ် ပါတီခေတ္တဥက္ကဋ္ဌ ဦးဇေယျာအောင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ အမှတ်(၁၁) ရပ်ကွက်ပါတီဝင်များက မဲဆန္ဒရှင် ပြည်သူများထံ တစ်အိမ်တက်ဆင်း သွားရောက်ပြီး မိတ်ဆက်ဂါရဝ ပြုခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့်ဆန္ဒမဲပေးရန် နမူနာ ပုံစံတို့ကို လိုက်လံရှင်းလင်းပြသ ခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင်လက်ကမ်းစာစောင်များဖြန့်ဝေ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ်(ဆိပ် ကမ်း) မြို့နယ် ၂ဝ၁၇ ကြားဖြတ် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အမှတ် ၉၃/၉၈ရပ်ကွက်များသို့ ခရိုင်ကော်မတီဝင် ဦးသိန်းကျော် အောင်၊ ဦးဝဏ္ဏမျိုး၊ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်ဝင်း၊ မြို့နယ်အတွင်းရေးမှူးနှင့်ကော်မတီ ဝင်များ၊ ထိစပ်မြို့နယ် သာကေတ မှကော်မတီဝင်အင်အား ၂၆ဦး၊ ရပ်ကွက်ကော်မတီဝင်များ၊ အမာခံ များ စုစုပေါင်းအင်အား ၁ဝဝ ကျော်က ယမန်နေ့ နံနက် ၇ နာရီမှ စတင်၍တစ်အိမ်တက်ဆင်း လက် ကမ်းစာစောင်များ လိုက်လံဝေငှခဲ့ သည်။
ယူဒီနေ

လမ်းမတော်ပြည်ခိုင်ဖြိုး အာဟာရဒါနကျွေးမွေး ဆေးပစ္စည်းလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါ်သက်ထားလှိုင်နှင့်ပါတီကော်မတီများစုပေါင်း၍ ယခုလ ၂၄ ရက် နံနက် ၉ နာရီခွဲက လမ်းမတော်မြို့နယ်ဒေသန္တရကျန်းမာရေး ဆေးခန်းသို့လာရောက်ဆေးကုသကြသည့်လူနာများကို အာဟာရ ဒါနဆန်ပြုတ်နှင့် အီကြာကွေးတိုက်ကျွေးခဲ့ပြီး ဆီးချိုတိုင်းဆေးဘူး လှူဒါန်းခဲ့ကြောင်း သိရသည်။
မျိုးသန့်(လမ်းမတော်)


လမ်းမတော် ကျောက်တံတား မရမ်းကုန်း ပြည်ခိုင်ဖြိုးပါတီဝင်များ ပူးပေါင်းမဲဆွယ်

 

ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် စည်းရုံးရေးခွင်အမှတ် (၃)နှင့်(၄)အတွင်းပါဝင်သည့် ရပ်ကွက်များသို့ ယနေ့နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်အေး၊ ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ဘဏ္ဍာ ရေးမှူး ဦးမိုးဝင်းကျော်၊ လမ်းမတော်မြို့နယ် ပါတီဥက္ကဋ္ဌ ဒေါ်သက် ထားလှိုင်၊ လမ်းမတော်၊ ကျောက်တံတား၊ မရမ်းကုန်းမြို့နယ်များမှ ကော်မတီဝင်များနှင့် ရပ်စည်းအမှုဆောင်များပူးပေါင်း၍ မဲဆန္ဒရှင်များ နှင့်တွေ့ဆုံကာ လက်ကမ်းစာစောင်များဝေငှခြင်း ၊ စတေကာကပ်ခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လှိုင်မြို့နယ် အောင်နိုင်ရေးကော်မတီများ တွေ့ဆုံညှိနှိုင်း

 

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆) အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်အေးအတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြသော လှိုင်မြို့နယ်အောင်နိုင်ရေးကော်မတီများ၊ နယ်မြေတာဝန်ခံများ၊ လုပ်ငန်းအဖွဲ့ခေါင်းဆောင်များနှင့် လှိုင်မြို့နယ်ပါတီကော်မတီ ဥက္ကဋ္ဌ ဦးမင်းလွင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက မြို့နယ်ပါတီကော်မတီရုံးတွင် တွေ့ဆုံခဲ့သည်။

တွေ့ဆုံရာ၌ ယခုအချိန်အထိ ဆောင်ရွက်ခဲ့သည့်လုပ်ငန်း များ မဲပေးမည့်ရက်မတိုင်မီအချိန်ထိ ခွဲဝေတာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို တွေ့ဆုံညှိနှိုင်း၍ တာဝန်ခွဲဝေပေးအပ် ခဲ့ကြောင်း သိရသည်။