ရွှေဆံတော်စေတီ အရှေ့ဘက်မုခ်ဦး ရေစက်ချပွဲ တွံတေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့်အဖွဲ့တက်ရောက်

 

ရန်ကုန်တိုင်းဒေသကြီး တောင် ပိုင်းခရိုင် တွံတေးမြို့ရှိ သမိုင်းဝင် ရွှေဆံတော်စေတီမြတ်၏ အရှေ့ ဘက်မုခ်ဦးရေစက်ချပွဲသို့ တွံတေး မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဒေါက်တာ သိန်းဇော်မြင့်၊ အတွင်းရေးမှူး ဦးတင်ဝင်းထွန်း၊မြို့နယ်ကော်မတီဝင် ဦးမြသောင်း၊ ဦးမင်းနိုင်ဦး၊ ဦးကျော်မျိုးနိုင်၊ ဦးမျိုးမင်းအောင်၊ ဒေါ်ညွန့်ညွန့်သန်း၊ ဒေါ်ယုဇနဝင်း၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီများ အဖွဲ့ တက်ရောက်ခဲ့သည်။
အဆိုပါ အရှေ့ဘက်မုခ်ဦးကို ဦးသိန်းဝင်းဇော်နှင့်ဇနီး သုဓမ္မသိင်္ဂီ ဒေါ်တင်လတ်မင်း (ရွှေဗျိုင်းဖြူ ကုမ္ပဏီလီမိတက်)၊ သားမောင်ဝင်း ခိုင်ကျော်၊ သမီးမထိန်ဝင်းထက် မိသားစုမှ လှူဒါန်းပြီး ယနေ့နံနက် ၉ နာရီတွင် ရွှေဆံတော်စေတီ ရင်ပြင်ပေါ်ရှိ ချစ်တီးတန်ဆောင်း တွင် အလှူတော်မင်္ဂလာအတွက် ရေစက်ချခဲ့ရာ ညောင်တံခါးဆရာ တော်ထံမှငါးပါးသီလခံယူ၍သြဝါဒ များ ခံယူကာအနုမောဒနာတရား များ နာကြားခဲ့သည်။
ထိုရေစက်ချပွဲသို့ ဦးစိုးသာ (ပြည်ထောင်စုဝန်ကြီး-ငြိမ်း၊ ရွှေဆံ တော်စေတီတော်နာယက) ဇနီး ဒေါ်ကြူကြူဝင်း၊ ရွှေဆံတော်စေတီ တော် ဂေါပကဥက္ကဋ္ဌဦးသိန်းထွန်း၊ တွံတေးမြို့မိမြို့ဖများ၊တွံတေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမိုးခိုင်ထွန်းနှင့် အုပ်ချူပ်ရေးအဖွဲ့များ၊ ဖိတ်ကြား ထားသောလူမှုရေးအဖွဲ့အစည်းများ၊ ဝတ်အသင်းများ စုစုပေါင်း ၁၅ဝ ခန့်တက်ရောက်ခဲ့ပြီး နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ပြီးဆုံးခဲ့ ကြောင်း သိရသည်။

မြတ်ဟိန်းကျော်(ကော့မှူး)