လှိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်ပါတီခေါင်းဆောင်များနှင့်တွေ့ဆုံ

 

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီရုံးခန်းမ၌ ယခုလ ၂၇ ရက်မွန်းလွဲ ၁ နာရီခွဲတွင် ရပ်ကွက်ပါတီခေါင်းဆောင်များနှင့်တွေ့ဆုံစည်းဝေး ခဲ့သည်။
အစည်းအဝေးတွင် လှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌဦးမင်းလွင်က ပါတီဝင်ဦးရေမှန်ကန်တိကျ သောစာရင်းရရှိရန်နှင့် ပါတီဝင်အင်အားတိုးရရှိအောင် စိစစ်ခြင်း လုပ်ငန်းများဆောင်ရွက်ရန်၊ ပါတီဝင်နှစ်စဉ်ကြေးများကောက်ခံ ပေးကြရန်ပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာသူ ရပ်ကွက်ပါတီခေါင်းဆောင်များက မရှင်းလင်းသော အချက်များ၊ လုပ်ငန်းအခက်ခဲများကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့သည်။
ထိုအစည်းဝေးသို့ မြို့နယ်ကော်မတီများ၊ ရပ်ကွက်ပါတီ ခေါင်း ဆောင်များ စုပေါင်းအင်အား ၅ဝ တက်ရောက်ပြီး မွန်းလွဲ ၃ နာရီတွင် ပြီးဆုံးကြောင်း သိရသည်။

သင်္ဃန်းကျွန်းပြည်ခိုင်ဖြိုးငယ်စာရင်းစစ်တမ်းကောက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမြို့နယ်ဥက္ကဋ္ဌဦးအောင်မြတ်ဇော်၊ မြို့နယ်ကော်မတီဝင် ဦးကိုကိုနိုင်(နယ်မြေတာဝန်ခံ)တို့သည် ယမန်နေ့ မွန်းလွဲ ၃နာရီတွင်(သု/၂၉)ရပ်ကွက်သို့ ပါတီဝင် ငယ်စာရင်းစစ်တမ်းကောက်ခြင်း၊ မျိုးဆက်သစ်လူငယ်စုဆောင်း ရရှိရန်နှင့်နှစ်စဉ်ကြေးများကောက်ခံရရှိ ရေးအတွက် ရပ်ကွက်ပါတီကော်မတီဝင်များနှင့်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Union daily


သာကေတပြည်ခိုင်ဖြိုးပါတီနှစ်စဉ်ကြေးကောက်ခံ ပါတီဝင်သစ်များစည်းရုံး

 

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ကော်မတီဝင် ဦးသောင်းမြတ်၊ ဒေါ်နိုင်နိုင်ဝင်း၊ ဦးဝင်းခိုင်ရွှေ၊ ဦးထွန်းဦးတို့သည် ရပ်ကွက်အမှုဆောင်များနှင့်အတူ (၁ဝ)တောင်ရပ်ကွက်သို့ သွားရောက်၍ ပါတီနှစ်စဉ်ကြေးကောက်ခံခြင်းနှင့် ပါတီဝင်အင်အားစိစစ်ခြင်း ပါတီဝင်အသစ် စည်းရုံးခြင်းလုပ်ငန်းများကို ဧပြီ ၂၉ရက် နံနက်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

TKA(သာကေတ)


တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဝင်အင်အား စိစစ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် ယမန်နေ့ နံနက် ၉ နာရီခွဲမှစတင်ကာ ကံကုန်း၊ ရှမ်းစု၊ ပျဉ်းမကုန်း၊ ကြီးပင်လဟာ၊ အိုင်ကြီး၊ ရင်းတိုက်လေးပင်၊ ဂေါ့၊ ဘိန္ဓော၊ ဥက္ကံရွာမ ကျေးရွာအုပ်စုများသို့သွားရောက်ကာ ပါတီဝင်အင်အားစိစစ်ခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက် ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပါတီဝင်အင်အားစိစစ်ခြင်းနှင့်အတူ ပါတီဝင်နှစ်စဉ်ကြေးကောက် ခံခြင်း၊ ပါတီဝင်အင်အားစုဆောင်းခြင်းလုပ်ငန်းများကိုပါ တစ်ပါတည်းဆောင်ရွက်ကြပါသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင် မြင့် ဦးဆောင်ပါဝင်၍ မြို့နယ်ပါတီ ကော်မတီဝင် ဦးကျော်မင်း၊ ဦးကြည်ဝင်း(ဘဏ္ဍာရေးမှူး)၊ ဦးသိန်းဌေး၊ နယ်မြေဒေသတာဝန်ခံဦးခင်အောင်လွင်၊ ဦးသန်းနိုင်ဦးနှင့် ကော်မတီဝင်များ၊ ကျေးရွာ အုပ်စု ပါတီခေါင်းဆောင်များ၊ ပါတီဝင်များတို့က အတူဝန်းရံလိုက်ပါ ဆောင်ရွက်ကြကြောင်း သိရသည်။

လှိုင်သာယာမြို့နယ်ပြည်ခိုင်ဖြိုးပါတီလပတ်ပုံမှန်အစည်းအဝေးကျင်းပ

 

လှိုင်သာယာမြို့နယ်ပါတီကော် မတီအဖွဲ့နှင့် ရပ်ကွက်ကျေးရွာပါ တီကော်မတီဝင်များ လပတ်ပုံမှန် အစည်းအဝေးကို ဧပြီ (၃၀) ရက့် မွန်းလွဲ ၁နာရီမှစ၍ မြို့နယ်ပါတီရုံးခန်းမ တွင် ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ရန်ကုန်မြောက်ပိုင်းခရိုင်ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင်မြို့နယ်တာဝန်ခံ ဦးမင်းမင်းက တက်ရောက်အမှာ စကားပြောကြားပြီး လှိုင်သာယာ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ(ယာယီ) ဥက္ကဋ္ဌဦးဇေယျာအောင်နှင့် ကော် မတီဝင်များမှ ပါတီ၏ ရှေ့ဆောင် ရွက်ရမည့်လုပ်ငန်းများကိုဆွေးနွေး ကြပြီးတက်ရောက်လာသည့် ရပ် ကွက်ကျေး ရွာများမှ ပါတီဝင်များ မှ ပြန်လည်တင်ပြဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ နွေရာသီ အခြေခံအင်္ဂလိပ်စကားပြော ပညာဒါနအခမဲ့သင်တန်းဖွင့်လှစ်

 

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဌေးအောင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ အနီးကပ်ကြီးကြပ်မှုဖြင့် နွေရာသီအင်္ဂလိပ်စကားပြောပညာဒါနအခမဲ့ သင်တန်းကို မြို့နယ်ပါတီရုံးတွင် ဧပြီ ၂၅ရက်မှ မေ ၂၆ရက်အထိ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ရာ သင်တန်းသား ၅ဝ ခန့်တက် ရောက်လျက်ရှိကြောင်း သိရသည်။

အောင်သန်းဦး(စမ်းချောင်း)


ဒဂုံမြို့သစ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ၀ူရှူးအားကစားသင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ပြည်ထောင်ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်မှ ကြီးမှူး၍ ဝူရှူးအားကစားသင်တန်းဖွင့်ပွဲကို ဧပြီ (၂၅) ရက် နံနက် (၈) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

 

(more…)


ကျောက်တံတားမြို့နယ် ပြည်ခိုင်ဖြိုးပါတီအင်အားစိစစ် နှစ်စဉ်ကြေးကောက် ပါတီဝင်သစ်များစည်းရုံး

 

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မှ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမျိုးသိန်း၊ မြို့နယ်ကော်မတီဝင် (နယ်မြေ- ၁ တာဝန်ခံ)ဒေါ်အေးအေး၊ (နယ်မြေ-၂ တာဝန်ခံ) ဦးစည်သူအောင် နှင့် မြို့နယ်အရန်ကော်မတီဝင်များ၊ ရပ်/စည်းအမှုဆောင်များနှင့်အတူ ယမန်နေ့က ရပ်ကွက်(ဆိပ်ကမ်းသာ)လမ်းအတွင်း ပါတီဝင်အင်အား စိစစ်ခြင်း၊ ပါတီနှစ်စဉ်ကြေးကောက်ခံခြင်း၊ ပါတီဝင်အသစ်များ စည်းရုံးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပါတီဝင်အင်အားစိစစ် နှစ်စဉ်ကြေးကောက်ခံ

 

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမြို့နယ် ပါတီဥက္ကဋ္ဌ ဦးဌေးအောင်နှင့် မြို့နယ်ပါတီကော်မတီဝင် (နယ်မြေ တာဝန်ခံ)ဦးအောင်သန်းဦး၊ မြို့နယ်ကော်မတီဝင် ဦးအောင်အောင်၊ ဒေါ်စိမ်းမို့မို့၊ မြို့နယ်အရန်ကော်မတီဝင် ဦးမြတ်မင်းအောင်၊ ဦးမြင့်ဆန်းဦး၊ မြတ်လွင်တို့သည် ယနေ့တွင် မုန့်မြောက်ရပ်ကွက်သို့ကွင်းဆင်း၍ ပါတီဝင် အင်အားစိစစ်ခြင်း၊ ပါတီနှစ်စဉ်ကြေးကောက်ခံခြင်း၊ ပါတီဝင်သစ်များ စည်းရုံးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်သန်းဦး(စမ်းချောင်း)

အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီသို့ ပါတီနှစ်စဉ်ကြေးပေးအပ်

 

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီသို့ မြို့နယ် ၁၃ မြို့နယ်မှ ပါတီဥက္ကဋ္ဌများက ပါတီနှစ်စဉ်ကြေးကျပ် ၉၄၈ဝဝဝ ကို ယမန်နေ့က ခရိုင်ပါတီရုံးသို့ လာရောက်ပေးအပ် ကြရာ ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးနေဝင်း၊ အတွင်းရေးမှူး ဦးမြင့်ဆောင်၊ စည်းရုံးရေးရာတာဝန်ခံ ဒေါ်အိအိ လှိုင်နှင့် ခရိုင်ကော်မတီဝင် ဒေါ်စန်းစန်းဝင်းတို့က လက်ခံရယူခဲ့ ကြကြောင်း သိရပြီး ပါတီဝင် စိစစ်ပြီး အင်အား ၅၈၁၈ ဦးနှင့် ပါတီဝင်အသစ်အင်အား ၃၃၅ ဦး ထပ်မံစည်းရုံးနိုင်ခဲ့ကြောင်း သိရသည်။