မဘိမ်း ဇန်နဝါရီ ၁၅
မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ အမျိုးသမီးရေးရာကော်မတီ မှကြီးမှူးကျင်းပသော ပန်းကန် ဆေး အဝတ်လျှော် ဆပ်ပြာရည် ပြုလုပ်နည်းသင်တန်းကို ယမန်နေ့ တွင် လဝါကျေးရွာနေ ဦးထွန်းခိုင် ၏နေအိမ်၌ ကျင်းပခဲ့သည်။
မဘိမ်း ဇန်နဝါရီ ၁၅
မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ အမျိုးသမီးရေးရာကော်မတီ မှကြီးမှူးကျင်းပသော ပန်းကန် ဆေး အဝတ်လျှော် ဆပ်ပြာရည် ပြုလုပ်နည်းသင်တန်းကို ယမန်နေ့ တွင် လဝါကျေးရွာနေ ဦးထွန်းခိုင် ၏နေအိမ်၌ ကျင်းပခဲ့သည်။
ကျိုင်းတုံ ဇန်နဝါရီ ၁၅
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာဝန်ခံ ဦးစိုးနိုင်နှင့် ရှမ်းပြည်နယ် (အရှေ့ ပိုင်း)ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ရှမ်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်း လုံးဆိုင်သည် ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်နယ် ပါတီကော်မတီဝင်၊ ကျိုင်းတုံခရိုင် ပါတီကော်မတီဝင်များ၊ ကျိုင်းတုံ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု(၃၆)အုပ် စုမှ ရပ်ကွက်/ကျေးရွာအုပ်စုပါတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား တွေ့ဆုံ ပြီး ပါတီ၏မူဝါဒ၊ ရှေ့လုပ်ငန်းစဉ် များ၊ ပါတီအောင်နိုင်ရေး၊ နိုင်ငံရေး အခြေအနေနှင့် နိုင်ငံတကာနိုင်ငံရေး အခြေအနေများကို ရှင်းလင်းပြော ကြားပြီးတက်ရောက်လာသည့် ရပ် ကွက်/ကျေးရွာအုပ်စုပါတီ ဥက္ကဋ္ဌ များ၊ပါတီဝင်များနှင့် တွေ့ဆုံဆွေး နွေးခဲ့သည်။ဆွေးနွေးပွဲသို့ပါတီဝင် အင်အား ၁ဝဝ ကျော်တက်ရောက် ခဲ့ကြောင်း သိရသည်။
မိုင်းရယ် ဇန်နဝါရီ ၁၅
မိုင်းရယ်မြို့နယ် ဟိုယကျေးရွာ အထက (ခွဲ)၏ ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ က အဆိုပါကျောင်းဝင်းအတွင်း၌ ကျင်းပ ရာ မိုင်းရယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တက်ရောက်၍ ကျောင်းအတွက် မိတ္တူ ကူးစက်တစ်လုံး လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
နန်းယိင်း
မိုင်းယောင်း ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစိုင်းအောင်ခမ်းနှင့်ပါတီဝင်များသည် ယမန်နေ့က အမှတ်(၈)ရပ်ကွက် သင်္ချိုင်း အဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့်မီးသဂြုင်္ိဟ်အုတ်ခုံအသစ်တည်ဆောက်ခြင်းလုပ်ငန်း၌ ပါဝင် လုပ်အားပေးခဲ့ကြောင်း သိရသည်။
သားငယ်(မိုင်းယောင်း)
ဇန်နဝါရီ ၁၄
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ရှမ်းပြည်နယ်အရှေ့ပိုင်း ပါတီတာာဝန်ခံ ပါတီလုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌဦးစိုးနိုင်သည် ယမန်နေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ်အရှေ့ပိုင်းပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစိုင်းလုံးဆိုင်နှင့် ပြည်နယ်ကော်မတီ ဝင်များ၊ အရန်ပြည်နယ်ကော်မတီဝင်များနှင့်တွေ့ဆုံပြီး ခဲ့သည်။
ဆက်လက်ပြီး ပါတီ၏မူဝါဒများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားပြီး တက်ရောက်လာသည့်ကော်မတီဝင်များနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မိုးမိတ်၊ ဇန်န၀ါရီ (၇)ရက်
ယမန်နေ့ (7-1-2019 ) ရက်နေ့တွင် ရှမ်း/မြောက် မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ နှစ်ပတ်လည် အစည်းအဝေး၊ဗဟိုအမျိုးသမီးညီလာခံ အတွေ့အကြုံရှင်းလင်းပွဲနှင့် စည်းရုံးရေး ထူးချွန်ဆုပေးပွဲ အခမ်းအနားကို မြို့နယ်ပါတီရုံး၌ မနက် (၉)နာရီမှ နေ့လည်(၁)နာရီအထိ ကျင်းပခဲ့ပါသည်။
(၈-၁-၂၀၁၉) ရက်နေ့ နံနက်(၁၀) နာရီအချိန်တွင် တာချီလိတ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်း ဦးဆောင်၍ ခရိုင်ပါတီဥက္ကဌ ဦးဘိုစံ၊ အတွင်ရေးမှူး ဦဟန်ဦး နှင့်ကော်မတီဝင်များ၊မြို့နယ်ပါတီအတွင်းရေးမှူး ဦးအောင်ဝင်းနှင့်ကော်မတီဝင်များ၊ ရပ်ကွက်ပါတီဥက္ကဌများသည် ပါတီ၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ရေးဆွဲခြင်း ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရှိရပါသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ
ဇန်နဝါရီ ၇
ကလောမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီအခမဲ့စက်ချုပ်သင်တန်း ဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီက ကလော မြို့နယ် ပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။
ယင်းသင်တန်းကို ကလောမြို့နယ် ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၄၈)အုပ်စုများ မှ သင်တန်းသူ ၅ဝ အား ၂ဝ၁၈ ခုနှစ် စက်တင်ဘာ ၃ဝ ရက်မှ ယခုလ ၅ ရက် အထိ သုံးလကြာ သင်တန်းပေးသင်ကြား ခဲ့ခြင်းဖြစ်သည်။
အိမ်မဲ ဇန်နဝါရီ ၆
အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာအုပ်စု တောင်စုကျေးရွာတွင် ပြည် ထောင်စုအဆင့် ပထမအကြိမ်ကျင်းပသော ကရင်နှစ်သစ်ကူးပွဲတော်နှင့် ကရင်ရိုးရာ ကောက်သစ်စားပွဲတော်ကို ယမန်နေ့နံနက် ၅ နာရီခွဲတွင် ကျင်းပခဲ့သည်။
၂၇-၁၂-၂၀၁၈ရက်နေ့၊ နံနက် (၁၀) နာရီတွင် ၂၀၁၈/၂၀၁၉ ဘဏ္ဏာရေးနှစ်အတွက်ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေကျပ် သိန်း (၁၀၀၀) ပေးအပ်ပွဲအခမ်းအနားကို မိုင်းဖြတ်မြို့နယ်၊မြို့နယ်ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ မိုင်းဖြတ်မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော နိုင်ငံရေးပါတီအသီးသီးမှ တာဝန်ရှိသူများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ဥက္ကဌများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်၊ ဦးအားကို တို့ တက်ရောက်အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။