ရှမ်းမြောက်ပြည်ခိုင်ဖြိုးပါတီမှ ရွှေမောင်းသီလရှင်စာသင်တိုက်၌ ကျင်းပသော (၂၀) ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် ဆုနှင်းသဘင် အခမ်းအနား ကျင်းပ

 

တန့်ယန်း.ဇူလိုင် ၁၄.၂၀၁၉

ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့ ရွှေမောင်းသီလရှင် စာသင်တိုက်၌ ကျင်းပသော (၂၀) ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် ဆုနှင်းသဘင် အခမ်းအနားကို (၁၄.၇.၂၀၁၉) ရက်နေ့တွင် ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်လူငယ်တာဝန်ခံ ဒေါ်နန်းဆိုင်လောင်၊ မြို့နယ်အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်နန်းခမ်းခေါင်နှင့် ကော်မတီဝင်များ တက်ရောက်သည်။

ရှမ်းမြောက်ပြည်ခိုင်ဖြိုးပါတီမှ ပါတီဆိုင်းဘုတ်တင်၊ ရေနွေးကြမ်း စကားဝိုင်းနှင့် သုံးဆပ်ပြာရည်ချက်နည်း သင်တန်းပေး

 

ယ​မန်နေ့ ရှမ်း​မြောက်​ မိုးမိတ်​မြို့နယ်​ ပါတီဥက္ကဌ ​ဒေါ်နန်းခင်​မြင့်​င့်ဌေး ၊ အတွင်း​ရေးမှူး ဦး​မောင်​ငယ်​နှင့် မြို့နယ်​ EC များ ၊ အမျိုးသမီး ရေးရာ ဒုတာဝန်​ခံ ​ဒေါ်နှင်းဆီနှင့် လူငယ်​​ရေးရာ အတွင်း​ရေးမှူး ကိုစိုင်းကျော်​ထွန်းနိုင်​တို့ အဖွဲ့ဝင်​များသည်​ မိုး​ဟောက်​​ကျေးရွာ အုပ်​စု​ဘော်​​ဒေ ​ကျေးရွာပါတီဝင်​ ကိုမြင့်ကျော်​စိုး ​နေအိမ်​တွင်​ ပါတီဆိုင်း ဘုတ်​တင်ခြင်း ၊ ဦးဆန်​ပ ​နေအိမ်တွင်​ ​ကျေးရွာလူထုနှင့် တွေ့ဆုံ​၍ ​ရေ​နွေးကြမ်း စကားဝိုင်းနှင့် အိမ်​သုံးဆပ်​ပြာရည်​ ချက်​သင်​တန်းအား (၂၈) ရွာ​မြောက်​ လက်​​တွေ့ ချက်​လုပ်​ ပြသခဲ့သည်။ ဆက်လက်ပြီး တက်​​ရောက်​လာ​သော ​ကျေးရွာလုထု (၃၀) ဦးတို့အား ဆပ်​ပြာရည်​များ ​ဝေဌခဲ့ကြ​ကြောင်း သိရှိရပါသည်​။USDP Shan – North

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ဒုတိယ (၃) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

၂၀၁၉ ဇူလိုင် ၄ ရက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ဒုတိယ (၃) လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၉း၃၀) အချိန် ပြည်နယ်ပြည်ခိုင်ဖြိုးရုံး၌ ကျင်းပပြုလုပ် ပါသည်။ အစည်းအဝေးတွင် ရှမ်းပြည်နယ်ဒုတိယဥက္ကဌ ဦးအောင်သူက အဖွင့်အမှာစကား ပြောကြားပြီး၊ ပြည်နယ်အတွင်းရေးမှူး ဒေါက်တာလဆိုင်းက အစည်းအဝေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ပါသည်။

အထူးဒေသ (၄) ၏ ဖိတ်ကြားချက်အရ နှစ် (၃၀) ပြည့် အခမ်းအနားသို့ ယခင် UPWC အဖွဲ့ဝင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ တက်ရောက်အားပေး

 

ကျိုင်းတုံ၊ ဇွန် ၃၀

ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ  (၄) ၏ ဖိတ်ကြားချက်အရ ပြည်ထောင်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အဖွဲ့သည် ယမန်နေ့ နံနက် ၆ နာရီက အထူးဒေသ (၄) မိုင်းလားမြို့ ငြိမ်းချမ်းရေး ရင်ပြင်၌ ကျင်းပသည့် အထူးဒေသ (၄) နှစ် (၃၀) ပြည့် အထိမ်းအမှတ်ပွဲတော်သို့ တက်ရောက် အားပေးခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဒေသခံတိုင်းရင်းသားများ တွေ့ဆုံပွဲ အခမ်းအနား ကျင်းပ

 

လားရှိုး၊ ဇွန် ၂၇

လားရှိုးမြို့၊ ရပ်​ကွက်​ (၁၂) ရှိ မိုးလုံ​လေလုံ အားကစားရုံတွင်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေး ပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးနှင့်​ ​ဒေသခံတိုင်းရင်းသားများ​ တွေ့ဆုံပွဲ အခမ်းအနားကို ယ​နေ့ နံနက်​ (၉) နာရီက ကျင်းပခဲ့သည်​။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်ခရိုင် အတွင်းရှိ ဒေသခံ တိုင်းရင်းသာများနှင့် တွေ့ဆုံ

 

လောက်ကိုင်၊ ဇွန် ၂၆

ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ရောက်ရှိနေသော ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေး ပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးသည် ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီက ​လောက်​ကိုင်​မြို့ရှိ ​ကိုးကန့်​ယဉ်​​ကျေးမှု ခန်းမတွင်​ လောက်ကိုင်ခရိုင် အတွင်းရှိ ဒေသခံတိုင်းရင်းသားများ တွေ့ဆုံခဲ့သည်​။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်ခရိုင် အတွင်းရှိ ခရိုင်နှင့်မြို့နယ်များမှ ပါတီတာဝန်ရှိသူများအား တွေ့ဆုံ

 

လောက်ကိုင်၊ ဇွန် ၂၇

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေး ပါတီဥက္ကဋ္ဌ ဦးသန်း ​ဌေးသည်​ ဇွန်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီက ​ကိုးကန့် ကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသ၊ လောက်​ကိုင်​ခရိုင်​ ပြည်​ခိုင်​ဖြိုးပါတီရုံး ခန်းမတွင်​ ခရိုင်​အတွင်းရှိ ခရိုင်​နှင့်​မြို့နယ်​များမှ ပါတီတာဝန်​ရှိသူများအား ​တွေ့ဆုံ၍ အမှာစကား​ ပြောကြားခဲ့သည်​။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကွမ်းလုံခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်များမှ ပါတီတာဝန် ရှိသူများအား တွေ့ဆုံ

 

ကွမ်းလုံ၊ ဇွန် ၂၅ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံခရိုင်၊ ကွမ်းလုံမြို့ရှိ ဦးဟော်ရှောက်ချန်း နေအိမ်တွင် ယမန်နေ့ နံနက် ၁၀ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ကွမ်းလုံခရိုင် အတွင်းရှိ ကွမ်းလုံခရိုင်၊ ကွမ်းလုံမြို့နယ်နှင့် ဟိုပန်မြို့နယ်တို့မှ ပါတီတာဝန် ရှိသူများအား တွေ့ဆုံပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

သီရိမင်္ဂလာမန်ဆူရှမ်း ကျောင်းတိုက်ဆရာတော်အား ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ သွားရောက် ဖူးမျှော်

 

လားရှိုး၊ ဇွန် ၂၅

ရှမ်းပြည်​နယ်​​မြောက်​ပိုင်း၊ လားရှိုးမြို့သို့ ​ရောက်​ရှိ​နေ​သော ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေး ပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးနှင့်​ အဖွဲ့သည်​ ယ​မန်​နေ့ မွန်းလွဲ ၄ နာရီက သီရိမင်္ဂလာမန်​ဆူရှမ်း ကျောင်းတိုက်​ဆရာ​တော်​ဘဒ္ဒန္တပုညနန္ဒအား ဖူး​မျှော်​ကန်​​တော့၍ အလှူ​ငွေနှင့်​ လှူဖွယ်​ပစ္စည်းများ ​ပေးအပ်​လှူဒါန်း ခဲ့သည်​။ ပေးအပ်​လှူဒါန်း ရာသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးနှင့်​အတူ ပါတီအ​ထွေ​ထွေအတွင်း​ရေးမှူး ဦးသက်​နိုင်​ဝင်း၊ ပါတီဗဟိုအလုပ်​အမှု​ဆောင်များ ဖြစ်​ကြ​သော ဦးဝဏ္ဏ​မောင်​လွင်​နှင့်​ ရှမ်းပြည်​နယ်​ပြည်​ခိုင်​ဖြိုး ပါတီဥက္ကဋ္ဌ ဦးစိုင်းသန်းဝင်း၊ ပါတီဗဟိုအတိုင်​ပင်​ခံ၊ ရှမ်းပြည်​နယ်​​မြောက်​ပိုင်း နယ်​​မြေတာဝန်​ခံ ဦးအောင်​သန်းထွဋ်​၊ ရှမ်းပြည် နယ်​ ပြည်​ခိုင်​ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦး​အောင်​သူ၊ ရှမ်းပြည်​နယ်​​မြောက်​ပိုင်း ပါတီအတွင်း​ရေးမှူး​ ဒေါက်​တာလဆိုင်း၊ လွှတ်​​တော်​ကိုယ်​စားလှယ်​များ၊ ပြည်​နယ်​ပါတီ​ကော်​မတီဝင်​များနှင့်​ ပါတီတာဝန်​ရှိသူများ လိုက်​ပါခဲ့​ကြောင်း သိရသည်​။