သီပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီက အခြေခံလူတန်းစားများအတွက် လှူဒါန်း

 

သီပေါ စက်တင်ဘာ ၂၇

ရှမ်း/မြောက် ကျောက်မဲခရိုင် သီပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီက Covid-19 ကာလအတွင်း အခြေခံ လူတန်းစားများအား ထောက်ပံ့နိုင်ရေး အစီအစဉ်တစ်ရပ် အနေဖြင့် ယနေ့ နံနက်ပိုင်းက လောဝ်ခွန် ကျေးရွာ အုပ်စုမှ အိမ်ထောင်စု ၇ဝ အတွက် ဆန်၊ ဆီ၊ ဆားနှင့်အချိုမှုန့် များအား သွားရောက်လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။