နောင်ချိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းများ ပြည်သူများနှင် တွေ့ဆုံ

 

နောင်ချို အောက်တိုဘာ

နောင်ချိုမြို့နယ် ဆီဆုံကျေးရွာအုပ်စု ပလောင်ချောင်းရွာ ခေါ်ရခါးကုန်းရှိ ပြည်ခိုင်ဖြိုးပါတီဝင် ဦးဆာဂနေအိမ်တွင် ယမန်နေ့ နံနက် ၁ဝ နာရီခွဲက ရပ်ရွာအင်အား ၃ဝ ဦး ခန့်အား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင် မောင်ချို၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း နောင်ချို- (၂)၊ ဦးတင်အောင်ဝင်း၊ ဦးသန်းထွန်းလေး၊ ဦးညွန့်ဝင်းနှင့် ဒေါ်ခိုင်သန္တာထွေး အဖွဲ့တို့သည် ပြည်သူများနှင့် ကွင်းဆင်း၍ တွေ့ဆုံကြသည်။