မင်းတုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံအကြိုနှီး​နှောဖလှယ်​ပွဲ ကျင်းပပြုလုပ်

 

မင်းတုန်း၊ ​အောက်​တိုဘာ၊ ၁၂

ပွင့်ဖြူမြို့နယ် အမျိုးသမီးရေးရာ နှီးနှောဖလှယ်ပွဲကျင်းပ

 

ပွင့်ဖြူ၊ အာက်တိုဘာ ၁၂

ပါတီဌာနချုပ်တွင် ကျင်းပပြုလုပ်မည့် ဗဟိုအမျိုးသမီးရေးရာ ညီလာခံ အကြို၊ အမျိုးသမီးရေးရာ နှီးနှောဖလှယ်ပွဲကို မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ မင်းဘူးခရိုင်ကော်မတီဝင် ဦးစန်းယုနိုင်၊ မြို့နယ်ပါတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များက တက်ရောက်အားပေးခဲ့ကြသည်။
တက်ရောက်လာသူ ပါတီဝင် အမျိုးသမီးလူငယ်များ တက်ရောက်ခဲ့ကြပြီး၊ အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေါင်းစဉ်အလိုက် အစုအဖွဲ့များခွဲပြီး တက်ကြွပျော်ရွှင်စွာ ဆွေးနွေး ခဲ့ကြပါသည်။

ဗဟိုအမျိုးသမီးညီလာခံအား ဂုဏ်​ပြူကြိုဆို​သောအားဖြင့် ​တောင်​တွင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုး​ပါတီမှ သန့်​ရှင်း​ရေးလုပ်​အားဒါန ကုသိုလ်​ပြု​ဆောင်​ရွက်

 

တောင်​တွင်းကြီး၊ ​အောက်​တိုဘာ ၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံ (၂၀၁၈) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်တွင်းကြီးမြို့နယ်
ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးကြည်သိန်း ဦးဆောင်၍ ကော်မတီဝင်များ၊ အမျိုးသမီး​ရေးရာနှင့် လူငယ်ရေးရာအဖွဲ့ဝင်များ စုစု​ပေါင်း အင်​အား ၅၀ ဦးဖြင့် ​ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာ ရွှေအင်းတောင်​စေတီတော်တွင် ဒုတိယအကြိမ် သန့်ရှင်းရေးလုပ်အားဒါန ဆောင်ရွက်ခြင်းအား ယနေ့နံနက် ၉ နာရီခွဲမှ ၁၁ နာရီအထိ ကုသိုလ်​ပြု ဆောင်ရွက်ကြ​ကြောင်း သိရသည်​။

ပြည်ခိုင်ဖြိုးပါတီ ပေါက်မြို့နယ် ခင်ရှည်မြောက်ကျေးရွာ၌ ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲ ကျင်းပပြုလုပ်


ပေါက်​၊ ​အောက်​တိုဘာ၊ ၈

မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်များနှင့်တွေ့ဆုံ လမ်းပြုပြင်ရေးအတွက် ဘိလပ်မြေအိတ်များထောက်ပံ့

 

မကွေး အောက်တိုဘာ ၇

မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်သိန်းကျော်၊အတွင်း ရေးမှူး ဦးတင်မျိုးဇော်နှင့်မြို့နယ်ကော်မတီဝင် ဦးဝင်းနိုင်၊ ဦးတင်ဌေး အောင်၊ ဦးဝင်းမောင်၊ ဦးဝင်းခိုင်တို့သည် ယမန်နေ့မွန်းလွဲ ၁ နာရီတွင် မိကျောင်းရဲကျေးရွာရှိ ပါတီဝင်များနှင့်တွေ့ဆုံ၍ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ၊ ရှေ့လုပ်ငန်းညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီး လမ်းပြုပြင်မှုအတွက် လိုအပ်နေသော ဘိလပ်မြေအိတ် ၁ဝ လုံး၊ လုပ်အား ဒါနပြုနေသော ပါတီဝင်များအတွက် ပါတီတံဆိပ်ပါ အင်္ကျီအထည် ၂၅ ထည်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

၂၀၁၈ ကြားဖြတ်​​ရွေး​ကောက်​ပွဲ​အောင်​နိုင်​​ရေး မင်းဘူးမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ၏ မဲဆန္ဒရှင်​ပြည်​သူလူထုနှင့်​ ​တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး တက်​​ရောက်​အား​ပေး

အောက်တိုဘာ (၄)၊ မင်းဘူး

မ​ကွေးတိုင်း​ဒေသကြီး၊ မင်းဘူးခရိုင်​၊ မင်းဘူးမြို့နယ်​၊ စကုမြို့ရှိ ​ဇာတ်​ရုံခန်းမတွင်​ ၂၀၁၈ ကြားဖြတ်​​ရွေး​ကောက်​ပွဲ​ ​အောင်​နိုင်​​ရေး မင်းဘူးမြို့နယ် ​ပြည်​ခိုင်​ဖြိုးပါတီ၏ မဲဆန္ဒရှင်​ပြည်​သူလူထုနှင့် တွေ့ဆုံပွဲအခမ်းအနားအား ယနေ့နံနက်​ (၈) နာရီ ၃၀ မိနစ်​က ကျင်းပခဲ့ရာ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးသန်း​​ဌေး တက်ရောက်​အား​ပေးချီးမြှင့်ခဲ့သည်​။

ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး မ​ကွေးတိုင်း​ဒေသကြီးအတွင်းရှိ စေတီ​တော်​မြတ်​များအား ဖူး​မျှော်​ကြည်​ညို၍ အလှူ​ငွေ​ပေးအပ်​လှူဒါန်း

အောက်တိုဘာ ၄၊ မင်းဘူး

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးနှင့်​အဖွဲ့သည်​ ယမန်နေ့နံနက်​ ၁၀ နာရီ ၃၀ မိနစ်ချိန် တွင် မင်းဘူးခရိုင်​၊ ပွင့်ဖြူမြို့နယ်​ရှိ စန္ဒကူး​နံ့သာကျာင်း​တော်​ရာ​ စေတီ​တော်​မြတ်​ကြီးအား ဖူး​မျှော်​ကြည်​ညို၍ အလှူ​ငွေများ ​ပေးအပ်​လှူဒါန်းခဲ့ပြီး​နောက်​ ​စေတီ​တော်​မြတ်​ကြီးအကျိုး​တော်​​ဆောင်​ချုပ်​နှင့်​ ​ကျောင်းကြီး​ကျောင်းဆရာ​တော်​ အရှင်​ဓမ္မစာရအား ဖူး​မျှော်​ကြည်​ညိုပူဇော်​၍ သင်္ကန်းအစရှိ​သော လှူဖွယ်​ပစ္စည်းများနှင့်​ အလှူ​ငွေများ ဆက်ကပ်​လှူဒါန်းခဲ့သည်​။

ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးသန်း​ဌေး ​ဆောမြို့နယ်​ ပြည်​ခိုင်​ ဖြိုးပါတီဝင်​များနှင့်​​တွေ့ဆုံ

 

အောက်​တိုဘာ ၃ ၊​ဆော

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌဦးသန်း 
ဌေးသည်​ အောက်တိုဘာ ၂ ရက် ည​နေ၃နာရီက ​ဆောမြို့နယ်​ပါတီရုံးတွင်​ ​မ​ကွေးတိုင်း​ဒေသကြီး၊ဂန့်​​ဂေါခရိုင်​၊​ဆောမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဝင်​များနှင့်​​တွေ့ဆုံ၍ အမှာစကား ​ပြောကြားခဲ့သည်​။

ထို့​နောက်​ မြို့နယ်​ပါတီမှ တာဝန်​ရှိသူများက လိုအပ်​သည်​များ တင်​ပြလာမှု​အ​ပေါ် ပါတီဥက္ကဋ္ဌဦးသန်း​ဌေးမှ ​ပေါင်းစပ်​ညှိနှိုင်း​ဆောင်​ရွက်​​ပေးခဲ့သည်​။

ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးသန်း​ဌေး မ​ကွေးတိုင်း​ဒေသကြီး၊ပခုက္ကူခရိုင်​၊ဆိပ်​ဖြူမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဝင်​များနှင့်​​တွေ့ဆုံအမှာစကား​ပြောကြား

 

အောက်​တိုဘာ ၂ ၊ဆိပ်​ဖြူ

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌဦးသန်းဌေးသည်​ ယ​နေ့နံနက်​ ၁၁နာရီ၃၀မိနစ်​က ဆိပ်​ဖြူမြို့နယ်​ပါတီရုံးတွင်​ မ​ကွေးတိုင်း​ဒေသကြီး၊ပခုက္ကူခရိုင်​၊ဆိပ်​ဖြူမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဝင်​များနှင့်​​တွေ့ဆုံ၍ အမှာစကား ​ပြောကြားခဲ့သည်​။

ထိုသို့​တွေ့ဆုံရာသို့ ပါတီဥက္ကဋ္ဌဦးသန်း​ဌေးနှင့်​အတူ ပါတီအ​ထွေ​ထွေအတွင်း​ရေးမှူး ဦးသက်​နိုင်​ဝင်း၊ ပါတီဗဟိုအတွင်း​ရေးမှူးဦးပိုက်​​ထွေး၊ ပါတီဗဟိုအလုပ်​အမှု​ဆောင်​များဖြစ်​ကြ​သောဦးဝဏ္ဏ​မောင်​လွင်​၊ဦး​သောင်း​အေး၊ဦး​အောင်​တင်​မြင့်​၊မ​ကွေးတိုင်း​ဒေသကြီပါတီဥက္ကဋ္ဌ​ဒေါက်​တာ​မောင်​​မောင်​​ဌေး၊ ဗဟို​ကော်​မတီဝင်​ ဒေါက်​တာနန္ဒာလှမြင့်​၊တို​င်း​ဒေသကြီး ပါတီ​ကော်​မတီဝင်​များ၊ ပခုက္ကူခရိုင်​ပါတီဥက္ကဋ္ဌသိန်းထွန်းနှင့်​ ခရိုင်​ပါတီ​ကော်​တီဝင်​များ၊ ဆိပ်​ဖြူမြို့နယ်​ပါတီဥက္ကဋ္ဌ ဦးလှ​ဆောင်​နှင့်​မြို့နယ်​ပါတီ​ကော်​မတီဝင်​များ အပါအဝင်​ စုစု​ပေါင်း (၁၅၀) ဦးခန့်​ တက်​​ရောက်​ခဲ့​သည်​။