ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီးပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး ပါတီရုံးသို့ သွားရောက်ကာ ပါတီရုံးအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးပါတီကော်မတီဝင်များနှင့် တွေ့ဆုံပြီး ပါတီပြန်လည်ပြင်ဆင်ဖွဲ့စည်းရေးကိစ္စများ ၊ နိုင်ငံတွင်းလတ်တလောဖြစ်ပေါ်နေသော အခြေအနေများ၊ ပါတီ၏ ​ရှေ့လုပ်ငန်းစဉ်များအား တွေဆုံဆွေးနွေးခဲ့ပါသည်။

ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့်တွေ့ဆုံဆွေးနွေးပွဲသို့ ဗဟိုအလုပ်မှူဆောင် မကွေးတိုင်းဒေသကြီးပါတီ ဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ ဘဏ္ဍာရေးမှူး ဦးကြည်ထွန်း၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များဖြစ်သည့် ဦးဟန်မောင်၊ ဦးကျော်သူဦး၊ ဦးစောဝင်းမောင်၊ ဦးအောင်နိုင်၊ ဦးသန်းဝင်းတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

(more…)


ဇလွန်မြို့ ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်၊ ရပ်/ကျေး အစည်းအဝေးကျင်းပပြုလုပ်

 

 

 

၃၀-၆-၂၀၂၁ ရက် နေ့လည် ၁ နာရီအချိန်တွင် ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် မြို့နယ်ပါတီကော်မတီဝင်များ ရပ်/ကျေးကော်မတီဝင်များ တွေ့ဆုံပြီး အစည်းအဝေး ပြုလုပ်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ​ရှေ့ဆက်ဆောင်ရွက်ရမည့် ပါတီ၏အဓိကလုပ်ငန်းများဖြစ်သည့် အင်အားတိုးပွားစေရေး ၊ တိုက်နယ်အလိုက် စုဖွဲနိုင်ရေးစသော ကိစ္စရပ်များ ဆွေးနွေးခဲ့ပါသည်။

မကွေးတိုင်းဒေသကြီး လွှတ်တော်ဒုဥက္ကဌ၊ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစောဝင်းမောင် ရွာသာကျေးရွာမှ ပြည်သူများနှင့်တွေ့ဆုံ

တောင်တွင်းကြီး၊ အောက်တိုဘာ(၁၅)
တောင်တွင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ်လောင်း ဦးစောဝင်းမောင်သည် ယမန်နေ့တွင် ရွာသာကျေးရွာတွင် လူထုဟောပြောစည်းရုံးပွဲ ကျင်းပရာ ပါတီဝင်များ၊ ပါတီဝန်းရံအားပေးသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ လူထုစည်းရုံးဟောပြောပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစောဝင်းမောင်က မိမိဒေသဖွံ့ဖြိုးတိုးတက်စေရေး အကြံပေးပြောဆိုခြင်း၊ ဒီမိုကရေစီ၏ အနစ်သာရများ ရှင်းလင်းပြောကြားခြင်း၊ မျက်မှောက်နိင်ငံရေး အခြေနေများဆွေးနွေးပြောကြားခြင်း၊ ကိုယ်စားလှယ်လောင်းများ မှန်ကန်စွာ ရွေးချယ် သတ်မတ်စေရေးနှင့်တို့ကို အကျယ်တစ်ပွင့်ပြောကြာခဲ့ပါသည်။
Hnin Ei Hlaing

အောင်လံမြို့နယ်၊ ပြလို့အခြေစိုက် Quarantine Center သို့ ပြည်ခိုင်ဖြိုးပါတီမှ Mask (၄၀၀) ခု၊ လက်သန့်ဆေး (၁၀) ဗူး နှင့် ငွေ ၁၅၀,၀၀၀ ကျပ် လှူဒါန်း

 

၁၄.၁၀.၂၀၂၀ ရက်နေ့တွင် အောင်လံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဇေယျကျော်ထင် ဦးတင်အောင်ချစ်၊ အမှတ် (၂) တိုင်းဒေသကြီး မဲဆန္ဒနယ်မှ ဦးစန်းလွင်(ခ)ဦးချိုငယ် နှင့် အောင်လံမြို့နယ် ပြည်ခိုင်ဖြိုးပါတီအဖွဲ့ဝင်များ စုပေါင်း၍ အောင်လံမြို့နယ်၊ ပြလို အခြေစိုက် Quarantine Center သို့ Mask (၄၀၀)ခု၊ လက်သန့်ဆေး (၁၀)ဗူး၊ ငွေ ၁၅၀, ၀၀၀ ကျပ်၊ စုစုပေါင်း ကာလတန်ဖိုး ၁၉၀,၄၀၀ ကျပ် ပေးအပ်လှူဒါန်းခဲ့ပါသည်။

အောင်လံမြို့နယ် ပရဟိတ (၄) ဖွဲ့ထံသို့ ပြည်ခိုင်ဖြိုးပါတီမှ တစ်ဖွဲ့လျှင် Covid-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးအတွက် အထောက်အကူ ဖြစ်စေသည့် ပစ္စည်း (၅) မျိုးနှင့် ငွေငါးသောင်းကျပ်နှင့် ညီမျှသော စက်သုံးဆီ ထုတ်ယူခွင့်ကတ်များ ပေးအပ်လှူဒါန်းမှု့ ပြုလုပ်

 

အောက် ၁၃၊ အောင်လံ

ငဖဲမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ပါတီဝင်လူငယ်များ နယ်ဇော ကျေးရွာအုပ်စုတွင် အောင်နိုင်ရေး ဆိုင်းဘုတ်စိုက်ထူ

 

ငဖဲ၊ အောက်တိုဘာ ၈ ငဖဲဖြို့နယ်မှ ယမန်နေ့တွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်နိုင်လင်းနှင့် ပါတီဝင်လူငယ်များမှ နယ်ဇောကျေးရွာအုပ်စု နယ်ဇော ကျေးရွာနေ ဦးအောင်နိုင်ဝင်း၏ နေအိမ်တွင်လည်းကောင်း၊ နယ်ဇောကျေးရွာအုပ်စု မြင်သာကျေးရွာနေ ဦးကျော်မင်း၏နေအိမ်နှင့် နယ်ဇောအုပ်စု ပါတီဆိုင်းဘုတ်အား ဦးအောင်နိုင်ဝင်းတို့၏ နေအိမ်တို့တွင် အသီးသီး စိုက်ထူကြရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Covid-19 ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက် များနှင့်အညီ (၃၀) ဦးထက် မပိုသောလူဦးရေဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး လွှတ်တော်ဒုဥက္ကဌငြိမ်း၊ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စာလှယ်လောင်း ဦးစောဝင်းမောင် ရွာမနားကျေးရွာမှ ပြည်သူများနှင့်တွေ့ဆုံ

 

တောင်တွင်းကြီး၊ အောက်တိုဘာ  တောင်တွင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစောဝင်းမောင် ရွာမနားကျေးရွာ ပြည်သူများနှင့်တွေ့ဆုံပွဲသို့ သွားရောက်ရာ ဒေသခံ ပါတီဝန်ရံအားပေးသူ ပြည်သူများမှ အောင်နိင်ရေး အလံများ လွှင့်ထူခြင်း၊ ပန်းကုံးဆွတ်ကြိုဆိုခြင်းများ ပြုလုပ် ခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစောဝင်းမောင်မှ ဒီမိုကရေစီ၏ အနစ်သာရနှင့် ကိုယ်စားလှယ်လောင်းများအား မဲပေးရွေးချယ်တတ်စေရေး အကျယ်တပွင့် ရှင်းလင်း ပြောကြားပြီး ဒေသခံပြည်သူများမှ မိမိတို့ နားမလည်သည်များ၊ သိလိုသည်များအား အပြန်အလှန် မေးမြန်းခြင်း၊ ဆွေးနွေး ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။ Hnin Ei Hlaing

ပွင့်ဖြူမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုဝင်ရောက်ယှဥ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပွင့်ဖြူ မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများနှင့် မိတ်ဆက်တွေ့ဆုံ

 

ပွင့်ဖြူ၊ အောက်တိုဘာ ၆

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် မဲဇလီအုပ်စု၊ အင်းကုန်း (အနောက်) ကျေးရွာနှင့် ထူးပေါက်ကျေးရွာများမှ ဒေသခံပြည်သူများနှင့် ပွင့်ဖြူမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုဝင်ရောက်ယှဥ်ပြိုင်မည့် လွှတ်တော် ကိုယ်စား လှယ်လောင်းများဖြစ်သည့် တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာ မောင်မောင်ဌေး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်သူဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော် ခိုင်ဦးတို့ မိတ်ဆက်တွေ့ဆုံပွဲအား ယမန္ေန ့နံနက် ၁၁ : ၃၀ အချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ကံပေးကြီးကျေးရွာအုပ်စုမှ ပြည်သူများနှင့် တွေ့ဆုံ

 

တောင်တွင်းကြီး၊ အောက်တိုဘာ

တောင်တွင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယနေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန်းဝင်း၊ တိုင်းဒေသကြီး အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစောဝင်းမောင်နှင့် ချင်းတိုင်းရင်းသား ကိုယ်စားလှယ်  ဦးသန်းဌေး (ခ) ဦးဂါပီတို့သည် ကန်ပေးကြီးကျေးရွာအုပ်စုမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ စည်းရုံးဟောပြောခြင်းများ ​ဆောင်ရွက်ခဲ့သည်။

မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မင်းလှမြို့အတွင်း အောင်နိုင်ရေး ဆိုင်းဘုတ်များ စိုက်ထူ

 

မကွေး စက်တင်ဘာ

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မင်းလှမြို့ပေါ်ရှိ ရပ်ကွက်များသို့ ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်များအား ယမန်နေ့ နံနက် ၈ နာရီ၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန်းဦး၊ တိုင်းဒေသကြီး လွှတ်တော်မဲ ဆန္ဒနယ်အမှတ် (၁) ဦးမျိုး မြင့်နှင့်တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်အမှတ် (၂) ဦးလှစိုးတို့ ပါဝင်သော အဖွဲ့ဝင်များသည် အမွှေးနံ့သာများ ပက်ဖျန်းကာ မြို့ပေါ်ရှိ ရပ်ကွက်များတွင် ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်များ စိုက်ထူခဲ့သည်။