ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးမိသားစု ရေဘေးသင့်ပြည်သူများကို ဆန်များလှူဒါန်း

39073071-11082016

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် ဧရာဝတီမြစ်ရေ ကြီးမြင့်မှုကြောင့် ရေဘေးသင့် ကျေးရွာပေါင်း ၃၈ ရွာမှ အိမ်ထောင်စုပေါင်း ၃၅၅ဝ အတွက် မကွေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ပါတီဗဟိုအတွင်းရေးမှူး (ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး-ငြိမ်း) ဦးပိုက်ထွေး၊ ဒေါ်ခင်မျိုးဌေး မိသားစုတို့က တစ်အိမ်ထောင်လျှင် ဆန်တစ်ပြည်နှုန်း လှူဒါန်းမှုအတွက် အလှူရှင်များ ကိုယ်စား ကံမမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးတင်ဦးနှင့် အတွင်းရေးမှူး ဦးမြင့်ရွှေတို့က ဦးဆောင်ပြီး မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းရုံးရေးမှူးနှင့် အမှုဆောင်များက အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး ကံမ မြို့နယ်များ ရေဘေးသင့် ပြည်သူများကို ကံမ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များမှ ဆန်နှင့် စားသောက်ဖွယ်ရာများကို ရေဘေးသင့် ပြည်သူများအား လှူဒါန်းခဲ့ပါသည်။


မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ရေဘေးသင့်ပြည်သူများအား ခေါက်ဆွဲခြောက်နှင့်ရေသန့်လှူဒါန်း

မကွေးတိုင်းဒေသကြီးရေနံချောင်း မြို့နယ်ပြည်ခိုင်ဖြိုးပါတီက ရေနံချောင်းမြို့နယ်အတွင်းရှိ ရေဘေးသင့် ပြည်သူများအား ခေါက်ဆွဲ ခြောက်နှင့် ရေသန့်ဘူးများကို ယခု လ ၈ ရက်နှင့် ၉ ရက်တို့တွင် ကျေးရွာများရှိ ပြည်သူများလက် ရောက်လှူဒါန်းခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဝင်းထံမှ သိရသည်။
ရေဘေးသင့်ကျေးရွာများဖြစ်သော ဝက်မစွတ်ကျေးရွာအုပ်စုမှ ငါးလန္တာရွာနှင့်ရုံးဆိပ်ကျွန်း ကျေး ရွာမှ၂၁ရွာ၊ ဝက်လွတ်ကျေးရွာ အုပ်စုမှ ခုနစ်ရွာနှင့်ဗူးကျွန်းကျေးရွာ အုပ်စုမှငါးရွာ၊ ကျမ်းကိုင်ကျွန်း ကျေးရွာအုပ်စုမှခုနစ်ရွာ၊ မာန်မြေ ကျေးရွာအုပ်စုမှခုနစ်ရွာ စုစုပေါင်း ကျေးရွာပေါင်း ၃ဝ အား ခေါက်ဆွဲ ခြောက်ထုပ် ၃၁ဝဝနှင့်ရေသန့်ဘူး ၁၂၄ဝ ကို လှူဒါန်းခဲ့ကြောင်း သိရ သည်။

အောင်လံပြည်ခိုင်ဖြိုးပါတီ ရေဘေးသင့်ပြည်သူများအတွက် ဆန်များ သွားရောက်လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးတင်အောင်ချစ်၊ ဦးတင်ဝင်း၊ ဦးစန်းလွင် တို့ဦးဆောင်မှုဖြင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းရုံးရေးမှူးများနှင့် အမှုဆောင်များ အင်အား (၅၀) ဦးဖြင့် အင်းပေါက်ကျေးရွာ၊ ရွာထောင်ရပ်ကွက်၊စက်ရုံ၊ စမ်းချောင်း၊ သရက်တော၊ ဈေးကုန်း၊ မန်ကျည်းကုန်းရပ်ကွက်များရှိ ရေဘေးသင့် အိမ်ထောင်စု (၁၃၆၄) စုအတွက် အိမ်ထောင် တစ်စုလျှင် ဆန် (၂) ပြည်နှုန်းဖြင့် ဆန် (၁၁၃) အိတ် (တန်ဖိုးငွေ ၂၈၂,၅၀၀,၀ ကျပ်) ကို သြဂုတ်လ (၃) ရက်နေ့ နေ့လည် (၁) နာရီမှ ညနေ (၆) နာရီအထိ သွားရောက် ထောက်ပံ့လှူဒါန်းခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ သမ္မတ(ငြိမ်း)ဦးသိန်းစိန်နှင့်ဇနီးတို့အားအမှူး ထား၍ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်းရေဘေးဒုက္ခသည်များအား လှူဒါန်း။

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ သမ္မတ(ငြိမ်း) အဂ္ဂမဟာသီရိသုဓမ္မဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်းတို့အား အမှူးထား၍ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းကြီးနှင့် ညောင်ဦးခရိုင်/ညောင်ဦးမြို့နယ် ၊ဆယ်လံကျေးရွာရှိ ရေးဘေးသင့်ပြည်သူများ အိမ်ခြေ (၂၃၅) အိမ် ၊ အိမ်ထောင်စု (၂၉၈ )အိမ်ထောင်တို့အား ဆန်၊ဆီနှင့် ခေါက်ဆွဲခြောက်များပေးဝေလှူဒါန်းခဲ့ကြောင်း
သိရသည်။

Kohtein Win


မကွေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို သြဂုတ်လ (၁) ရက်နေ့ နံနက် (၁၀) နာရီအချိန်က မကွေးမြို့ တိုင်းပြည်ခိုင်ဖြိုးခန်းမတွင် ကျင်းပရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ သူရဦးအေးမြင့် တက်ရောက်ခဲ့သည်။

13906832_1163422147012661_6553708247356395075_n

(more…)


မကွေးခရိုင် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး မကွေးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်း အဝေးကို တိုင်းဒေသကြီးပါတီ အစည်းအဝေးခန်းမတွင် ယခုလ ၁၆ ရက် နံနက် (၉) နာရီခွဲတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးဘုန်းမော်ရွှေ၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးကြည်ထွန်းနှင့် တိုင်းဒေသကြီး ကော်မတီဝင် များ၊ မကွေးခရိုင်ပါတီ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေးကော်မတီများ၊ မကွေးခရိုင်အတွင်းရှိ မကွေး၊ ရေနံချောင်း၊ ချောက်၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်မြို့နယ်များမှ ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် မကွေးခရိုင် ပါတီမျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်ခွင့် ရသည့် ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများနှင့် အဖွဲ့အစည်းကိုယ်စားလှယ်များ ရာနှုန်းပြည့် ၅ဝ ခန့် တက်ရောက်ကြသည်။

13754646_297756693904887_6162947701753182061_n

(more…)


ပခုက္ကူခရိုင် မျက်နှာစုံညီ အစည်းအဝေးကျင်းပ

ပခုက္ကူခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို ပခုက္ကူ ခရိုင် ပြည်ခိုင်ဖြိုးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပရာ မကွေးတိုင်းဒေသကြီး ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးဘုန်းမော်ရွှေ နှင့်အတူ အတွင်းရေးမှူး ဦးကြည်ထွန်း၊ တွဲဖက်အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ ခရိုင်နာယက ဦးသိန်းထွန်း၊ လွှတ်တော်ကိုယ် စားလှယ်ဟောင်းများ၊ ခရိုင်ကော်မတီဝင်များ၊ ခရိုင်ပြန်လည်ပြင် ဆင်ရွေးချယ်ရေးကော်မတီဝင်များ၊ ပခုက္ကူမြို့နယ်၊ ဆိပ်ဖြူမြို့နယ်၊ ပေါက်မြို့နယ်၊ ရေစကြိုမြို့နယ်၊ မြိုင်မြို့နယ်တို့မှ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးနှင့် ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်းအင်အား ၁ဝဝ ခန့် တက်ရောက်ခဲ့သည်။

76996389-11072016

(more…)


တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရကျောင်းသားကျောင်းသူများ ဆုချီးမြှင့်ပွဲအခမ်းအနားပြည်ခိုင်ဖြိုးပါတီဗဟို အတွင်းရေးမှူး တက်ရောက်ချီးမြှင့်

၂ဝ၁၄-၂ဝ၁၅ခုနှစ်နှင့် ၂ဝ၁၅- ၂ဝ၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေး ပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ ကြသော ကျောင်းသားကျောင်းသူ များအား ဆုချီးမြှင့်ပေးအပ်ပွဲအခမ်း အနားကို ယခုလ ၉ ရက် နံနက် ၉ နာရီက ရေနံချောင်းမြို့ မြို့တော် ခန်းမ၌ကျင်းပခဲ့ရာ အခမ်းအနား တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေး မှူး ဒေါ်ဝင်းမော်ထွန်း၊ အရုဏ်ဦး ကုမ္ပဏီမှဒါရိုက်တာဦးအေးသောင်း နှင့် အရုဏ်ဦးကုမ္ပဏီ၏ အကြံ ပေး ဦးအုန်းမြင့်တို့က ဂုဏ်ထူးရ ကျောင်းသားကျောင်းသူ ၂၇၈ဦးတို့ အတွက်ဆုချီးမြှင့်ငွေကျပ်၅၅၈သိန်း ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆုချီးမြှင့် ခြင်းခံရသောကျောင်းသားကျောင်း သူများမှာ ရေနံချောင်းစာစစ်ဌာန၊ ပြင်ပစာစစ်ဌာနများမှ ထူးချွန် ကျောင်းသားများဖြစ်ကြောင်း သိ ရသည်။

13606462_618490938320421_7155094646169428752_n

(more…)


ဂန့်ဂေါခရိုင် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေး ကျင်းပပြီးစီး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်မျက်နှာစုံညီအစည်း အဝေးကို ဇူလိုင်လ (၉) ရက် နံနက် (၈) နာရီခွဲက ဂန့်ဂေါခရိုင် ပြည်ခိုင်ဖြိုးခန်းမ၌ကျင်းပရာ သဘာပတိအဖြစ် မကွေးတိုင်းဒေသကြီး ပါတီကော် မတီဝင်များဖြစ်ကြသော ဦးဟန်မောင်၊ ဦးဆန်းညွန့်အောင်၊ ဦးစောဝင်းမောင်တို့က ဆောင်ရွက်ခဲ့ကြပြီး သဘာပတိက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

13592782_618033811699467_5488067886648821038_n

(more…)