ပါတီဥက္ကဋ္ဌဦးသန်းဌေး မန်းရွှေစက်တော်ဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညို အလှူငွေများလှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်၊ ဗဟိုကော်မတီဝင်များဖြစ်ကြသော ဦးထွေးလှ၊ ဒေါက်တာနန္ဒာလှမြင့်နှင့် မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး တို့သည် ဖေဖော်ဝါရီ (၁၅) ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးအတွင်းရှိ မန်းရွှေစက်တော် ဘုရားသို့ သွားရောက်ဖူးမြော်ခဲ့ပြီး အမျိုးဘာသာသာသနာ အဓွန့်ရှည် တည်တံ့စေရန်ရည်ရွယ်၍ အလှူငွေများ လှူဒါန်းခဲ့သည်။

 

(more…)


ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မကွေးတိုင်းဒေသကြီးအတွင်းရှိ ပါတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ဗဟိုအတွင်းရေးမှူး များ ဖြစ်ကြသော ဦးတင်အောင်ချစ်၊ ဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်တို့ လိုက်ပါလျက် ဖေဖော်ဝါရီ (၁၄) ရက် နေ့လည် (၁၂) နာရီအချိန်က မကွေးတိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမတွင် တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးများနှင့် တွေ့ဆုံ၍ ပါတီရေးရာကိစ္စများ၊ ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် မိမိပါတီအောင်နိုင်ရေးနှင့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင် ရေးကိစ္စများ မှာကြားခဲ့သည်။

ရေစကြို မြို့ နယ် ပြည်ခိုင်ဖြိုးပါတီ စည်းမှူး မှ အသည်းလှူဒါန်း

 

ရေစကြိုမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ အမှတ်​(၁)
ရပ်​ကွက်​ စည်းရုံး​ရေးမှူး ဦး​ငွေဝင်း(အသည်း​အလှူရှင်​)သည်​ ​ရေစကြိုမြို့နယ်​ကံဦး​ကျေးရွာ​နေ ဦးဘုန်းမြင့်​ အတွက် လိုအပ်​​နေ​သော အသည်းအား လှူဒါန်းသွားမည်​ဖြစ်​ပါသည်​။ လှူဒါန်းခွဲစိတ်​မှုအား ရန်​ကုန်​မြို့တွင်​ ကိုရီးယားအထူးကု ဆရာဝန်​ကြီးများ
ဖြင့်​ ခွဲစိတ်​ကုသ ​ဆောင်​ရွက်​မည်​ဖြစ်​ရာ
ရေစကြိုမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီမှ အသည်း
အလှူရှင်​ ဦး​ငွေဝင်း (စည်းရုံး​ရေးမှူး)အား
ဂုဏ်​ပြုမှတ်​တမ်းတင်​ ​ပေးအပ်​ကြပါသည်​။
အဆိုပါအသည်းအလှူရှင်​ ရပ်​ကွက်
စည်းရုံး​ရေးမှူး ဦး​ငွေဝင်း ဂုဏ်​ပြုပွဲအား
မြို့နယ်​ပါတီ ဥက္ကဌ ဦးသိန်းလွင်​ ၊ အတွင်း​ရေးမှူး ဦးချမ်းမင်း၊ဘဏ္ဏာ​ရေးမှူး​ဒေါ်စန်း​စန်းရီ၊​ကော်​မတီဝင်​များဖြစ်​ကြ​သော
ဦးဝင်းနိုင်​ဦး၊ဦးစိုးထွန်း၊​ဒေါ်ဝင်းဝင်းသန့်​နှင့်
မြို့​ပေါ်ရပ်​ကွက်​ စည်းရုံး​ရေးမှူးများ တက်​​ရောက်​ ချီးမြှင့်​ကြသည်​။

ပခုက္ကူခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဖလား ဘော်လီဘောပြိုင်

 

နှစ် (၇ဝ)ပြည့် ပြည်ထောင်စု နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပခုက္ကူခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဖလား ပခုက္ကူခရိုင်ရှိ ငါးမြို့နယ် ဖိတ်ခေါ်ဘော်လီဘော ပြိုင်ပွဲအား ခရိုင်ပါတီရုံးဝင်းအတွင်းရှိ အား ကစားကွင်းတွင် ကျင်းပသွားမည် ဖြစ်သည်။ ပြိုင်ပွဲအားမျိုးဆက်သစ် ဘော်လီဘောအားကစားသမားများ ပေါ်ထွန်းလာစေရေးနှင့် ဘော်လီ ဘောအားကစားတိုးတက်ဖွံ့ဖြိုးလာ စေရန်နှင့် မြို့နယ်၏ဂုဏ်၊ ခရိုင်၏ ဂုဏ်မြှင့်တင်နိုင်ရေးအတွက်ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ပြီး ပြိုင်ပွဲအား ယနေ့မှ ယခုလ ၁၂ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ပခုက္ကူခရိုင်ပါတီအတွင်းရေးမှူး ဦးမြင့်နိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသန်းအေးဦးဆောင်သော ပြိုင်ပွဲ ကျင်းပရေးကော်မတီကို ဖွဲ့စည်း ထားရှိပြီး ပခုက္ကူခရိုင် ပါတီကိုယ် စားပြုအသင်း၊ ပခုက္ကူမြို့နယ် ကိုယ်စားပြုအသင်း(က)၊ (ခ)နှင့် (ဂ)၊ ရေစကြိုမြို့နယ်ပါတီကိုယ် စားပြုအသင်း၊ မြိုင်မြို့နယ်ပါတီ ကိုယ်စားလှယ်ပြုအသင်းနှင့် ဆိပ် ဖြူမြို့နယ်ပါတီကိုယ်စားပြုအသင်း တို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

မကွေးတိုင်းဒေသကြီးပါတီ၏ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းနှင့် ရုံးလုပ်ငန်းသင်တန်းဖွင့်ပွဲကျင်းပ

 

မကွေးတိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါ တီ၏ ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံး လုပ်နည်းနှင့် ရုံးလုပ်ငန်းသင်တန်း ကို ယမန်နေ့နံနက် ၉နာရီတွင် တိုင်းဒေသကြီးပါတီအစည်းအဝေး ခန်းမ၌ကျင်းပခဲ့ရာ သင်တန်းသို့ တိုင်းပါတီအတွင်းရေးမှူး ဦးဆန်း ညွန့်အောင်၊တိုင်းပါတီဘဏ္ဍာရေး မှူး ဦးကြည်ထွန်းနှင့် တိုင်းပါတီ ကော်မတီဝင်များ၊ ခရိုင်/မြို့နယ် ပါတီများမှ သင်တန်းသား ၉ဝ အပါအဝင် စုစုပေါင်း ၁ဝဝ တက် ရောက်ခဲ့ကြသည်။

မကွေးတွင် ပါတီလုပ်ငန်းစဉ်နှင့် မူဝါဒများရှင်းလင်း

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်သည် ယခုလ ၁၃ ရက် နံနက် ၁၁ နာရီတွင် မကွေးတိုင်းဒေသကြီး အောင်လံ မြို့နယ်မှ မြို့နယ်ဥက္ကဋ္ဌ၊ အတွင်း ရေးမှူး၊ မြို့နယ်ပါတီကော်မတီ ဝင်များ၊ မြို့ပေါ်ကိုးရပ်ကွက်နှင့် အခြေစိုက်ခုနစ်ခုတို့မှ ပါတီဝင်များ စုစုပေါင်းအင်အား ၂၃ဝကျော်တို့ နှင့်တွေ့ဆုံ၍ ပါတီ၏လုပ်ငန်းစဉ် များ၊ မူဝါဒများကိုရှင်းလင်းဆွေး နွေးခဲ့သည်။ တက်ရောက်လာ သောပါတီဝင်များကလည်း ပါတီ ၏အားနည်းချက် အားသာချက် များ မိမိတို့ဒေသတွင် လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေမှန် များကို ပွင့်လင်းစွာတင်ပြကြ သည်။ တင်ပြချက်များအပေါ် ဗဟိုအတွင်းရေးမှူးက ပြန်လည် ရှင်းလင်းဆွေးနွေးပြီး အခမ်းအနား ကို မွန်းလွဲ ၃ နာရီတွင် ရုပ်သိမ်း ခဲ့သည်။

ပါတီအမျိုးသမီးရေးရာကော်မတီများတွေ့ဆုံ

 

မကွေးတိုင်းဒေသကြီး အမျိုး သမီးရေးရာကော်မတီမှကြီးမှူး၍ တိုင်းဒေသကြီးပါတီ အမျိုးသမီး ရေးရာနှင့် မကွေးခရိုင်အတွင်းရှိ မြို့နယ်ပါတီများမှ အမျိုးသမီး ရေးရာကော်မတီများ တွေ့ဆုံပွဲကို ယခုလ ၉ရက် မွန်းလွဲ ၁နာရီတွင် တိုင်းဒေသကြီးပါတီအစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။ အခမ်း အနားသို့ မကွေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဒေါက်တာမောင်မောင် ဌေး၊ အတွင်းရေးမှူးဦးဆန်းညွန့် အောင်နှင့် တိုင်းဒေသကြီးအမျိုး သမီးရေးရာတာဝန်ခံများဖြစ်ကြ သော ဒေါ်ယဉ်ယဉ်လှနှင့် ဒေါ်သီ မာလှိုင်၊ မကွေးခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းရှိန်နှင့် မကွေး၊ ရေနံချောင်း၊ ချောက်၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်မြို့နယ်တို့မှ အမျိုးသမီး ရေးရာကော်မတီဝင် ၂၆ ဦးတက် ရောက်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာ လှုပ်ရှားမှု ခြေလျင်တောင်တက်ခရီးစဉ် အောင်မြင်စွာ ပြီးစီး

 

ခရီးစဉ်အတွင်း အစစအဆင်ပြေချောမွေ့အောင် ကူညီ ခဲ့ကြသော ဆောမြို့နယ်ပါတီဥက္ကဌနှင့်ကော်မတီဝင်များ၊ ချင်းပြည်နယ်ပါတီအတွင်းရေးမှူး၊ ကန်ပက်လက်မြို့နယ် ပါတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ နှင့် ချင်းပြည်နယ်မှ မိတ်ဆွေများအားလုံးကို အထူး ကျေးဇူးတင်ရှိပါသည်။
ခရီးစဉ်အတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ခြင်း၊ ကျေးရွာနေပြည်သူများ၏လူမှုစီးပွား ဘ၀အခြေအနေများလေ့လာနိုင်ရေးတို့အတွက် ကျေးရွာအတွင်း CBT အစီအစဉ်ဖြင့် ဖွင့်လှစ်ရန်ပြင်ဆင်နေသောSor Long Lodged အား လေ့လာနိုင်ရန်စီစဉ်ပေးခဲ့သော ကျေးရွာမှတာဝန်ရှိသူများ အားလည်း အထူးကျေးဇူးတင်ရှိပါသည်။

ပခုက္ကူခရိုင်ပါတီကော်မတီဝင်များ တွေ့ဆုံပွဲကျင်းပ

 
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တိုင်းပါတီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းအတွင်း ရေးမှူး ဦးဆန်းညွန့်အောင်၊ ဘဏ္ဍာရေးမှူး ဦးကြည်ထွန်းတို့နှင့် ပါတီ ကော်မတီဝင်များ တွေ့ဆုံပွဲကို ဒီဇင်ဘာ (၁၃) ရက် နံနက် (၁၀း၃၀) နာရီတွင် ပခုက္ကူခရိုင်ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။