ငဖဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်အစည်းအဝေး ၁၀/၂၀၁၇ ကျင်းပ

ငဖဲ အောက်တိုဘာ ၃၁

ငဖဲမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ လပတ်​ပုံမှန်​အစည်းအ​ဝေး ၁၀/၂၀၁၇ ကို နံနက်​ ၁၀းဝဝ နာရီအချိန်​တွင်​ စတင်​ကျင်းပရာ အစီအစဉ်​အတိုင်း ခရိုင်​​ကော်​မတီဝင်​ဥက္ကဌ၊ အတွင်း​ရေးမှူး၊ ဘဏ္ဍာ​ရေးမှူး တို့က ​ရှေ့ဆက်​လုပ်​ရမည့်​ ပါတီလုပ်​ငန်းစဉ်​များ၊ မှာကြားချက်​များ၊ ပါတီအ​ပေါ် ပြန်​လည်​သုံးသပ်​ချက်​နှင့်​ ဘဏ္ဍာ​ရေးကိစ္စများအား အသီးသီး ​ဆွေး​နွေးကြပါသည်​။ထို့​နောက်​ မြို့နယ်​​ကော်​မတီဝင်​များ၊ စည်းမှူးများမှ အပြန်​အလှန်​ ​ဆွေး​နွေးကြပြီး အစည်းအ​ဝေးကို ​နေ့လည်​ ၁၂း၃၀နာရီတွင်​ ရုပ်​သိမ်းခဲ့ပါသည်​။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လူငယ်တွေ့ဆုံပွဲ မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကျင်းပ

မကွေး အောက်တိုဘာ ၂၆

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းပါတီကော်မတီဝင်များ၊ အရန် ပါတီ ကော်မတီဝင်များ လပတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် လူငယ်ရေးရာတွေ့ဆုံပွဲ ဖိုရမ်ကို ယမန်နေ့ နံနက် ၉ နာရီတွင် တိုင်းပါတီ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

စေတုတ္တရာမြို့နယ် ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

 

စေတုတ္တရာမြို့နယ် ဖအိုင်းကျေးရွာတွင် ကျင်းပပြုလုပ်သော ၅ ဒိုင်နယ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ဘောလုံးပြိုင်ပွဲဆုချီးမြှင့်ခြင်း အခမ်းအနား သို့ မင်းဘူးခရိုင်ပါတီကော်မတီဝင်များ ၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီ ဝင်များနှင့်အတူ ငဖဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်ကော်မတီဝင်များ တက်ရောက်လှူဒါန်း အားပေးချီးမြှင့်ခဲ့ကြပါသည်။

မကွေးပြည်ခိုင်ဖြိုးပါတီမှ ဒေသခံပြည်သူများထံသို့ ကွင်းဆင်းဆောင်ရွက်

 

မ​ကွေးမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဌ ဦး​အောင်​သိန်း​ကျော်​နှင့်​ မြို့နယ်​ပါတီ​ကော်​မတီဝင်​များအဖွဲ့သည်​ ယ​နေ့ (၀၉ ၃၀) နာရီမှ (၁၆ ၀၀ )နာရီအချိန်​ထိ ပဌနဂိုရ်​ ​ကျေးရွာနှင့်​မြင်စိုင်း​ကျေးရွာများသို့သွား​ရောက်၍ မိမိပါတီဝင်များ၊ရပ်မိ ရပ်ဖများ ၊​ဒေသခံပြည်​သူများနှင့်​​တွေ့ဆုံခဲ့ပြီး ပါတီ၏သ​ဘောတရားများ၊ ​​ဒေသဖွံ့ဖြိုး​ရေးဆိုင်​ရာများ အား ရှင်းလင်း​ဆွေး​နွေးခဲ့ပြီး ​တောင်​သူအ​ထောက်​အကူပြု လိုအပ်​သည်​များ ကူညီ​ဆောင်​ရွက်​​ပေးခဲ့​ကြောင်း သိရှိသည်​ ။

ငဖဲပြည်ခိုင်ဖြိုးပါတီမှ မြစ်ဖျားတံတား တည်ဆောက်ရေးအတွက် အလှူငွေ များ လှူဒါန်း

 

ငဖဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်များမှ ၂၅.၉.၂၀၁၇ ရက်နေ့ ၁၇းဝဝ နာရီအချိန်တွင် ​​မြစ်​ဖျားတံတား တည်​​ဆောက်​​ရေးအတွက်​ မြစ်​ဖျား​ကျောင်းတိုက်​ဆရာ​တော်​ ​ဘဒ္ဒန္တသုဇာတ​အရှင်   သူမြတ်၏ ​​ရှေ့​မှောက်​၌ပထမအကြိမ်​အဖြစ်​ အလှူငွေ (၂၀၀,၀၀၀ိ/- ) နှစ်​သိန်းကျပ်​)ကို စု​ပေါင်း လှူဒါန်းခဲ့ပါသည်။

Crd;


စလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူငယ်တွေ့ဆုံပွဲကျင်းပ

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ပါတီလူငယ်တွေ့ဆုံပွဲအခမ်းအနား ကို ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပခဲ့ရာ အခမ်းအနားသို့ ဗဟို အလုပ်အမှုဆောင်မကွေးတိုင်းဒေသကြီးပါ တီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊တိုင်းလူငယ်ရေးရာတာဝန်ခံ တိုင်းကော်မတီဝင် ဦးကျော်သူဦး၊တိုင်းကော်မတီဝင် ဦးအောင်နိုင်၊ မင်းဘူးခရိုင်ပါတီ ဥက္ကဋ္ဌ ဒေါ်သီမာလှိုင်၊ အတွင်း ရေးမှူး ဦးစိန်ရွှေမင်းနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ စလင်းမြို့နယ် ပါတီဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ မင်းဘူးခရိုင်အတွင်းရှိ ငါးမြို့နယ်မှ ပါတီဥက္ကဋ္ဌများ၊အတွင်းရေးမှူးများ နှင့် လူငယ်ရေးရာတာဝန်ခံများ၊ ပါတီဝင်လူငယ်များ စုစုပေါင်း ၁၅ဝ ခန့် တက်ရောက်ခဲ့ကြသည်။

မြိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ရပ်ကျေးပါတီခေါင်းဆောင်များ ဆွေးနွေးပွဲပြုလုပ်

 

မြိုင်​မြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီမှ ဥက္ကဌ ဦး​အောင်​နိုင်​၊အတွင်း​ရေးမှူး ဦးထိန်​လင်းနှင့် မြို့နယ်​ပါတီ​ကော်​မတီဝင်​များသည်​ ၂၀၁၇ခုနှစ်​စက်​တင်​ဘာလ (၁၉ )ရက်​​နေတွင်​ ပါတီစည်းရုံး​ရေးနယ်​​မြေ (၃) စုရပ်​ဇုံ (၅)​တောင်​တိုင်​​ကျေးရပ်​​ကျေးစည်းမှူး ဦးဖိုးထွန်း​နေအိမ်​တွင် ​​ရပ်​​ကျေးပါတီ​ခေါင်း​ဆောင်​များနှင့်တွေ့ဆုံ၍ (၂၀၂၀ )​အောင်​နိုင်​​ရေး​​ဆွေး​နွေးအ​ဖြေရှာခြင်း ၊ ​ကော်​မတီများကျစ်​လစ်​ ခိုင်​မာ​စေ​ရေး​ဆွေး​နွေးခြင်းအား​နေ့လည်​ ၂နာရီမှ ၄နာရီအထိဆွေး​နွေးခဲ့ကြကြောင်း သိရသည်။

စလင်းမြို့နယ်​ပြည်ခိုင်ဖြိုးပါတီမှ လူငယ်​​တွေ့ဆုံပွဲ ကျင်းပပြုလုပ်

 

မ​ကွေးတိုင်း​ဒေသကြီး စလင်းမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ လူငယ်​​တွေ့ဆုံပွဲအခမ်းအနားကို ယ​နေ့ နံက်​(၁၀း၀၀) နာရီတွင်​ စလင်းမြို့နယ်​ပါတီရုံး၌ ကျင်းပပြုလုပ်​ခဲ့ရာ
အခမ်းအနားသို့ တိုင်းပါတီဥက္ကဌ ​ဒေါက်​တာ​မောင်​​မောင်​​ဌေး၊တိုင်း​လူငယ်​​ရေရာတာဝန်​ခံ၊ တိုင်း​ကော်​မတီဝင်​ ဦး​ကျော်​သူဦးဦး​အောင်​နိုင်​၊ မင်းဘူးခရိုင်​​ကော်​မတီဝင်​များ၊ မင်းဘူးခရိုင်​အတွင်း  မြို့နယ်​များမှ လူငယ်​တာဝန်​ခံများ၊ပွင့်​ဖြူ စလင်းမြို့နယ်​တို့မှ ပါတီဥက္ကဌများနှင့်ကော်မတီဝင်​များ၊ လူငယ်​အဖွဲ့ဝင်​များ တက်​​ရောက်​​ဆောင်​ရွက်​လျက်​ရှိကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်း ရေးမှူးဦးတင်အောင်ချစ် အောင်လံ မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင် အောင်ချစ်သည် မကွေးတိုင်းဒေသ ကြီး သရက်ခရိုင် အောင်လံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်ပါတီ ကော်မတီဝင်များလိုက်ပါလျက် ယမန် နေ့မွန်းလွဲ ၁ နာရီက အောင်လံမြို့နယ် ဒုရင်္ဂဗိုလ်အခြေစိုက် မြင်းကပိုင်ကျေး ရွာမှ ရွာဦးကျောင်းဆရာတော်အား ဖူးမြော်  ကြည်ညိုပြီး နဝကမ္မသုံးစွဲရန် အလှူငွေများလှူဒါန်းကာ ပါတီဝင်များနှင့်တွေ့ဆုံခဲ့ကြောင်း သိရ သည်။ ထိုသို့တွေ့ဆုံရာတွင် ယနေ့နိုင်ငံရေးအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

တောင်တွင်းကြီးပဋိပက္ခ ကြံ့ခိုင်ရေးကိုစွပ်စွဲ၍ အမှုဖွင့်ရန်စီစဉ်

 

တောင်တွင်းကြီး ပဋိပက္ခဖြစ်စဉ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ က လူအချို့ကို ငွေပေးစေခိုင်းသည်ဟု လူမှုကွန်ရက်ပေါ်တင်သူ တစ်ဦးကို အမှုဖွင့်ရန် စီစဉ်နေကြောင်း မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်က ပြောကြားသည်။