မကွေးတိုင်းဒေသကြီးအတွင်းရှိ အသက် ၁ဝဝ နှင့်အထက် အဘိုးအဘွားများအား ရာဇသင်္ဂဟ ဖောင်ဒေးရှင်းမှ ထောက်ပံ့လှူဒါန်း

နိုင်ငံတော်သမ္မတဦးသိန်းစိန်(ငြိမ်း)နှင့် ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ အသက် ၁ဝဝ နှင့် အထက်အဘိုးအဘွားများ၏ ကျန်းမာရေး၊ လူမှုရေး၊ လှူရေးတန်း ရေးကိစ္စများတွင် အသုံးပြုနိုင်ရန် အလှူငွေများ ထောက်ပံ့လှူဒါန်းလျက် ရှိကြောင်း သိရသည်။

ပခုက္ကူခရိုင်တွင်းရှိ မြို့နယ်များမှ ပြည်ခိုင်ဖြိုးပါတီဝင်များ စူဠာမဏိ စေတီတော် မြတ်ကြီးတွင် လုပ်အားဒါနပြု

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မြေငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရသော ဘုရားစေတီများအနက် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌနှင့် ခရိုင်ပါတီ လုပ်ငန်းစီမံရေး တာဝန်ခံဦး ပြည်စိုးဝင်းတို့၏ ညှိနှိုင်းမှုအရ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်နှင့် ဆိပ်ဖြူမြို့နယ် များမှ ခရိုင်/မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ လုပ်အားဒါနပြု သန့်ရှင်းသပ္ပါယ်ခွင့် ရရှိခဲ့သော စူဠာမဏိစေတီတော်မြတ်ကြီးအား ယနေ့ (စက်တင်ဘာလ ၂ ရက်) နေ့တွင် ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များမှ ပြည်ခိုင်ဖြိုးပါတီဝင် အင်အား (၄၆၀) မှ လုပ်အားဒါပြု သန့်ရှင်း ဆောင်ရွက်ခဲ့ကြသည်။

ပခုက္ကူခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ ဒုတိယအကြိမ်ပါတီညီလာခံမှ ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ်များ တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ သြဂုတ်လ (၃၀) ရက် နံနက် (၁၀) နာရီအချိန်က က ပခုက္ကူခရိုင်/မြို့နယ် ပါတီကော်မတီဝင်များတွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။

Yaw Min Thar2

အစည်းအဝေးတွင် ဒုတိယအကြိမ် ပါတီညီလာခံ(၂၀၁၆) မှ ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး ငလျှင်ဒဏ်ကြောင့် ပျက်စီးသွားသည့် မြန်မာတို့၏ နှလုံးသား ပုဂံဒေသရှိ ဘုရားပုထိုးများ ပြုပြင်မွမ်းမံရေးလုပ်ငန်းများတွင် လုပ်အားဒါန ပါဝင်ကူညီဆောင်ရွက် နိုင်ရေးအတွက် အသေးစိတ် ဆွေးနွေး ခဲ့ကြပြီး နေ့လည် (၁၂) နာရီခွဲ အချိန်တွင် အစည်းအဝေး အောင်မြင်စွာ ပြီးဆုံးကြောင်း သတင်းရရှိသည်။

yawminthar(pku)

(more…)


“ရာဇသင်္ဂဟ ဖောင်ဒေးရှင်း” မှ သက်ကြီးဘိုးဘွားများအတွက် လှူဒါန်းငွေအား ဆင်ပေါင်ဝဲပြည်ခိုင်ဖြိုး သွားရောက် လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနာယက၊ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် ၏ “ရာဇသင်္ဂဟ ဖောင်ဒေးရှင်း” မှ နိုင်ငံတော်အတွင်း အသက် (၁၀၀) နှစ် နှင့်အထက် အဖိုးအဖွားများ၏။ ကျန်းမာရေး၊ လူနေမှုဘဝ အဆင်ပြေစေရေး အထောက်အကူပြုစေရန် တစ်ဦးလျှင် ကျပ် (၂) သိန်းနှုန်းဖြင့် ထောက်ပံ့လှူဒါန်းခဲ့ရာ မကွေးတိုင်းဒေသကြီးး ဆင်ပေါင်ဝဲမြို့နယ် စစ္စေးချောင်းရွာမှ အဖွား ဒေါ်အေးမြိုင် (၁၀၁) နှစ်အား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ သြဂုတ်လ (၃၁) ရက်နေ့က ကျေးရွာအရောက် သွားရောက်လှူဒါန်း ခဲ့ကြောင်း သိရသည်။

ချောက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ငလျင်ဒဏ်သင့် ပုဂံဘုရားများတွင် လုပ်အားဒါနပြု ရှင်းလင်းရေးဆောင်ရွက်

၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၄) ရက်နေ့က တနိုင်ငံလုံးအတိုင်းအတာဖြင့် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ဘုရားများ အနက် ဘုရားအမှတ် ၄၃၂ ဘုရားနှင့် ဘုရားအမှတ် ၆၉၇ ဆင်ဖြူရှင်ဘုရားကြီး၌ ပြိုကျပျက်စီးမှုများအား မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များမှ လုပ်အားဒါနဖြင့် သြဂုတ် (၃၀) ရက်နေ့က လုပ်အားဒါနပြု ရှင်းလင်းးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့ပေါ်ရှိ ဆရာတော် သံဃာတော်များနှင့် သီလရှင်များအား ရေစကြိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မိသားစုမှ ယနေ့ (၃၀-၈-၂၀၁၆) အာရုံဆွမ်း လောင်းလှူခဲ့ကြကြောင်း သိရသည်။


ပြည်ခိုင်ဖြိုးပါတီဝင်များ ပုဂံဒေသ သန့်ရှင်းရေးလုပ်အားပေး ဆောင်ရွက်

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော ပုဂံဘုရားများအနက်မှ စေတီ အမှတ် ၄၃၂ တွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များမှ သန့်ရှင်းရေး လုပ်အားပေး ဆောင်ရွက်လျှက်ရှိသည်။

14199268_1186199318068277_5617277440920056833_n

(more…)


ရေစကြိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီရှေ့လုပ်ငန်းစဉ်များ တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသိန်းလွင်မှ သြဂုတ်လ (၂၈) ရက်က မြို့နယ်ပါတီရုံး၌ မြို့နယ်ပါတီကော်မတီဝင်များ၊ အရံကော်မတီဝင်များနှင့် တွေ့ဆုံ၍ ၂၁-၈-၂၀၁၆ မှ ၂၄-၈-၂၀၁၆ ထိ ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံတွင် ဆောင်ရွက်သည့် လုပ်ငန်းစဉ်များနှင့် ညီလာခံမှ ချမှတ်လိုက်သော ရှေ့လုပ်ငန်းစဉ် (၇)ရပ်အား ရှင်းလင်း ပြောကြားပြီး အကောင်အထည်ဖော်ဆောင်ရန်အတွက် ဆွေးနွေးချက်များ၊ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြကြောင်း သိရသည်။

ဒေသအကျိုး ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေး

သြဂုတ်လ (၂၈) ရက် နံနက် (၈) နာရီအချိန် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၊ ကမ္မမြို့ အမှတ်(၂) လက်ပြရပ်ကွက်တွင် ရေနံပိုက်လိုင်းမှ ရေနံယိုစိမ့်မှုတခုဖြစ်ပွားခဲ့ပါသည်။

Shwe Nwe Yo3

(more…)


ဒုတိယအကြိမ်ပြည်ခိုင်ဖြိုးပါတီ ညီလာခံကို ကြိုဆိုသောအားဖြင့် ဘကကျောင်းနှင့်ကံကြီးပရဟိတမိဘမဲ့ဂေဟာတွင်အလှူငွေလှူဒါန်း

မကွေးတိုင်းဒေသကြီး ဆော မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒုတိယအကြိမ် ပြည်ခိုင်ဖြိုးပါတီညီလာခံကိုကြိုဆို သောအားဖြင့် ဆောမြို့နယ်ဆောမြို့ ဘကကျောင်းနှင့် ကံကြီးလူငယ် ဖွံ့ဖြိုးရေးပရဟိတဂေဟာတို့အား အလှူငွေနှင့်စာအုပ်၊ ခဲတံ၊ အဝတ် အစားများ ပေးအပ်လှူဒါန်းပွဲ ဆောင်ရွက်ခဲ့သည်။