မင်းဘူးခရိုင်ပါတီ လူငယ်ရေးရာဆွေးနွေးပွဲပြုလုပ်

14572888_180219159088770_7611523144156923045_n

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ရေးရာဆွေးနွေးပွဲကို အောက်တိုဘာ (၇) ရက်နေ့က  ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးဆန်းညွန့်အောင်နှင့် ကော်မတီဝင် ဦးစောဝင်းမောင် ဦးကျော်သူဦးနှင့် မင်းဘူးခရိုင်ဥက္ကဌ နှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲ၊ စေတုတ္တရာမြို့နယ်များမှ မြို့တယ်ပါတီဥက္ကဌများနှင့် လူငယ် တာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ခရိုင် မြို့နယ် ပုံမှန်အစည်း အဝေးကျင်းပ

မကွေးတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော်မတီဝင်များနှင့် ခရိုင်/မြို့နယ် ပါတီဥက္ကဋ္ဌ များ၊ အတွင်းရေးမှူးများနှင့် ဘဏ္ဍာရေးမှူးများ၏ ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယခုလ ၃ရက် နံနက် ၁ဝ နာရီတွင် တိုင်းဒေသကြီးပါတီ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

14492563_437681209740345_7505644629645376872_n

(more…)


ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပက်သက်၍ ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ(၁၁)ပါတီ၏ သဘောထား ကြေညာချက်များကို အများပြည်သူ သိရှိစေရန်ဖြန့်ဝေ

ပခုက္ကူခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသိန်းထွန်း၏ ဦးဆောင်လမ်းညွန်းမှူဖြင့် ယနေ့ (စက်တင်ဘာ ၃၀ ရက်) နံနက် (၈) နာရီ အချိန်တွင် ပခုက္ကူမြို့နယ် မြစ်ခြေတိုက်နယ်ရှိ လူစည်းကားရာ မြစ်ခြေ ပြည်သူဈေးနှင့် ပခုက္ကူ-ဆိပ်ဖြူ ကားလမ်းမပေါ်တွင် ပခုက္ကူမြို့နယ် ပါတီကော်မတီဝင်များဖြစ်ကြသော ဦးဇော်မင်းထိုက် (yawminthar)၊ ဒေါ်ပိုပိုမြင့်၊ ဦးကံဦး၊ ဦးမောင်နိုင်၊ ဦးဝင်းဌေးမြင့်တို့ ဦးဆောင်သော ပါတီဝင်များ စုပေါင်းကာ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပက်သက်၍ ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ(၁၁)ပါတီ၏ သဘောထား ကြေညာချက်များကို အများပြည်သူ သိရှိစေရန် ခရီးသွားပြည်သူများအား ဖြန့်ဝေခြင်းနှင့် မြစ်ခြေ ဈေးသို့ ဈေးရောင်းဈေးဝယ် လာရောက်ကြသော ပြည်သူများကို ဖြန့်ဝေခြင်းများကို နံနက် (၉) နာရီခွဲအထိ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရှိရသည်။

ပခုက္ကူပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ ရှေ့လုပ်ငန်းစဉ်များဆွေးနွေး

မကွေးတိုင်းဒေသကြီးပါတီကော်မတီဝင် ဦးသော်ဇင်ဦး၊ ပခုက္ကူခရိုင်ပါတီဥက္ကဌ ဦးသိန်းထွန်းတို့သည် စက်တင်ဘာလ (၂၉) ရက် နေ့လည်ပိုင်းက ပခုက္ကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီကော်မတီဝင်များ၊ အရံကော်မတီ များနှင့် တွေ့ဆုံ၍ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ပါတီကော်မတီများမှ ပြန်လည်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

# ရဲနိုင်


မကွေးမြို့နယ် ပုတီးကုန်းကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်သစ်တင်

မကွေးမြို့နယ် သမန်းတောအုပ်စု ပုတီးကုန်းကျေးရွာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်အသစ်တင်ပွဲ အခမ်းအနားကို စက်တင်ဘာ (၂၇) ရက်နေ့က ကျင်းပရာ မကွေးမြို့နယ်ပါတီဥက္ကဋ္ဌ၊ မြို့နယ်ပါတီ အတွင်းရေးမှူး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေး စည်းမှူးများနှင့် ကျေးရွာရှိ ရပ်မိရပ်ဖများ တက်ရောက် အားပေးကြပြီး ပါတီရှေ့လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စများ ပူပေါင်းလုပ်ဆောင်ရန် ဆွေးနွေးတင်ပြခဲ့ကြ ကြောင်း သိရသည်။

ကိုစိန်မြင့်

မကွေးတိုင်းဒေသကြီးပါတီကော်မတီ အပတ်စဉ် လုပ်ငန်းညှိနှိုင်းစည်းဝေး

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တိုင်း ဒေသကြီးပါတီကော်မတီအဖွဲ့၏ အပတ်စဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝ နာရီ က တိုင်းဒေသကြီးပါတီအစည်း အဝေးခန်းမ၌ ကျင်းပရာ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်ဌေးက ပါတီလုပ်ငန်းများ ဆောင်ရွက်ရာတွင် စည်းလုံးညီညွတ် စွာဖြင့် လုပ်ကိုင်ပါက ပိုမိုအောင်မြင်သည်မှာ လက်တွေ့ဖြစ်ကြောင်း၊ ပါတီ ဌာနချုပ်နှင့် ခရိုင်၊ မြို့နယ်များအကြား လုပ်ငန်းဆက်သွယ်မှု ချောမွေ့စေရေး အတွက် တိုင်း၊ ခရိုင်၊ မြို့နယ် မျက်နှာစုံညီ အစည်းအဝေးများကိုလည်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အများသဘောတူဆုံးဖြတ်ချက်ဖြင့် ပါတီ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်၍ တက်ရောက်လာသော ကော်မတီဝင်များက အကြံပြု ဆွေးနွေး မှုများ ဆောင်ရွက်စေလိုကြောင်း မှာကြားသည်။

ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ရွှေပြည်တော်သို့ဆုံမှတ်အဖွဲ့ဝင်များ ရှေးဟောင်းသမိုင်းဝင်စေတီများ သန့်ရှင်းရေး ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ရေစကြိုမြို့ ဇယမအုပ်စု ဇယမကျေးရွာ အနီး ရှေးဟောင်းအမွေအနှစ် ငမွန်းကုန်း ရှေးဟောင်းသမိုင်းဝင် စေတီ (၁၀)ဆူအား ပြန်လည်ပြုပြင်ရန်အတွက် ပခုက္ကူခရိုင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် ခရိုင်ပါတီအတွင်းရေးမှူး ဦးမြင့်နိုင်တို့ ဦးဆောင်၍ ပခုက္ကူ၊ ရေစကြိုမြို့နယ် ပါတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအဖွဲ့နှင့် ကျေးရွာသူ/ကျေးရွာသား စုစုပေါင်း အင်အား (၂၅၀)ဦးတို့မှ စက်တင်ဘာလ (၂၄) ရက်နေ့ နံနက် (၈) နာရီခွဲအိချိန်မှစ၍ အုတ်ကျိုးများ ရှင်းခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက်ခြင်းများကို လုပ်အားဒါနပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ တိုင်းပါတီ အပတ်စဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

မကွေးတိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ (၂၀) ရက် နံနက် (၁၀) နာရီအချိန်တွင် တိုင်းဒေသကြီး ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးမှ အစည်းအဝေးကျင်းပပုံ နည်းလမ်းတကျဖြစ်စေရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့် ပါတီ၏ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ သည်။

ပခုက္ကူတွင် ခွာနာလျှာနာ ဖြစ်ပွားနေသော နွား၊ ၀က်၊ ဆိတ်များ ကုသရေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ဂ၀ံလေးတိုင်ကျေးရွာအုပ်စုတွင် လွန်ခဲ့သော (၅) ရက်ခန့်က နွား၊ ၀က်၊ ဆိတ်များ ခွာနာလျှာနာ အပြင်းအထန် ဖြစ်ပွားနေမှုအား ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပခုက္ကူခရိုင်ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ ခရိုင်တိမွေးကုဌာနတို့ ပူးပေါင်း၍ အဆိုပါရောဂါ ဖြစ်ပွားနေသော နေရာသို့ ပဏာမလေ့လာပြီး ပခုက္ကူမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ ယခင်ကလေ့ကျင့်သင်ကြားပေးထားသော တိရစ္ဆာန်ကုသရေး လုပ်သား (ကြက်ခြေပြာ) များဖြင့် အချိန်နှင့် တစ်ပြေးညီ ကူညီဆောင်ရွက် သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ဗဟိုအလုပ်အမှုဆောင်၊ တိုင်းပါတီဥက္ကဋ္ဌ မင်းဘူး(စကု) မြို့နယ်နယ်ပါတီ လုပ်ငန်းတာဝန်ခွဲဝေချထားခြင်း အစည်းအဝေးသို့ တက်ရောက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူခရိုင်၊ မင်းဘူး(စကု)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီ လုပ်ငန်းတာဝန် ခွဲဝေချထားခြင်း အစည်းအဝေးကို စက်တင်ဘာလ (၁၉) ရက်က မြို့နယ်ပါတီရုံးတွင် ကျင်းပ ပြုလုပ်ရာ ပါတီဗဟိုကော်မတီဝင်၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေးနှင့် ဗဟိုကော်မတီဝင် ဦးကျော်သူဦး၊ ဦးအောင်နိုင်၊ တိုင်းအရံပါတီကော်မတီဝင် ဦးအေးသူ၊ ခရိုင်ပါတီဥက္ကဌနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။