မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီမှ တတိယနေ့အဖြစ် နယ်လှည့် ဆေးကုသရေးအဖွဲ့ အခမဲ့ လှည့်လည်ကုသ

 

ဇူလိုင် ၁၊ ကံမ

ပြည်သူ့ကျန်းမာရေး အထူးကုဆရာဝန်ကြီးများ ပါဝင်သော နယ်လှည့်ဆေးကုသရေး အဖွဲ့ဖြင့် နိုင်ငံအဝှမ်း လှည့်လည်ပြီး အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဇူလိုင်လ (၁) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်တွင် တတိယနေ့အဖြစ် ယွန်းကျောင်းပရိယတ္တိ စာသင်တိုက်ရှိ ဆရာတော်၊ သံဃာတော်များအား ကျန်းမာရေးဆေးစစ်မှုများအဖြစ် သွေးတိုး၊ ဆီးချို၊ နှလုံး နှင့် အခြားရောဂါဝေဒနာများ စစ်ဆေးကုသမှုများ၊ ဆေးဝါးပစ္စည်းများ လှူဒါန်းခြင်းတို့အား ပြုလုပ်ခဲ့ပါသည်။

မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ နယ်လှည့် ဆေးကုသရေးအဖွဲ့ အခမဲ့ လှည့်လည်ကုသ

ပြည်သူ့ကျန်းမာရေး အထူးကုဆရာဝန်ကြီးများ ပါဝင်သော နယ်လှည့်ဆေးကုသရေး အဖွဲ့ဖြင့် နိုင်ငံအဝှမ်း လှည့်လည်ပြီး အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဇွန်လ (၃၀) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၊ တောင်စကိုင်းကျေးရွာတွင် ကုသပေးလျက်ရှိရာ ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့်ဇနီး ဒေါ်ခင်မျိုးဌေးတို့ ကိုယ်တိုင်လာရောက် အားပေး ခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ပေါက်မြို့နယ်ရှိ ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

 

ဇွန် ၂၄၊ ပေါက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး၊ ဦးပိုက်ထွေးသည် ၂၄-၆-၂၀၁၉ ရက်နေ့ တနလာင်္နေ့ နေ့လည် ၁၃၀၀ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ တိုင်း/ ခရိုင်/ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ဆိပ်ဖြူမြို့နယ် အုန်းမှင်ရွာရှိ ပြည်သူများနှင့် တွေ့ဆုံ

 

ဇွန် ၂၄၊ ဆိပ်ဖြူ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး၊ ဦးပိုက်ထွေးသည် ၂၄-၆-၂၀၁၉ ရက်နေ့ တနလာင်္နေ့ နံနက် ၀၉၀၀ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ တိုင်း/ခရိုင်/ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။

ချောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ သစ်ပင်စိုက်ပျိုးပွဲတွင် ပါဝင်လုပ်အားပေး

 

ချောက် ဇွန် ၁၉

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် ယမန်နေ့ နံနက် ၇ နာရီက ချောက်မြို့ အပူရှိန် လျော့ကျရေး သစ်ပင်စိုက် ပျိုးရေးပွဲသို့တက်ရောက် လုပ်အားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးရေး ပွဲတော်သို့ ချောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းနိုင်ဦး၊ အတွင်းရေးမှူး ဦးသန်းလှိုင်နှင့် မြို့နယ်ကော်မတီဝင်များ၊ လူငယ်နှင့် အမျိုးသမီးရေးရာ ကော်မတီဝင်များနှင့် ရပ်ကျေးပါတီဝင်များ တက်ရောက်လုပ်အားပေး ခဲ့ကြကြောင်း သိရသည်။

စလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ ကျေးလက် တောင်သူကြီးများ စိုက်ပျိုးအောင်မြင်ရေး ဆက်စပ် ကူညီပေး

 

စလင်း ဇွန် ၁၇

စလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပုံမှန်အစည်းအဝေး ကျင်းပ

 

စလင်း ဇွန် ၁၂

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက စလင်းပြည်ခိုင်ဖြိုး ပါတီ၏ ပုံမှန်လပတ် အစည်းအဝေး ကျင်းပခဲ့သည်။ ရှေးဦးစွာ စလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမြိုင်က အဖွင့်အမှာစကားပြောကြားပြီး နိုင်ငံရေးပါတီ ၂၄ ပါတီက နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေး စာကိုဖတ်ကြားသည်။ ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဇော်နိုင်က စလင်းမြို့နယ် အတွင်းရှိ ရပ်ကွက်ကျေးရွာများ၌ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်များ စိုက်ထူထားရှိရန် မှာကြားသည်။

ရေစကြိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရေနွေးကြမ်း စကားဝိုင်း ကျင်းပ

 

မကွေး ဇွန် ၁၁

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ သဲတောကျေးရွာ၊ ကျောက်ထပ်ကျေးရွာ၊ ကျောက်လှေခါးကျေးရွာနှင့် ကြီးကံကျေးရွာများသို့ ယမန်နေ့ နံနက်က သွားရောက်၍ ပြည်ခိုင်ဖြိုးပါတီ၏ ရည်မှန်းချက်၊ ရပ်တည်ချက်များ၊ လုပ်ဆောင်ချက်များနှင့် လက်ရှိဖြစ်ပေါ် နေသော နိုင်ငံရေးအခြေအနေများကို ပါတီဝင်များ၊ ပါတီမိတ်ဆွေများနှင့် တွေ့ဆုံ၍ ရေနွေးကြမ်း စကားဝိုင်းကို ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ဆွေးနွေးဆောင်ရွက် ခဲ့ကြသည်။

ချောက်မြို့နယ် အပူချိန်လျှော့ချရေး သစ်ပင်စိုက်ပျိုးရေးတွင် ပြည်ခိုင်ဖြိုးပါတီဝင်များ ပူးပေါင်းပါဝင် တက်ကြွစွာ ဆောင်ရွက်

 

ချောက် ဇွန် ၁ဝ

ချောက်မြို့နယ် အမှတ်(၁) ရေအိုးစင်ရပ်ကွက် စိုက်ကွက် အမှတ် (၁) ရှစ်မျက်နှာဘုရား၊ အမှတ် (၁ဝ) ရပ်ကွက်အောင် မင်္ဂလာဘုရားအနီး စိုက်ကွက်အမှတ် (၂)၊ အေးစေတီရပ် ရွှေတိဂုံပုံတူဘုရား အနီးတို့တွင် ယမန်နေ့ နံနက်ပိုင်းက စိုက်ပျိုးပင်ပေါင်း ၂ဝဝဝဝ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

နတ်မောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ သောက်ရေရှားပါးသည့် ကျေးရွာများသို့ သောက်သုံးရေ သွားရောက် လှူဒါန်း

 

နတ်မောက် ဇွန် ၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျောက်ပုံကျေးရွာအုပ်စု ဂွေးကန် (တ) ကျေးရွာအား နတ်မောက် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဥက္ကဋ္ဌ ဦးဇော်လတ်မိုးနှင့်အတူ မြို့နယ်ပါတီကော်မတီဝင် ဦးထွန်းမှီ၊ ဦးအောင်မြငြိမ်း၊ ဦးသန်းဝင်း၊ ဦးစိန်ကျော်လင်းနှင့် ပြည်ခိုင်ဖြိုးပါတီဝင်များ လိုက်ပါပြီး သောက်သုံးရေ သန့်များ လှူဒါန်းခဲ့ကြောင်း သိရသည်။