ချောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ သောက်သုံးရေသန့်များ နေ့စဉ်လှူဒါန်း

 

မကွေး မေ ၁၃

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များသည် ချောက်မြို့နယ်အတွင်း သောက်သုံးရေ ပြတ်လပ်လျက်ရှိသော ကျေးရွာများသို့ နေ့စဉ်သောက်သုံးရေသန့်များ လှူဒါန်းပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက ချောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းနိုင်ဦး၊ အတွင်းရေးမှူး ဦးသန်းလှိုင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ဥက္ကဋ္ဌများ၊ ပါတီဝင်များက ဂွေးချိုတိုက်နယ် သစ်တိုကန်အုပ်စု စန်းနီစန်းကန် ကျေးရွာများသို့ သောက်ရေသန့်ဘူးကြီး ၄၃၅ ဘူးအား သွားရောက် လှူဒါန်း ပေးခဲ့ကြကြောင်း သိရသည်။

နွယ်နီနိုင်(ချောက်)