လွိုင်ကော်ခရိုင် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ စည်းဝေး ၊ ခရိုင်ကော်မတီဝင် အသစ်ရွေးချယ်

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ခရိုင်ကော်မတီဝင်အသစ် ရွေးချယ်ခြင်း အခမ်းအနားကို ကယားပြည်နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၂၉)ရက် နံနက်(၀၉၀၀)အချိန်က ကျင်းပ ပြုလုပ်ရာ၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးစိုးသိန်း၊ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီတို့ တက်ရောက် အားပေးကြကြောင်း သိရသည်။

ဗဟိုအလုပ်အမှုဆောင်များမှ တက္ကသိုလ်ဝင်စာမေးပွဲအောင် မသန်စွမ်းသူလေးအား ထောက်ပံ့ငွေ ပေးအပ်

UST

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင် ဦးစိုးသိန်းနှင့် ဗဟိုအလုပ် အမှုဆောင် ဦးခင်ရီတို့သည် ဇူလိုင်လ (၁၈)ရက်နေ့၊ ညနေ (၃) နာရီအချိန်က ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒကစ၀င်း အိမ်ထောင်သည်လိုင်းတွင် မိသားစုနှင့်အတူ နေထိုင်လျက်ရှိသော မွေးရာပါ လက်မပါ၊ ခြေဖြင့်သာ ရေးသားဖြေဆိုပြီး၊ ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ခဲ့သူ နော်ဒါးခူ အား သွားရောက်တွေ့ဆုံပြီး ပံ့ပိုးငွေ (၁၀၀၀၀၀၀ိ/-) (ကျပ်ဆယ်သိန်း) ပေးအပ်ကာ အားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

ကယားပြည်နယ်ပြည်ခိုင်ဖြိုးပါတီ တတိယအကြိမ်မြောက် ၀ါဆိုသင်္ကန်း ကပ်လှူပူဇော်

ကယားပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ ယနေ့ (ဇူလိုင်လ ၁၅ရက်) နံနက် (၁၀) နာရီ လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီခန်းမ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမိသားစုတို့မှ တတိယ အကြိမ် မြောက် ဝါဆိုသင်္ကန်းကပ်လှူ ပူဇော်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။

၎င်းအခမ်းအနားတွင် ရွှေကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူပြီး လှူဘွယ်ဝတ္ထုအစုစုနှင့် သင်္ကန်းများ ဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချ တရားနာကြပါသည်။

ဒါနရှေ့ဆောင်အဖွဲ့နှင့် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ တွေ့ဆုံဆွေးနွေး

13645290_404849413023525_7381713558035149778_n

ဇူလိုင်လ (၁၁) ရက် နေ့လည် (၁၁) နာရီအချိန်က ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးအပေါ်ထပ် အစည်းအဝေးခန်းမ တွင် ဒါနရှေ့ဆောင်အဖွဲ့ ကယားပြည်နယ်တာဝန်ခံ ဒေါ်စန္ဒာဝင်း ဦးဆောင်သော အဖွဲ့နှင့် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးလူရယ်ဘိုးလူ၊ ပြည်နယ် ပါတီကော်မတီဝင် ဦးကျော်မြင့် လွိုင်ကော်ခရိုင်ပါတီ ကော်မတီဝင် ဒေါ်ဗျားမြာမောင်၊ ဒေါ်ဒေါရစ်လေး လွိုင်ကော်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမောင်ရွှေ မြို့နယ်ပါတီအတွင်းရေးမှူး ဦးကူးရယ်၊ မြို့နယ်ပါတီ ကော်မတီဝင် ဒေါ်ခင်သန္တာထွန်း တို့နှင့် တွေ့ဆုံကာ ဒါနရှေ့ဆောင် လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့ (ဇူလိုင် ၇ ရက်) နံနက် (၁၀း၃၀) အချိန်က မြို့နယ်ပါတီရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

13423872_395401823968284_1024692218516616870_n

(more…)


လွိုင်ကော်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေးကျင်းပ

ကယားပြည်နယ် လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မျက်နှာစုံညီ အစည်း အဝေးကို ယနေ့ (ဇွန်လ ၃၀ ရက်) နံနက် (၁၀) နာရီအချိန်က မြို့နယ်ပါတီရုံးတွင် ကျင်းပခဲ့သည်။

13512237_809063035863250_6334964320921245971_n

(more…)


ဖရူဆိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးကျင်းပ

ကယားပြည်နယ် ဖရူဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇွန်လ (၂၇) ရက် နံနက် (၁၀း၂၀) နာရီက မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။
ဦးစွာ အခမ်းအနားမှူးက တက်ရောက်ခွင့်ရှိသူ၏ ၉၅% တက်ရောက်သဖြင့် အစည်းအဝေး အထမြောက် ကြောင်းကြေညာပြီး အခမ်းအနားကိုစတင်ရာ ပြည်နယ်ပါတီဗဟိုကော်မတီဝင် ဦးလူရယ်ဘိုးလူမှ အမှာ စကား ပြောကြား သည်။

ဗဟိုအလုပ်အမှုဆောင် ဦးစိုးသိန်းနှင့် ဦးခင်ရီ မြို့နယ်အဆင့်ပါတီ မျက်နှာစုံညီ အစည်းအဝေးများသို့ တက်ရောက် အားပေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသော ဦးစိုးသိန်းနှင့် ဦးခင်ရီ တို့သည် ကယားပြည်နယ်ရှိ မယ်စဲ့ မြို့နယ်၊ ဖားဆောင်းမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ရှာတော မြို့နယ်တို့၏ မြို့နယ်အဆင့်ပါတီ မျက်နှာစုံညီအစည်းအဝေးများသို့ တက်ရောက်၍ အမှာစကား ပြောကြား အားပေးခဲ့ကြောင်း သိရှိရသည်။

ကယားပြည်နယ်ပြည်ခိုင်ဖြိုး မြို့နယ်အလိုက် ပါတီမျက်နှာစုံညီအစည်းအေး ကျင်းပနိုင်ရေး တွေ့ဆုံ ဆွေးနွေး

ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် မြို့နယ် (၇) မြို့နယ်တွင် မျက်နှာ စုံညီအစည်းအဝေး ကျင်းပပြုလုပ်၍ မြို့နယ်အဆင့် ပါတီကေဒါများ ပြန်လည်ရွေးချယ်အတည်ပြုနိုင် ရေး ညှိနှိုင်းအစည်းဝေးကို ဇွန်လ (၁၅) ရက်နေ့ နံနက် (၁၀) နာရီအချိန်က ပြည်နယ်ပါတီ သီးသန့် အစည်းအေ၉းခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗဟိုကော်မတီဝင်နှင့်အဖွဲ့ ပညာသင်စရိတ် ပံ့ပိုးလှူဒါန်း

ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို ကော်မတီဝင် ဦးလူရယ်ဘိုးလူနှင့် ပြည်နယ်ပါတီကော်မတီဝင် ဦးကျော်မြင့်၊ ဦးအောင်ဆန်း၊ ဦးတင်ဦး၊ လွိုင်ကော်ခရိုင်ပါတီ အတွင်းရေးမှူး ဦးသိန်းဇော်၊ လွိုင်ကော်မြို့နယ်ပါတီ ကော်တီဝင် ဦးမောင်ရွှေ၊ ဦးလင်းမြတ်ဦး၊ ဦးကူးရယ် နှင့် ပြည်နယ်ပါတီရုံးအဖွဲ့တို့သည် ဇွန်လ (၁၄) ရက် နံနက် (၁၀) နာရီခွဲ အချိန်က လွိုင်ကော်မြို့၊ ခလရ-၅၄ တပ်ရင်းသို့ သွားရောက်ပြီး တပ်ကြပ် စောသောဒေါ၏ သမီး နောထူးဖော (ခ) နော်ဒါးခု (လက်နှစ်ဖက်မပါ) သည် ၂၀၁၅-၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့သည့် အတွက် ငွေကျပ် (၁၅၀၀၀၀ိ/-) သွားရောက် ပံ့ပိုး ပေးခဲ့ကြောင်း သတင်း ရရှိသည်။