လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့ (ဇူလိုင် ၇ ရက်) နံနက် (၁၀း၃၀) အချိန်က မြို့နယ်ပါတီရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

13423872_395401823968284_1024692218516616870_n

အစည်းအဝေးတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးမောင်ရွှေက အမှာစကား ပြောကြားရာ မိမိတို့ပါတီ၏ အသက်သည် စည်းရုံးရေးဖြစ်သဖြင့် စည်းရုံးရေး ကို အဓိကထားဆောင်ရွက်ရမည့်အပြင် ကော်မတီဝင်အသစ် များအနေဖြင့် လူအကြည်ညို ခံပုဂ္ဂိုလ်ဖြစ်အောင် နေထိုင်သင့်ကြောင်း၊ ကွင်းဆင်းဟောပြော စည်းရုံးနိုင်ရန် ကြိုးစားဖို့ လိုအပ်ကြောင်းနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ပါသည်။

ဆွေးနွေးရာတွင် ပါတီတွင်းစည်းလုံးညီညွတ်ရေး၊ မိမိအပိုင်နယ်မြေအလိုက် လူဦးရေ စာရင်းဇယားများ သိရှိအောင် ဆောင်ရွက်ထားရေး၊ ရေးရာကော် မတီအလိုက် ဖွဲ့စည်းပြီး ရှေ့ဆက်ရမည့်လုပ်ငန်းများကို တာဝန်သိသိ ဆောင်ရွက်သွားကြရန် ရှင်းလင်း ဆွေးနွေးသွားပါသည်။

အစည်းအဝေးတွင် အသစ်ရွေးချယ်ခံရသော မြို့နယ်ပါတီကော်မတီဝင်များမှ မိတ်ဆက်ကြပြီး၊ ကော်မတီဝင် များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အပတ်စဉ် (သောကြာနေ့) တိုင်း ပြုလုပ်သွားရန်၊ အရံပါတီကော်မတီ ၀င်များနှင့် တွေ့ဆုံပွဲများကျင်းပနိုင်ရေး၊ ပါတီဝင်အင်အား တိုးတက်ရေးတို့ကို အဓိကထား ဆောင်ရွက်သွား ကြရန် ဆွေးနွေးခဲ့ကြသည်။

ကူးရယ် (လွိုင်ကော်)


Leave a Reply