နှစ် (၆၀) ပြည့် ကယားပြည်နယ်လုံးဆိုင်ရာ စုပေါင်းကေ့ထျိုးဘိုးရိုးရာပွဲတော်သို့ ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီမှ တက်ရောက်အားပေးခြင်း

 

ဒီးမော့ဆိုမြို့ – မတ်လ ၂၁

မတ်လ (၂၁) ရက်နေ့ နံနက် (၇း၀၀) နာရီအချိန်တွင် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ ဒေါကလော်ဒူကျေးရွာအုပ်စု၊ (ကန်ခုနှစ်ဆင့်) ဒေါတငူး(ရှေ့) ကျေးရွာတွင် နှစ် (၆၀) ပြည့် ကယားပြည်နယ်လုံးဆိုင်ရာ စုပေါင်းကေ့ထျိုးဘိုးရိုးရာပွဲတော်သို့ ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်းနှင့် ပြည်နယ်ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒီးမော့ဆိုမြို့နယ် ကော်မတီဝင်များ တက်ရောက်ကြပါသည်။
ယင်းပွဲတော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ၊ ကယားပြည်နယ်လုံးဆိုင်ရာကေ့ထျိုးဘိုးရိုးရာဂေါပကအဖွဲ့ချုပ် ဥက္ကဌ ဦးပိုးရယ်အောင်သိန်းသည် စုပေါင်းကေ့ထျိုးဘိုးတိုင်တော်စိုက်ထူခြင်း၊ ကဗ္မည်းကျောက်စာတိုင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ကဗ္မည်းကျောက်စာတိုင်အား အမွှေးနံ့သာပက်ဖြန်းခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ပွဲတော်ကျင်းပရေးအခမ်းအနားလူထုအစည်းအဝေးတွင် အမှာစကား ပြောကြားခဲ့ကြောင်းနှင့် တက်ရောက်လာသောဧည့်သည်တော်များအား နေ့လည်စာမိတ်ဆုံစားပွဲဖြင့် ဂုဏ်ပြုဧည့်ခံကြောင်း သိရှိရသည်။

ရှားတောမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နွေရာသီသင်တန်း တက်ရောက်နေသော ခလးသူငယ်များအား အချိုရည်များ သွားရောက်လှူဒါန်းခြင်း

 

ရှားတောမြို့ – မတ်လ ၂၁
၂၁.၃.၂၀၁၈ ရက်နေ့ နေ့လည် (၁း၀၀) နာရီအချိန်တွင် ကယားပြည်နယ် ရှားတောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရှားတောမြို့ပေါ်ရှိ နှစ်ခြင်းခရစ်ယာန်အသင်းတော်ဘုရားကျောင်းတွင် ” ဘုရားဘုန်းတော် ထင်ရှားရာ နိုင်ငံသားကောင်းဖြစ်စေပါ” နွေရာသီသင်တန်း တက်ရောက်နေသော ခလးသူငယ်များအား အချိုရည် သွားရောက်လှူဒါန်းပါသည်။
၎င်းအချိုရည်များ သွားရောက်လှူဒါန်းရာတွင် ရှားတောမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးပေါလ၊ူ အတွင်းရေးမှူး ဒေါ်အန်ဂျလေးနာမလေးနှင့် မြို့နယ်ကော်မတီဝင်များ၊ သင်တန်းသူ/သားများ ကလေးမိဘများ စုစုပေါင်း (၈၀) ဦးကျော် တက်ရောက်ကြောင်း သတင်းရရှိသည်။

လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ချိကယ်ကျေးရွာအုပ်စု ဒေါတခြား (ကယား) ရွာ ပါတီဝင်များနှင့်တွေ့ဆုံ

 

လွိုင်ကော် မတ် ၁၅

လွိုင်ကော်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ချိကယ်ကျေးရွာအုပ်စု ဒေါမူကလားရွာ ပါတီဝင်များနှင့် တွေ့ဆုံပွဲ

 

လွိုင်ကော်မြို့၊ မတ်လ ၁၃

ရှားတောမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း

 

ရှားတောမြို့-မတ်လ ၁၃

၁၃.၃.၂၀၁၈ ရက်​​နေ့နံနက်​ ၁၀ နာရီအချိန်​တွင်​ ကယားပြည်နယ် ရှားတောမြို့နယ် ပြည်​ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ ဒေါလဲဒူ​ကျေးရွာ ဘုန်း​တော်​ကြီး​ကျောင်းဆရာတော်အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းပါ သည်။
ပြီးနောက် ဒေါလဲဒူဘုန်းတော်ကြီးကျောင်းတွင်​ ဖွင့်​လှစ်​​ပေး​သော ​နွေရာသီယဉ်​​ကျေးလိမ္မာသင်​တန်းတွင်​ တက်​​ရောက်​​သော က​လေးသူငယ်​များနှင့်​ မိဘများ ၁၂၀ ဦးတို့အား ​ခေါက်​ဆွဲ​ကျော်​ အာဟာရ ​ကျွေး​မွေး​ပါသည်​။
၎င်းနေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ကလေးသူငယ်များအား အာဟာရကျွေးမွေးရာတွင် ရှားတောမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးပေါလူ၊ အတွင်းရေးမှူး ဒေါ်အန်ဂျလေးနာမလေးနှင့် မြို့နယ်ကော်မတီဝင်များ ဒေါလဲဒူရွာ ယဉ်ကျေးလိမ်မ္မာ သင်တန်းသူ/သားများ ကလေးမိဘများ စုစုပေါင်း (၁၂၀) ဦးကျော် တက်ရောက်ကြောင်း သတင်းရရှိသည်။

ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ ဘိလပ်မြေအိတ် (၂၀၀) သွားရောက်လှူဒါန်းခြင်း


ဖါးဆောင်းမြို့နယ် – မတ်လ ၁၁

၁၁-၃-၂၀၁၈ ရက်နေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်းနှင့်အဖွဲ့သည် ဖါးဆောင်းမြို့နယ် ဝမ်အောင်း (ကယား) ရွာရှိဓမ္မဝိရုဠီဘုန်းတော်ကြီးကျောင်း သို့ သွားရောက်ကာ ဆရာတော်ကျောင်းတိုက် တည်ဆောက်ရန်အတွက် ဘိလပ်မြေအိတ် (၂၀၀) သွားရောက် လှူဒါန်းပြီး ကျောင်းထိုင်ဆရာတော် ဘန္ဒဇောတိကတဇမေဒါနန္ဒထံမှ ငါးပါးသီလခံ ဆောက်တည်ကာ ဆရာတော်ဘုရားအား ပါတီဝင်များနှင့်အတူ ကန်တော့ခဲ့ပါသည်။

လွိုင်ကော်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ချိကယ်ကျေးရွာအုပ်စု ပါတီဝင်နှင့်တွေ့ဆုံပွဲ

 

လွိုင်ကော်မြို့၊ မတ်လ ၈

ယမန်နေ့(၈-၃ – ၂၀၁၈)ရက်နေ့ နံနက်(၁၀း၃၀)နာရီ အချိန် တွင် လွိုင်ကော်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ချိကယ်ကျေးရွာအုပ်စု၊ လွယ်တမူရွာလူငယ်ရိပ်သာတွင် ပါတီဝင်များနှင့် သွားရောက်တွေ့ဆုံ ပါသည်။

ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီနှင့် မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကက်သလစ်ဘုရားရှိခိုးကျောင်း ကျောင်းဆောင်သစ် ရေစက်ချပွဲအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း

 

မယ်စဲ့မြို့နယ် – မတ်လ ၅

၅-၃-၂၀၁၈ ရက်နေ့ ညနေ ၅း၀၀ နာရီအချိန်တွင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် ဦးကျော်မြင့် (မယ်စဲ့မြို့နယ်တာဝန်ခံ)နှင့် ပြည်နယ်ကော်မတီဝင် ဒေါ်ဗျားမြာမောင်၊ ဘောလခဲခရိုင်ကောင်မတီဝင် ဦးနှင်းဝေ၊ မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးလောရင်းနှင့် မြို့နယ် ကော်မတီဝင်များသည် ပန်တိန်းတိုက်နယ် ကက်သလစ်ဘုရားရှိခိုးကျောင်းတွင် ကျောင်းထိုင်ဘုန်းတော်ကြီး Fr. ဧလိယနက်နှင့် သွားရောက်တွေ့ဆုံကာ ဘုရား၏သန့်ရှင်းသော မယ်တော် ကက်သလစ်ဘုရားရှိခိုးကျောင်း ကျောင်းဆောင်သစ် ရေစက်ချပွဲအတွက် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီနှင့် မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေ(၁၅၀၀၀၀ိ/-) တိတိ သွားရောက်ပေးအပ်လှူဒါန်းကြောင်း သတင်းရရှိသည်။