ဘောလခဲခရိုင် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေးကျင်းပ ဗဟိုအလုပ်အမှုဆောင်များ တက်ရောက် အားပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇူလိုင်(၂၉)ရက် ညနေ(၂း၀၀)နာရီအချိန်က ကယားပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ရာ ပါတီဗဟိုအလုပ်အမှုဆောင် ဦးစိုးသိန်း၊ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီတို့ တက်ရောက် အားပေး ကြကြောင်း သိရသည်။

BawlaKhe2

ဦးစွာ ဗဟိုအလုပ်အမှုဆောင် ဦးစိုးသိန်းက ပါတီသည် အသင်းနှင့် မတူပါကြောင်း၊ ပါတီဆိုတာ စည်းရုံးရေး ကိုအဓိကထားရပါကြောင်း၊ စည်းရုံးရာတွင် ပြည်သူလူထုနှင့် တစ်သားတည်းကြဖို့ လိုအပ်ပါကြောင်း ၂၀၁၅ ပါတီရှုံးနိမ့် ခြင်းသည် ပြည်သူနှင့်ကင်းကွာခဲ့မှုကြောင်းဆိုလျှင် မမှားပါကြောင်း၊ အချိန်နှင့် ဒီရေသည် လူကိုမစောင့်ပါ ပါတီအဆင့်ဆင့်မှာ အလွှာလိုက်စည်းရုံးကြဖို့ မှာကြားလိုပါကြောင်း၊ အချင်းချင်း ညီညွတ်ကြပြီး၊ အများအတွက် ကူညီတတ်သော အမူအကျင့်ဖြင့် ပါတီအောင်နိုင်ရေးကို ဆောင်ရွက်ကြဖို့ အထူး မှာကြားလိုပါကြောင်းဖြင့် ပြောကြားပါသည်။

ယင်းနောက် ပြည်နယ်ပါတီ ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေးကော်မတီ အဖွဲ့ခေါင်းဆောင် ဦးကိုးရယ်မှ ရွေးချယ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပါသည်။ ထို့နောက် ခရိုင်ပါတီကော်မတီအဟောင်း များနှုတ်ထွက်ခြင်း၊ ခရိုင်အတွင်းရှိ မြို့နယ် (၃)မြို့နယ်မှ တင်သွင်းလာသော ခရိုင်ကော်မတီဝင် အသစ် (၉)ဦး၊ အရံကော်မတီဝင် (၉)ဦး တို့၏အမည်စာရင်းကို ဖတ်ကြားအတည်ပြုပါသည်။

ယင်းခရိုင်ကော်မတီဝင် အသစ်(၉)ဦးထဲမှ ဥက္ကဋ္ဌအဖြစ် ဦးချစ်ဦးမောင်၊ အတွင်းရေးမှူးအဖြစ် ဒေါ်ရဲနန္ဒာမြင့်၊ ဘဏ္ဍာရေးမှူး အဖြစ် ဒေါ်ရှားမြာတို့အား လျှို့ဝှက်မဲဖြင့် ရွေးချယ်အတည်ပြုကြသည်။

ထို့နောက် ပြည်နယ်ပါတီမျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်မည့် ခရိုင်ကော်မတီဝင် (၁၀)ဦး၏ အမည်စာရင်းကို ဖတ်ကြားအတည်ပြုပြီးနောက် ခရိုင်ပါတီ ဥက္ကဋ္ဌအသစ်မှ နှုတ်ခွန်းဆက် စကားပြောကြားပြီး၊ အခမ်းအနားကို ညနေ(၀၃း၂၀)အချိန်တွင် ကြွေးကြော်သံများဖြင့် အောင်မြင်စွာ ရုပ်သိမ်းခဲ့ သည်။
ကယားလေး ( လွိုင်ကော် )


Leave a Reply