Tesla ကုမ္ပဏီမှ တစ်ပတ်ကို Model 3 ကားအစင်းရေ ၂၀၀၀ အထိ ထုတ်လုပ်နေ

Tesla လျှပ်စစ်ကားကုမ္ပဏီ တည်ထောင်သူ အီလွန်မတ်စ်ရဲ့အဆိုအရTesla Inc ဟာ တစ်ပတ်ကို Model 3 အမျိုးအစား ကားအစင်းရေ ၂၀၀၀ အထိ ထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။ ကုမ္ပဏီ ဝန်ထမ်းတွေကို ပို့ လိုက်တဲ့ မေးလ်မှာ ဒီအချက်ကို ထည့်သွင်းဖော်ပြထားတာ ဖြစ်ပြီး ဒီပမာဏဟာ အီလွန်မတ်စ်ရဲ့ ရည်မှန်းထုတ်လုပ်မှုနှုန်း အဆင့်ကိုတော့ ရောက်မလာသေးပါဘူး။

ကိုယ်ရေးအချက်အလက် လုံခြုံမှုချိုးဖောက်ခံရပါက Facebook ကို ပိတ်သိမ်းသွားမည်ဟု အင်ဒိုနီးရှား သတိပေး

နိုင်ငံသားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စုဆောင်းသိမ်းဆည်းထားတဲ့ သက်သေတွေ့ရှိပါက Facebook ကို နိုင်ငံအတွင်း ပိတ်သိမ်းသွားမှာဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံ ဆက်သွယ်ရေးနဲ့ အချက်အလက်ဝန်ကြီး Rudiantara က ပြောကြားလိုက်ပါတယ်။

Bloomberg နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ မစ္စတာ Rudiantara က “ပိတ်သိမ်းရမယ့်အကြောင်း ရှိလာခဲ့မယ်ဆိုရင် ပိတ်သိမ်းသွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

Meizu M6S

32GB (239,000)

64GB (269,000)

ဒီဇိုင်း

ပုံစံဒီဇိုင်းကတော့ မျက်နှာပြင်အပြည့် ပုံစံမျိုးလုပ်တဲ့ဖုန်းပါ။ မျက်နှာပြင်အပြည့်ဆိုပေမယ့် ဘေးဘောင်တွေကတော့ သိပ်ပြီးပါးလွှာ သွားတာ မျိုးမဟုတ်သေးပါဘူး။ အရွယ်အစားနဲ့ ဒီဇိုင်းက လက်ထဲမှာကိုင်တွယ်လို့ အဆင်ပြေနိုင်တဲ့ အရွယ်အစားမျိုးဖြစ်ပြီး အလေးချိန် အနည်းငယ်ရှိတယ်လို့ ခံစားရစေပါတယ်။ Fingerprint ကတော့ ဖုန်းရဲ့ညာဖက်ဘေး ဘောင်အပေါ်နားမှာ ပါဝါခလုတ်ရဲ့ အောက်ဘက်မှာ တပ်ဆင်ပေးထားတာ တွေ့ရပါတယ်။ ဒါက Sony ဖုန်းတွေရဲ့ Fingerprint ဖွဲ့စည်းပုံနဲ့ ဆင်တူပါတယ်။ စပီကာ၊ USB Port နဲ့ နားကြပ်ပေါက် တွေကိုတော့ ဖုန်းရဲ့ အောက်ခြေဘောင်ပေါ်မှာ တပ်ဆင်ပေးထားပါတယ်။

F7 “Selfie Expert” စမတ်ဖုန်းသစ်ကို အမြည်းချပြလိုက်တဲ့ Oppo

Oppo ဟာ ပထမဆုံးအကြိမ်အဖြစ် F7 “Selfie Expert” စမတ်ဖုန်းသစ်ကို တရားဝင်ပိုစတာနဲ့အတူ အမြည်း သဘောမျိုး ပြသခဲ့ပါတယ်။ ပိုစတာအရ F7 ထုတ်ကုန်သစ်ဟာ R15 ဒီဇိုင်းနဲ့ဆင်တာကို တွေ့ရပါတယ်။

Blu ရဲ့ 18:9 မျက်နှာပြင်နဲ့ ဒေါ်လာ ၁၉၉ တန် Mid-range ဖုန်း

Blu ဟာ Mid-range စမတ်ဖုန်းတွေကို ထုတ်လုပ်တဲ့နေရာမှာ နာမည်ကြီးတဲ့ Brand တစ်ခုပါ။ Blu အနေနဲ့ ယခုအခါမှာတော့ သူတို့ရဲ့ ပထမမဆုံး 18:9 မျက်နှာပြင်နဲ့ ဟန်းဆက်ကို ထုတ်လုပ်ခဲ့ပြီး မျက်နှာပြင်ကြီး Trend ထဲကို စတင်ဝင်ရောက်လာခဲ့ပါတယ်။

ဆေးရုံနှင့် သာသနာရေးရာအဆောက်အဦ များအတွက် အခမဲ့အင်တာနက် Mytel တပ်ဆင်မည်

စတုတ္ထမြောက်အော်ပရေတာ Mytel အနေနဲ့ ဆေးရုံနဲ့သာသနာရေးရာအဆောက်အဦတွေမှာ အခမဲ့အင်တာနက် တပ်ဆင်သွားမယ်လို့ သိရပါတယ်။ ကျောင်းတွေမှာ အခမဲ့အင်တာနက်စနစ် တပ်ဆင်မယ့်အပြင် ဆေးရုံနဲ့ သာသနာရေးရာအဆောက်အဦ တွေမှာ တပ်ဆင်မယ်လို့ပြောကြားလိုက်တာဖြစ်ပါတယ်။

လူမှုအကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်မှုအနေနဲ့ အဲဒီလုပ်ငန်းကိုဦးစားပေး ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ဖို့ ကျောင်းတွေ၊ ဆေးရုံတွေ၊ သာသနာရေးဆိုင်ရာ အဆောက်အဦး တွေနဲ့ အစိုးရအဖွဲ့အစည်းတွေရဲ့ရုံးတွေမှာ အခမဲ့အင်တာနက်ဝန်ဆောင်မှု တပ်ဆင်ပေးတာတွေကို ဆောင်ရွက်သွားမယ် လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဘေးဘောင်တွင် FINGERPRINT နည်းပညာ ထည့်သွင်းအသုံးပြုထားသည့် တန်ဖိုးနည်း စမတ်ဖုန်းကို MEIZU မှ မိတ်ဆက်ပြသ

MEIZU မှ ဘေးဘောင်မှာ Fingerprint နည်းပညာ ထည့်သွင်းအသုံးပြုထားတဲ့ တန်ဖိုးနည်း စမတ်ဖုန်း M6S ကို ဇန်နဝါရီလ ၁၇ ရက်က တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ National Convention Center မှာ မိတ်ဆက်ပြသ ခဲ့ပါတယ်။

REMAX NOTEBOOK ပြည်တွင်းဈေးကွက်အတွင်း ဝင်ရောက်မည်

Remax မှထုတ်လုပ်ထားတဲ့ Rexbook Notebook တွေကို ၂၀၁၈ သုံးလပတ်မှာ ပြည်တွင်းဈေးကွက်ထဲကို တင်သွင်းရောင်းချသွားမယ်လို့ Remax Myanmar က အရောင်းမန်နေဂျာဖြစ်တဲ့ မနန္ဒာအောင်က ပြောပါ တယ်။

“ရိုးရိုး emax Rexbook Notebook နဲ့ Rexbook S Notebook မော်ဒယ်နှစ်မျိုးကို ပြည်တွင်းဈေးကွက်ထဲကို ဖြန့်သွားမှာပါ။ ဈေးနှုန်းတွေကတော့ Rexbook Notebook ကို ခြောက်သိန်းကျော်နဲ့ Rexbook S Notebook ကိုတော့ ရှစ်သိန်းကျော်နဲ့ ရောင်းချသွားမှာပါ” လို့လည်းပြောခဲ့ပါတယ်။

သီချင်းတွေ သိမ်းဆည်းထားနိုင်တဲ့ GARMIN ရဲ့ပထမဆုံး ဝတ်ဆင်နိုင်တဲ့ ထုတ်ကုန် FORERUNNER 645 MUSIC

ပြီးခဲ့တဲ့နှစ်က Apple Watch, Fitbit Ionic တို့နဲ့အပြိုင် Garmin ရဲ့ Vivoactive 3 လည်း ထွက်ရှိလာပါတယ်။ ဒါပေမဲ့ Vivoactive 3 မှာ onboard music storage မပါဝင်ပါဘူး။ အခု CES ပြပွဲမှာ Garmin ဟာ စမတ်ဖုန်းမလိုဘဲ သီချင်းတွေကို သိမ်းဆည်းပြီး နားထောင်နိုင်မယ့် storage ပါဝင်တဲ့ ကုမ္ပဏီရဲ့ ပထမဆုံး ဝတ်ဆင်နိုင်တဲ့ထုတ်ကုန် ဒေါ်လာ ၄၅၀ တန် Forerunner 645 Music ကို မိတ်ဆက်ခဲ့ပါတယ်။

ကြိုးမဲ့နားကြပ်တွေရဲ့ ဘက်ထရီသက်တမ်းကို သုံးဆမြှင့်တင်နိုင်မယ့် QUALCOMM ချစ်ပ်အသစ်

 

ကြိုးမဲ့ headphone တွေမှာ စိတ်ညစ်ညူးစရာ အဓိကပြဿနာနှစ်ခုရှိပါတယ်။ အဲ့ဒါတွေက ဆူညံသံ တော်တော်များများ ဖြစ်ပေါ်စေတာနဲ့ ဘက်ထရီသက်တမ်း တာရှည်မခံတာ ဖြစ်ပါတယ်း။ Qualcomm အနေနဲ့ အဲဒီပြဿနာကို ချစ်ပ်အသစ်နဲ့ ဖြေရှင်းဖို့ ကြိုးစားနေပါတယ်။

“ဒါဟာ နားကြပ်ထုတ်ကုန်အမျိုးအစားအတွက် အဆင့်မြှင့်တင်တဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်”လို့ Qualcomm ရဲ့ Voice and Music လုပ်ငန်းယူနစ်က အကြီးတန်းဒုဥက္ကဋ္ဌနဲ့ အထွေထွေ မန်နေဂျာဖြစ်သူ အန်တိုနီမာရေးက ပြောခဲ့ပါတယ်။