Volkswagen ကို ကျော်တက်ကာ တရုတ်မှာ ကား ရောင်းအား အကောင်းဆုံး ဖြစ်လာတဲ့ BYD

တရုတ် ကားထုတ်လုပ်သူ BYD ဟာ ၂၀၂၃ ခုနှစ် ပထမ ၃ လအတွင်း Volkswagen ကို ကျော်တက်ကာ တရုတ်မှာ ကား ရောင်းအား အကောင်းဆုံး ဖြစ်လာပါတယ်။ BYD ရဲ့ ကားရောင်းအားဟာ တစ်လထက်တစ်လ ၃၁.၃၇ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ ဒီနှစ်မှာ BYD ဟာ ကား အစီးရေ ၄၄၀,၇၉၈ စီးနဲ့ Volkswagen ဟာ ၄၂၇,၂၆၉ စီး ရောင်းချနိုင်ခဲ့ပါတယ်။
ဒါဟာ BYD ရဲ့ အထင်ကရ သမိုင်း မှတ်တိုင် ဖြစ်ပြီး BYD ဟာ လျှပ်စစ်ကားတွေအတွက် နည်းပညာတွေကို ငွေပမာဏများစွာ ရင်းနှီးမြှပ်နှံကာ တီထွင်နေပါတယ်။
တရုတ်မှာ BYD အောင်မြင်ရတဲ့ အဓိက အကြောင်းအရင်း ၁ ခုက နည်းပညာမြင့် လျှပ်စစ်ကားတွေကို ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးလို့ ဖြစ်ပါတယ်။ BYD က လျှပ်စစ်ကား အမျိုးအစားများစွာ ထုတ်လုပ်နေပြီး ကုန်ကျစားရိတ်သက်သာမှု၊ ဈေးနှုန်းချိုသာမှုနဲ့ အဆင့်မြင့် လုပ်ဆောင်ချက်တွေကြောင့် ဝယ်ယူသူတွေအကြားမှာ လူကြိုက်များပါတယ်။
ပြိုင်ဖက်တွေထက် BYD အသာရနေတဲ့ အဓိက နည်းပညာတစ်ခုက ဘက်ထရီတွေဖြစ်ပါတယ်။ BYD ဟာ လစ်သီယန်အိုင်းယွန်း ထက် ဘေးကင်းလုံခြုံပြီး ကြာကြာ မောင်းနိုင်တဲ့ ဘလိတ် ဘက်ထရီတွေကို ထုတ်လုပ်ထားပါတယ်။
BYD ဟာ တရုတ်အပြင် နိုင်ငံတကာရဲ့ လျှပ်စစ်ကား နယ်ပယ်မှာ ထိပ်တန်းက ဦးဆောင်နိုင်ဖို့ ကြိုးစားနေပါတယ်။
Ref : gizmochina