တွစ်တာကိုယှဉ်နိုင်မယ့် လူမှုကွန်ရက်သစ် ဖေ့စ်ဘွတ်ခ်မိခင်ကုမ္ပဏီ ဖန်တီး

ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်တို့ရဲ့ မိခင်ကုမ္ပဏီ Meta ဟာ တွစ်တာလိုမျိုး စာသားသီးသန့် အခြေခံတဲ့ လူမှုကွန်ရက်ကို ဖန်တီးနေပါတယ်။

အဲဒီလိုမျိုး စာသားသီးသန့်နဲ့ ပို့စ်တွေကိုမျှဝေနိုင်ပြီး ဗဟိုချုပ်ကိုင်မှုလျှော့ချထားတဲ့ လူမှုကွန်ရက်သစ်ကို လုပ်ဆောင်နေပြီး အကြောင်းအရာမျိုးစုံနဲ့ စိတ်ဝင်စားတာတွေကို မျှဝေသွားနိုင်မှာဖြစ်တယ်လို့ Meta ကုမ္ပဏီ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

တက်စလာ လျှပ်စစ်ကားများကို ၂၀ ရာခိုင်နှုန်း ဈေးလျှော့ရောင်း

အမေရိကန်နိုင်ငံတွင် အခြေစိုက် ထုတ်လုပ်နေသည့် လျှပ်စစ်မော်တော်ကားများကို ကမ္ဘာတစ်ဝန်းသို့ လျှော့ဈေးဖြင့် ရောင်းချပေးနေပြီဖြစ်ကြောင်းသိရသည်။

အမေရိကန်ကုမ္ပဏီထုတ် လျှပ်စစ်မော်တော်ကားများကို လက်ရှိပေါက်ဈေးထက် ၂၀ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးမည်ဖြစ်ပြီး ကားမော်ဒယ်အလိုက် ဝယ်ယူမည့် နိုင်ငံအလိုက် ၂၀ ရာခိုင်နှုန်းထက် ပိုမိုသည့် လျှော့ဈေးများလည်း ရှိမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီက ကြေညာထားသည်။

ဂျာမနီရဲ့ 5G ကွန်ရက်မှာ Huawei နဲ့ ZTE ရဲ့ ပစ္စည်းတွေကို ပိတ်ပင်နိုင်

ဂျာမနီက 5G ကွန်ရက်မှာ Huawei နဲ့ ZTE တို့လို တရုတ် ကုမ္ပဏီတွေရဲ့ ပစ္စည်းတွေကို ပိတ်ပင်ဖို့ စီစဉ်နေပါတယ်။ နိုင်ငံရဲ့ လုံခြုံရေးအတွက် အခုလို ပြုလုပ်ဖို့ ဂျာမနီ အစိုးရက ကြိုးစားနေတာ ဖြစ်ပါတယ်။

Xiaomi က နောက်နှစ် ပထမနှစ်ဝက်မှာ လျှပ်စစ်ကား အမြောက်အများ ထုတ်လုပ်မည်

Xiaomi တည်ထောင်သူနဲ့ CEO Lei Jun က ကုမ္ပဏီရဲ့ လျှပ်စစ်ကား ဖန်တီးတဲ့ လုပ်ငန်း တိုးတက်မှုအကြောင်းကို မကြာခင်က ပြောကြားခဲ့ပြီး အမြောက်အများ ထုတ်လုပ်ဖို့ အချိန် သိပ်မကြာတော့ပါဘူး။

အမေရိကန်မှာ ဓါတ်ခွဲခန်းကနေ ကြက်သားတွေ ထုတ်လုပ်နေ

သိပ်မဝေးတော့တဲ့ ကာလမှာ ကြက်တွေကို မသတ်ဘဲ ကြက်သား စားလို့ရလာတော့မှာပါ။ အမေရိကန် ကုမ္ပဏီ ၁ ခုက ဓါတ်ခွဲခန်းကနေ ကြက်သားတွေ ထုတ်လုပ်နေပါတယ်။ ကြက် ၁ ကောင်မှ မမွေးဘဲ ဓါတ်ခွဲခန်းကနေ ကြက်သားတွေ ထုတ်လုပ်နေတာပါ။

လူတွေကို အာရုံခံနိုင်တဲ့ 6G Sensing နည်းပညာ

Mobile World Congress (MWC) 2023 မှာ ကုမ္ပဏီတွေက ထူးခြားဆန်းသစ်တဲ့ နည်းပညာ အသစ်တွေကို ပြသနေကြပါတယ်။ အဲဒီအထဲက ၁ ခုက 6G နည်းပညာ ဖြစ်ပြီး ဒစ်ဂျစ်တယ် ကမ္ဘာကို ပြောင်းလဲဆန်းသစ်စေမှာပါ။ MWC 2023 မှာ Nokia က အာရုံခံ နည်းပညာကို 6G မှာ ဘယ်လို အသုံးပြုရမလဲဆိုတာ ပြသလိုက်ပါတယ်။

၈ မိနစ် ဝန်းကျင် အတွင်း ၁၀၀ ရာခိုင်နှုန်း အားပြည့်စေမယ့် Infinix ရဲ့ 260W အားသွင်းစနစ်

Infinix က ကြိုးနဲ့ အားသွင်းနိုင်မယ့် 260W အားသွင်းစနစ်နဲ့ ကြိုးမဲ့အားသွင်းနိုင်မယ့် 110W တို့ကို မိတ်ဆက်လိုက်ပါတယ်။ 260W အားသွင်းစနစ်က 0 ကနေ 25 %ကို တစ်မိနစ်ဝန်းကျင်ပဲကြာမှာဖြစ်ကာ 100% အားပြည့်ဖို့ ၈ မိနစ်ဝန်းကျင်ပဲကြာပါမယ်။ 110W wireless အားသွင်းစနစ်ကတော့ 100% အားပြည့်ဖို့ ၁၆ မိနစ်ဝန်းကျင်ပဲကြာပါမယ်။

ကွန်ပျူတာသုံးရတာ ပိုပြီးလွယ်ကူသွားစေမယ့် windows ကီး Shortcut များ

ကွန်ပျူတာကီးဘုတ်ပေါ်က windows ကီးကို Windows ပေါ်လာဖို့ပဲ သုံးနေတုန်းလား? တကယ်တော့ Ctrl + Shortcut တွေလိုပါပဲ…. Windows ကိုလည်း ကီးဘုတ်ပေါ်က တခြားစာလုံးတွေနဲ့ တွဲဖက်လို့ Shortcut အဖြစ် အသုံးပြုနိုင်ပါတယ်။ ဘယ်လိုတွေအသုံးပြုလို့ရလဲ ကြည့်ကြည့်ရအောင်… Windows ကီးကိုဖော်ပြရာမှာ Win လို့ပဲ ရေးသားသွားပါ့မယ်နော်..။

ပလတ်စတစ်အမှိုက်တွေကို ဖိနပ်အဖြစ် ပြောင်းလဲပေးနေတဲ့ အိန္ဒိယလူငယ်

၂၀၁၇ ခုနှစ်က စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုဘွဲ့(BA ဘွဲ့)ယူဖို့ ကြိုးစားနေချိန်မှာ အရှေဘာဝီရဲ့ခေါင်းထဲ အတွေးတစ်ခု ဝင်လာခဲ့တယ်။ ကမ္ဘာကြီးကို ညစ်ညမ်းစေတဲ့ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကို ဖိနပ်အဖြစ် ပြောင်းလဲလို့ ရနိုင်မလားဆိုတဲ့ အတွေး။ အဲဒီတုန်းက သူ့အသက် ၁၈ နှစ်။

ကနေဒါမှာ TikTok ကို ပိတ်ပင်

ဗီဒီယို အတိုတွေ မျှဝေတဲ့ နာမည်ကြီး TikTok ကို ကနေဒါ အစိုးရက ပိတ်ပင်လိုက်ပါတယ်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စတင် ပိတ်ပင်လိုက်တာ ဖြစ်ပြီး အစိုးရက အကြိမ်များစွာ စဉ်းစားပြီးနောက်မှာ အခုလို ပိတ်ပင်လိုက်တာလို့ ပြောပါတယ်။