ယူအေအီးနိုင်ငံက စာသင်ကျောင်းတွေမှာ ဉာဏ်ရည်တု နည်းပညာသုံး စက်ရုပ်ဆရာတွေနဲ့ များမကြာခင်မှာ သင်ကြား ပို့ချနိုင်တော့မှာဖြစ်ကြောင်း ယူအေအီးပညာရေးဝန်ကြီးဌာနတာဝန်ရှိသူတွေကပြောပါတယ်။
ပညာရေးဝန်ကြီးဌာနမှာ နောက်ဆုံးပေါ်နည်းပညာတွေကို လက်ခံကျင့်သုံးဖို့ မူဝါဒချမှတ်ထားပြီး GPT –AI နည်းပညာသုံး စက်ရုပ်ဆရာတွေနဲ့ သင်ကြားဖို့၊ ပညာရေးစနစ်ကို နည်းပညာနဲ့ မြှင့်တင်ဖို့အတွက် မိမိတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ယူအေအီးပညာရေးဝန်ကြီးဌာနက ပြောပါတယ်။