အပြည့်အဝ မောင်းသူမဲ့ ကားတွေ ဂျပန်မှာ ပထမဆုံးအကြိမ် ပြေးဆွဲ

ဂျပန်နိုင်ငံမှာ အပြည့်အဝမောင်းသူမဲ့ကားတွေ ပထမဆုံးအကြိမ် စမ်းသပ်ပြေးဆွဲခဲ့ပြီး ဧပြီလမှာ ပြန်လည်ပြင်ဆင်လိုက်တဲ့ဥပဒေအရ အဆင့် (၄)သတ်မှတ်ထားတဲ့ ဒီကားတွေဟာ သတ်မှတ်လမ်းကြောင်းတွေမှာ သတ်မှတ်အမြန်နှုန်းနဲ့ မောင်းနှင်ခွင့်ပြုမှာဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ ယခင်ကဝန်ဆောင်မှုပေးခဲ့တဲ့ မောင်းသူမဲ့ကားတွေဟာ အဆင့် (၃)သာဖြစ်ပြီး အရေးပေါ်အခြေအနေ တစ်ရပ်ရပ်မှာ လူသားတွေက ဝင်ရောက်ထိန်းချုပ်မောင်းနှင်နိုင်မှာဖြစ်ပါတယ်။
အဆင့် (၄)ရှိတဲ့ အပြည့်အဝမောင်းသူမဲ့ကား ပြေးဆွဲမှုကို ဖူကူစီရင်စုမှာ စတင်နေခြင်းဖြစ်ပြီး ဂျပန်စက်မှုဝန်ကြီး နီရှီမူရာယာဆူတိုရှီလည်း လိုက်ပါစီးနင်းခဲ့ကြောင်း ဂျပန်အခြေစိုက်သတင်းဌာနတွေက ဖော်ပြထားပါတယ်။
အဲဒီမောင်းသူမဲ့ကားတွေဟာ နှစ်ကီလိုမီတာ အကွာအဝေးကို ၁၀ မိနစ်အတွင်း ဘေးကင်းစွာနဲ့ မောင်းနှင်နိုင်ခဲ့ပြီး ဒီကားတွေဟာ တစ်နာရီကို ၁၂ ကီလိုမီတာအထိသွားလာနိုင်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။
ဒေသတွင်း အသိုင်းအဝိုင်းမှာ မွေးဖွားမှုကျဆင်းခြင်း၊ သက်ကြီးရွယ်အို တိုးပွားလာခြင်းနဲ့ လူဦးရေကျဆင်းမှု တွေကြောင့် မောင်းသူမဲ့နည်းပညာကဏ္ဍမှာ ဦးဆောင်နိုင်ဖို့ ရည်မှန်းထားကြောင်း စက်မှုဝန်ကြီးက ပြောပါတယ်။
ဂျပန်အစိုးရသည် ၂၀၅၀ ပြည့်နှစ်တွင် နေရာပေါင်း ၅၀ ကျော်မှာ အပြည့်အဝ မောင်းသူမဲ့ကားတွေနဲ့ ဝန်ဆောင်မှုပေးဖို့ မျှော်လင့်ထားကြောင်း စက်မှုဝန်ကြီးက ထုတ်ဖော်ပြောဆိုထားပါတယ်။