Miss Myanmar World 2016 Winner ဆုကို Bella & ရ မြတ်သီရိလွင်ရရှိ

Miss Myanmar World 2016 ပြိုင်ပွဲ၏ Grand Final ပွဲကို ယမန်နေ့ ည ၇နာရီတွင် Gandamar Grand Ballroom ၌ ကျင်းပ ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ဆန်ခါတင် အလှမယ်များဖြစ်ကြသည့် ခင်စန္ဒာ ကြည်၊ Jelly၊ ထရေစီ၊ ရွှန်းလဲ့ ရတီ၊ သဒ္ဒါမရိုင်ရန်၊ ဆိုင်းဂျာထွန်း၊ လုလုဆိုင်းမိုင်၊ ပိုးမြင့်သူခန့်၊ ဇွန် သဇင်သဲ၊ ရွှန်းယမုံ၊ ပင်ကီမေ၊ လဲ့ ယမင်းဦး၊ သဉ္ဇာကျော်၊ Mဂျာ ဆိုင်း၊ နီနီမင်းသူ၊ မိုးစန္ဒာခင်၊ ထွန်း ပုလဲရတနာ၊ Bella ၊ လရိပ်ပြာ၊ ရွှေအိမ်စည်တို့က မြန်မာဝတ်စုံ၊ ညနေခင်းဝတ်စုံ၊ အားကစားဝတ်စုံ များဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲတွင် Miss Myanmar World 2016 Winner နှင့် Miss Personality ဆုကို ခါးနံပါတ် (2)Bella & မြတ်သီရိလွင်က ရရှိခဲ့ပြီး ဆုကြေးငွေအဖြစ် Phuket Pearl ကျပ်သိန်း ၃၇ဝ တန်ဖိုးရှိ Grown ၊Miss Myanmar World Organization မှ ချီးမြှင့်ငွေ ကျပ်သိန်း ၁ဝဝ၊ Thai Air Asia မှ ချီးမြှင့် သော ဒေါ်လာ ၁၇၅ဝဝ တန်ဖိုးရှိ Air Ticket ၊ Balance fitness တစ်နှစ်စာ member Card များ ပေးအပ်ခဲ့သည်။
1st Runner Up ဆုကို Mဂျာ ဆိုင်းက ရရှိခဲ့ပြီး Fmorn ၏ Phuket Pearl ကျပ်သိန်း ၂၅ဝတန်ဖိုးရှိ Crown ၊ Miss Myanmar Organization မှ ချီးမြှင့်ငွေကျပ်သိန်း ၃ဝ၊ Thai Air Asia မှ ဒေါ်လာ ၁၅ဝဝ တန်ဖိုးရှိသော Fir Ticket များ ပေးအပ်ခဲ့သည်။
2nd Runner Up ဆုကို လရိပ် ပြာမှ ရရှိခဲ့ပြီး Amorn ၏ Phuket Pearl ကျပ်သိန်း ၂၅ဝ တန်ဖိုးရှိ Crown ၊ Miss Myanmar Organization မှ ချီးမြှင့်ငွေကျပ် သိန်း ၂ဝတန်ဖိုးရှိ Thai Air Asia မှ ဒေါ်လာ ၁၅ဝဝ တန်ဖိုးရှိ Air Ticket များ ပေးအပ်ခဲ့သည်။
Miss Myanmar World 2016 Grand Final Top T Final List တွင် Voting အများဆုံး ဆုရှင်အဖြစ် Bella & မြတ်သီရိ လွင်၊ Talent Winner ဆုရှင်အဖြစ် လရိပ်ပြာ၊ နီနီမင်းသူ၊ ဒိုင်လူကြီး များ၏ ကြိုက်နှစ်သက်သူများ အဖြစ် ရွှေအိမ်စည်၊ သဒ္ဒါမရိုင်ရန်၊ ရွှန်းယမုံ၊ ဂျြာဆိုင်း၊ ပိုးစန္ဒာခင်၊ လဲ့ယမင်းဦး၊ ထွန်းပုလဲရတနာတို့ ရရှိခဲ့သည်။
Miss Myanmar World 2016 ပြိုင်ပွဲဝင်အကဲဖြတ်ဒိုင်များအဖြစ် အကယ်ဒမီဆွေဇင်ထိုက်၊ အကယ် ဒမီ မို့မို့မြင့်အောင်၊ ဆရာမ နန်းအိ အိဇာ၊ နိုင်းနိုင်း၊ ဓာတ်ပုံ-မိုးမင်း (Rays)တို့က ပြုလုပ်ခဲ့သည်။

ကေဗင်ဟားရစ်နဲ့ လမ်းခွဲလိုက်တဲ့ တေလာဆွစ်ဖ်

အမေရိကန် အဆိုတော် တေလာဆွစ်ဖ် (၂၆)နှစ်နှင့်စကော့တလန် ဒီဂျေကေဗင်ဟားရစ် (၃၂)နှစ်တို့ လမ်းခွဲလိုက်ကြကြောင်း ယင်းကိစ္စကို သိထားသည့် သတင်းရင်းမြစ်တစ်ခုက USA TODAY သတင်းသို့ အတည်ပြုပြောကြားသည်။

သို့သော် ၎င်းတို့နှစ်ဦးလမ်းခွဲကြောင်းကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။ တေလာဆွစ်ဖ်နှင့် ကေဗင်ဟားရစ်တို့သည် (၁၅) လခန့် ချစ်ကြိုက်ခဲ့ကြသည်။ ပြီးခဲ့သည့်မတ်လအတွင်း ချစ်သူသက်တမ်း တစ်နှစ်ပြည့်အထိမ်းအမှတ် ပြုလုပ်ခဲ့ပြီး ခရီးထွက်နေပုံများကို Instagram တွင် ဖော်ပြခဲ့သည်။

ဆေးဖက်ဝင် ငပိရည်ဖျော်နည်း

 

ကျွန်မတို့ နေ့ စဉ်ထမင်းမြိန်စေတဲ့ ငပိရည်ဟာ စားလို့ တော့ကောင်းပါရဲ့ ။
ငပိရည်ဘယ်လိုဖြစ်လာတာကို သိသူနည်းပါးပါလိမ့် မယ်။ ဒါကြောင့် ဆေးဖက်ဝင်
ငပိရည်ဖျော်နည်းအကြောင်းမပြောခင် ဦးစွာပထမ
ငပိလုပ်နည်းကိုပြောပြချင်ပါတယ်။

DOTS ဇာတ်လမ်းတွဲပါ နာမည်ကျော်ဇာတ်ဝင်ခန်းတွင် ပရိသတ်များကိုယ်တိုင်ပါဝင်ရိုက်ကူးနိုင်

လတ်တလောတွင် မြန်မာအပါအဝင် အာရှတစ်ဝန်း ရေပန်းစားလူကြိုက်များနေသော ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ Descendants of The Sun (DOTS) ဇာတ်ကားမှ မင်းသား ဆောင်ဂျွန်ကီ၏ပရိသတ်များအ တွက် ကိုရီးယား Expo 2016 ပြပွဲ ၌ ၎င်း၏ ဇာတ်ဝင်ခန်းရုပ်ပုံနှင့်အ တူ အခမဲ့ဓာတ်ပုံရိုက်နိုင်ကြောင်း သိရသည်။

ဂျင်းက ကင်ဆာရောဂါကို တိုက်ဖျက်နိုင်

ဂျင်းဟာ ကင်ဆာရောဂါကို တိုက်ဖျက်ပေးနိုင်ကြောင်း အမေရိကန်မှ လေ့လာသူ ဆေးပညာရှင်များက အတည်ပြုပေးလိုက် ပါတယ်။
ဂျင်းမှ ထွက်ရှိတဲ့ ဓာတ်များဟာ ကင်ဆာ အကြိတ်နဲ့ ဆဲလ်များကို ပိုမို လျော့ပါးသွားအောင်၊ သေးငယ်သွားအောင် ချေဖျက်ပေးပါတယ်။ ဒါကြောင့်မို့ ကင်ဆာဆဲလ် ပြန့်ပွားနှနုးကိုလည်း နှေးစေတာကြောင့် ကင်ဆာရောဂါဖြစ်နေသူများ ကော သူ့ကို ဆေးအဖြစ် မှီဝဲသင့်ကြောင်း ဆိုပါတယ်။ ဂျင်းကို နေ့စဉ် စားသုံးတဲ့ ဟင်းခတ် အမွေးအကြိုင်တို့မှာ အသုံးပြုခြင်းဖြင့်လည်း လူတို့ကို ကင်ဆာဖြစ်နိုင်ချေ ကာကွယ်တားဆီးပေး ပါတယ်။

နှလုံးရောဂါအတွက် သိသင့်တဲ့ အရေးကြီး လက္ခဏာသုံးရပ်

Herat

၁။ ရင်ဘတ်အောင့်တာမပျောက်ရင်

ခါတိုင်းအောင့် နေကြ ပုံစံ မဟုတ်ဘဲ ရင်ဘတ်အောင့် နေပြီး စက္ကန့် အနည်းငယ် အတွင်း သက်သာ သွားခဲ့ရင် နှလုံး ရောဂါကြောင့် ရင်ဘတ် အောင့်တာ မဟုတ်ပါဘူး။

ဒါဟာ အစာအိမ်မှ အက်ဆစ်တွေ အစာမျိုပြွန်ကို ဆန်တက်တာကြောင့် ရင်ပူတာပါ။ ရင်ဘတ် အောင့်တာ တဖြည်းဖြည်း ပိုဆိုးလာပြီး အနည်းဆုံး မိနစ် အနည်းငယ်ခန့်ထိ မပျောက်မှသာ နှလုံးရောဂါ အတွက် စိုးရိမ်ရမှာပါ။

အိမ်မွေးတိရိစ္ဆာန်နဲ့အတူအိပ်ပါက စိုးရိမ်ဖွယ် ကျန်းမာရေးအန္တရာယ် ကျရောက်စေနိုင်

if-you-sleep-with-your-pet-your-health-and-your-kids-heath-are-in-danger-here-is-why1-600x399

အိမ်မွေးတိရိစ္ဆာန်လေးတွေ မွေးမြူထားတာ စိတ်ပျော်ရွှင် အပန်းပြေစေနိုင်ပါတယ်။ သင်ဟာ မိမိအိမ်မွေးတိရိစ္ဆာန်ကို ဧည့်ခန်း၊ မီးဖိုချောင်နဲ့ တခါတရံ အိပ်ခန်းမှာ ထားချင်ထားပါလိမ့်မယ်။ ဒါပေမယ့် အဲဒါ ကောင်းမွန်တဲ့အချက်တော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ယင်းကြောင့်ဖြစ်လာနိုင်တဲ့ ပြသနာတွေ ရှိနေလို့ပဲ ဖြစ်ပါတယ်။

ခွေးဖြစ်ဖြစ်၊ ကြောင်ဖြစ်ဖြစ် အိပ်ခန်းထဲ ပေးနေပါက စိုးရိမ်ဖွယ် ကျန်းမာရေးပြသနာတွေ ဖြစ်လာနိုင်ပါတယ်။ တိရိစ္ဆာန်မှာတွေ့ရတဲ့ အလွန်သေးငယ်တဲ့ သက်ရှိဇီဝအဖွဲ့အစည်းတွေ မတွန်းလှန်နိုင်ခြင်းကြောင့် ကိုယ်ခံအားနည်းသူ တွေနဲ့ ကလေးငယ်တွေမှာ မကြာခဏဖြစ်ပွားတတ်ပါတယ်။

ထမင်းစားပြီးနောက်‬ မလုပ်သင့်သည့် အန္တရာယ် (၈)ရပ်

13307361_1110864662310717_8882441522619075843_n

သင် ဒါတွေ သိပါသလား။ ဖတ်ရှုပြီး လိုက်နာဆင်ခြင်ပါ။ မိမိ ကိုယ်တိုင်ရော၊ မိသားစု နှင့် သူငယ်ချင်း မိတ်ဆွေများ အားလုံး ကို လည်း လက်ဆင့်ကမ်း မျှဝေပေးလိုက်ပါ …. ။

(၁) ဆေးလိပ် မသောက်ပါနှင့်။

တစ်နေ့တာလုံး ကွန်ပျူတာရှေ့ထိုင်ပြီး အလုပ်လုပ်နေရသူတွေ သိထားရမယ့် အချက်များ

computer

သင်ဟာ အလုပ်မှာ တစ်နေ့လုံးနီးပါး ကွန်ပျူတာရှေ့ထိုင်ပြီး အလုပ်လုပ်ရသူဆိုရင်တော့ သင့်မျက်လုံးအတွက် ဂရုစိုက်ပေးရမယ့် အချက်လေးတွေ ရှိလာပါပြီ။ ဒီအချက်ကလေးတွေကို ဂရုမပြုပဲ ကွန်ပျူတာရှေ့ မနားမနေ အလုပ်လုပ်နေမယ်ဆိုရင်တော့ မျက်လုံးအားနည်းလာမှာဖြစ်ပြီး၊ မျက်ရည်ပူကျတာမျိုး၊ ခေါင်းကိုက်တာမျိုး စတဲ့ မျက်လုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေ ခံစားလာရမှာ အသေအချာပါပဲ။ ဒီတော့ ခုပြောပြပေးမယ့် အချက်ကလေးတွေ ကို သေချာလိုက်နာ လုပ်ဆောင်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

နှလုံးရောဂါအတွက် သိသင့်တဲ့ အရေးကြီး လက္ခဏာသုံးရပ်

 
၁။ ရင်ဘတ်အောင့်တာမပျောက်ရင်

ခါတိုင်းအောင့် နေကြ ပုံစံ မဟုတ်ဘဲ ရင်ဘတ်အောင့် နေပြီး စက္ကန့် အနည်းငယ် အတွင်း သက်သာ သွားခဲ့ရင် နှလုံး ရောဂါကြောင့် ရင်ဘတ် အောင့်တာ မဟုတ်ပါဘူး။

ဒါဟာ အစာအိမ်မှ အက်ဆစ်တွေ အစာမျိုပြွန်ကို ဆန်တက်တာကြောင့် ရင်ပူတာပါ။ ရင်ဘတ် အောင့်တာ တဖြည်းဖြည်း ပိုဆိုးလာပြီး အနည်းဆုံး မိနစ် အနည်းငယ်ခန့်ထိ မပျောက်မှသာ နှလုံးရောဂါ အတွက် စိုးရိမ်ရမှာပါ။