သားရှင်ဖြစ်တော့မယ့် ထူးအယ်လင်း

ထူးအယ်လင်းက သူနဲ့အတူ ဂီတညီအစ်ကိုများစုပေါင်းပြီး ဂီတ သစ်ပင်တစ်ပင် စိုက်ပျိုးဖို့ရှိတယ်လို့ သိရပါတယ်။ဂီတသစ်ပင်အစီအစဉ် မှာတော့ဇော်ပိုင်၊R ဇာနည်၊ ဖိုးကာ၊ ဟဲလေး၊ L လွန်းဝါ၊ အောင်ဖြိုး၊ ဝေလ၊ ညီမင်းခိုင်၊ ဝန၊ ကော် ဘရာ၊ ဇွဲနိုင်ဝင်း၊ ဂျယ်ကြီးစတဲ့ အနု ပညာ ရှင်များစွာ ပါဝင်မှာဖြစ်ပါတယ်။

“သူငယ်ချင်းတွေနဲ့ စုစုစည်း စည်းနဲ့ သီချင်းတွေဆိုပြီး ပရိသတ်ကို ပေးချင်တဲ့ သဘောပါ။ အားလုံးက ကိုယ့်စတိုင်နဲ့ကိုယ် ဆိုကြမှာပါ။ ဂီတ နှစ်ရှည်ပင်စိုက်မယ့် သဘောပေါ့။ ဒီ သူငယ်ချင်းတွေကို ကျွန်တော်ကပဲ ဖိတ်ခေါ်စုစည်းပြီး ဒီစီးရီးလေး စီစဉ် ဖြစ်တာပါ” လို့ ထူးအယ်လင်းက သူ စီစဉ်နေတဲ့ စီးရီးခွေအကြောင်းကို ပြောပြပါတယ်။

ထူးအယ်လင်းနဲ့ ဇနီးဖြစ်သူ မနူးနူးမန်တို့ဟာ မကြာမီမှာလည်း သားလေးတစ်ဦး မွေးဖွားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ မကြာခင် မှာ သားရှင်ဖြစ်တော့မယ့် ထူးအယ် လင်းရဲ့ ခံစားချက်ကလည်း “ကျား ဆိုမှကျား ယောက်ျားဘသားပေါ့။ ၉ လပိုင်းမှာ မွေးဖွားမှာပါ။ သူ့အပေါ် မှာ မျှော်လင့်ချက် ဆန္ဒဆိုတာထက် ကိုယ့်သားသမီးကို စောင့်ရှောက်ရ မယ်။ ပြီးတော့ လမ်းပြရမယ်။ သူ့ရဲ့ ဝါသနာက ဘာပါလဲဆိုတာ ကြည့် ရမယ်။ အတင်းအကျပ်ကြီး ဟိုဟာ ဖြစ်ရမယ်၊ ဒီဟာဖြစ်ရမယ်ဆိုတာ တော့မရှိဘူး။ ကျွန်တော်လည်း အဲဒါ မျိုးမကြိုက်ဘူး။ ကိုယ့်သားသမီး လည်း အဲ့ဒီလိုမလုပ်ဘူး။ သူဝါသနာ ပါတဲ့လမ်းကြောင်းမှာ တည့်မတ်ပေး ဖို့ပါပဲ” လို့ ပြောတဲ့ ထူးအယ်လင်းရဲ့ သမီးလေး ဖြူဖြူစင်စင်လင်းကလည်း ထူးအယ်လင်းနဲ့ပဲ အတူနေထိုင်လျက် ရှိပြီး KG  တန်းမှာ တက်ရောက်သင် ကြားနေပြီလို့ သိရပါတယ်။

“သူက အင်္ဂလိပ်ကျောင်းမှာ သူ ငယ်တန်းအောင်ပြီးပြီ။ အခု မြန်မာ ပညာရေးစနစ်တွေ ပြောင်းလဲတဲ့ အပေါ်မှာ ယုံကြည်မှုရှိလို့ မြန်မာ KG ကျောင်းမှာစထားနေပြီ။ သူ့ကို လည်း သူသီချင်းဆိုချင်တယ်ဆိုလည်း ပေးဆိုမယ်” လို့ထူးအယ်လင်းက ပြော ပါတယ်။ မကြာခင်ရလာတော့မယ့် မောင်ငယ်လေးနဲ့ပတ်သက်ပြီး အစ်မ ဖြစ်သူ ဖြူဖြူစင်စင်လင်းကကော ဘာပြောသေးလဲဆိုတော့ …

“သွေးသားက သွေးသားပါပဲ။ ကလေး အနေနဲ့က လည်း သူ့အဖေရဲ့ သား သမီးဖြစ်တဲ့ အတွက် သူ့မောင် လေးပါပဲ။ ဒါတွေကအချိန်က စကား ပြောမှာပဲ။ ဒီလို အဖြစ်အပျက်တွေက လောကမှာ ဒုနဲ့ဒေးရှိတယ်။ ကိုယ် တွေအနေနဲ့ကျတော့ ဒီလိုအဖြစ် အပျက်တွေမှာ ပရမ်းပတာလုပ်လို့မရ ဘူး။ အပြင်မှာလည်း ဒီလိုအဖြစ်အ ပျက်တွေ အများကြီးရှိတဲ့အထဲကမှ အကောင်းဆုံး ရပ်တည်နိုင်ဖို့ ကြိုး စားကြတာပါပဲ။ အခုလက်ရှိ ကျွန် တော့်ဘဝကတော့ သားတစ်ယောက် သမီးတစ်ယောက်နဲ့ ပျော်စရာပါပဲ” လို့ ထူးအယ်လင်းက   ပြောပြခဲ့ပါတယ်။
ရဲရဲ


Leave a Reply