အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒင္က ဉာဏ္ရည္တုနည္းပညာေဘးကင္းလုံျခဳံမႈရွိေစေရး အမိန႔္ညႊန္ၾကားခ်က္တစ္ရပ္ လက္မွတ္ေရးထိုး

နိုဝင္ဘာ ၂

AI ဉာဏ္ရည္တု နည္းပညာသည္ ကမၻာတစ္ ဝန္း၌ လ်င္ျမန္စြာပ်ံ႕ႏွံ့ေနေသာေၾကာင့္ ဉာဏ္ရည္တုနည္းပညာကို ေဘးကင္းလုံျခဳံစြာ အသုံးျပဳနိုင္ေရးအတြက္ ေကာင္းမြန္ေသာလုပ္ေဆာင္ခ်က္ မ်ား ခ်မွတ္ေဆာင္ ရြက္ရန္ ရည္မွန္းခ်က္ျဖင့္ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒင္သည္ အမိန႔္ညႊန္ ၾကားခ်က္တစ္ရပ္ကို ယမန္ေန႔က လက္မွတ္ေရး ထိုးခဲ့သည္။

အဆိုပါအမိန႔္အရ ဉာဏ္ရည္တုစနစ္မ်ားကို အသုံးမျပဳမီ ပုဂၢလိကကုမၸဏီမ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္သည့္ စမ္းသပ္မႈမ်ားအတြက္ တင္း က်ပ္ေသာစံႏႈန္းမ်ားကို အစိုးရေအဂ်င္စီတစ္ခုက ဖန္တီးေပးရမည္ျဖစ္သည္။ ယင္းသို႔ေဆာင္ ရြက္ျခင္းျဖင့္ ကုမၸဏီမ်ားမွ ထုတ္လုပ္သည့္ ထုတ္ကုန္မ်ား၏ ေဘးကင္းလုံျခဳံမႈကို ကာကြယ္ေစာင့္ေရွာက္ေပးရာ ေရာက္မည္ျဖစ္သည္။

ထို႔ျပင္ ဉာဏ္ရည္တုနည္းပညာ အသုံးျပဳၿပီး ထုတ္လုပ္သည့္ထုတ္ကုန္မ်ားတြင္ တံဆိပ္ကပ္ျခင္းစေသာ စံႏႈန္းသတ္မွတ္ခ်က္မ်ားလည္း လိုအပ္မည္ျဖစ္ေၾကာင္း အဆိုပါအမိန႔္စာတြင္ ေဖာ္ျပထားသည္။

ဉာဏ္ရည္တု နည္းပညာေၾကာင့္ ျဖစ္ေပၚ လာနိုင္သည့္ အႏၲရာယ္မ်ားကို ႀကိဳတင္ကာကြယ္ရန္ စီမံခန႔္ခြဲမႈမ်ား ျပဳလုပ္ေနစဥ္ ေနာက္ထပ္နည္းပညာဆိုင္ရာ ဆန္းသစ္တီထြင္မႈမ်ားလုပ္ေဆာင္ရန္ကိုလည္း အားေပးပါေၾကာင္း ယင္းအမိန႔္စာတြင္ ပါရွိသည္။

က်န္းမာေရးေစာင့္ေရွာက္မႈ အပါအဝင္ အဓိ ကနယ္ပယ္မ်ားတြင္ ဉာဏ္ရည္တုဆိုင္ရာ သုေတသနအတြက္ ေထာက္ပံ့ေၾကးမ်ား ျမႇင့္တင္ရန္ အစီအမံမ်ားလည္းပါရွိသည္။

“ဉာဏ္ရည္တု နည္းပညာက ကၽြန္ေတာ္တို႔ ပတ္ ဝန္းက်င္မွာ ရွိပါတယ္။ ေတာ္ေတာ္မ်ားမ်ားက ကၽြန္ေတာ္တို႔ရဲ့ဘဝေတြကို ပိုေကာင္းေအာင္ လုပ္ေနပါတယ္”၊ ဒါေပမယ့္ ဉာဏ္ရည္တုနည္း ပညာေၾကာင့္ ျဖစ္ေပၚလာနိုင္တဲ့ အႏၲရာယ္ေတြ ကို ေရွာင္ရွားဖို႔၊ ဒီနည္းပညာကို ေကာင္းမြန္စြာ ကိုင္တြယ္နိုင္ဖို႔လိုပါတယ္” ဟု သမၼတဂ်ိဳးဘိုင္ဒင္ကဆိုသည္။

လက္မွတ္ေရးထိုးခဲ့သည့္ ဉာဏ္ရည္တုဆိုင္ ရာ အမိန႔္ညႊန္ၾကားခ်က္သည္ ကမၻာေပၚရွိ မည္သည့္အစိုးရမဆို ဉာဏ္ရည္တု နည္းပညာဆိုင္ရာ ေဘး ကင္းလုံျခဳံေရးႏွင့္ ယုံၾကည္စိတ္ခ်ရမႈအတြက္ ေဆာင္ရြက္ရမည့္ နည္းလမ္းေကာင္းတစ္ခု ျဖစ္ ေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။ ကိုယ္ ေရးကိုယ္တာ အကာအကြယ္ေပးေရး ဥပေဒျပ႒ာန္းနိုင္ေရးအတြက္ ဆက္လက္ေဆာင္ရြက္ရန္ သမၼတ ဂ်ိဳးဘိုင္ဒင္က လႊတ္ေတာ္ကို တိုက္တြန္းခဲ့ေၾကာင္း သိရသည္။

=======================

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဉာဏ်ရည်တုနည်းပညာဘေးကင်းလုံခြုံမှုရှိစေရေး အမိန့်ညွှန်ကြားချက်တစ်ရပ် လက်မှတ်ရေးထိုး

နိုဝင်ဘာ ၂

AI ဉာဏ်ရည်တု နည်းပညာသည် ကမ္ဘာတစ် ဝန်း၌ လျင်မြန်စွာပျံ့နှံ့နေသောကြောင့် ဉာဏ်ရည်တုနည်းပညာကို ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်ရေးအတွက် ကောင်းမွန်သောလုပ်ဆောင်ချက် များ ချမှတ်ဆောင် ရွက်ရန် ရည်မှန်းချက်ဖြင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် အမိန့်ညွှန် ကြားချက်တစ်ရပ်ကို ယမန်နေ့က လက်မှတ်ရေး ထိုးခဲ့သည်။

အဆိုပါအမိန့်အရ ဉာဏ်ရည်တုစနစ်များကို အသုံးမပြုမီ ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သည့် စမ်းသပ်မှုများအတွက် တင်း ကျပ်သောစံနှုန်းများကို အစိုးရအေဂျင်စီတစ်ခုက ဖန်တီးပေးရမည်ဖြစ်သည်။ ယင်းသို့ဆောင် ရွက်ခြင်းဖြင့် ကုမ္ပဏီများမှ ထုတ်လုပ်သည့် ထုတ်ကုန်များ၏ ဘေးကင်းလုံခြုံမှုကို ကာကွယ်စောင့်ရှောက်ပေးရာ ရောက်မည်ဖြစ်သည်။

ထို့ပြင် ဉာဏ်ရည်တုနည်းပညာ အသုံးပြုပြီး ထုတ်လုပ်သည့်ထုတ်ကုန်များတွင် တံဆိပ်ကပ်ခြင်းစသော စံနှုန်းသတ်မှတ်ချက်များလည်း လိုအပ်မည်ဖြစ်ကြောင်း အဆိုပါအမိန့်စာတွင် ဖော်ပြထားသည်။

ဉာဏ်ရည်တု နည်းပညာကြောင့် ဖြစ်ပေါ် လာနိုင်သည့် အန္တရာယ်များကို ကြိုတင်ကာကွယ်ရန် စီမံခန့်ခွဲမှုများ ပြုလုပ်နေစဉ် နောက်ထပ်နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများလုပ်ဆောင်ရန်ကိုလည်း အားပေးပါကြောင်း ယင်းအမိန့်စာတွင် ပါရှိသည်။

ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် အဓိ ကနယ်ပယ်များတွင် ဉာဏ်ရည်တုဆိုင်ရာ သုတေသနအတွက် ထောက်ပံ့ကြေးများ မြှင့်တင်ရန် အစီအမံများလည်းပါရှိသည်။

“ဉာဏ်ရည်တု နည်းပညာက ကျွန်တော်တို့ ပတ် ဝန်းကျင်မှာ ရှိပါတယ်။ တော်တော်များများက ကျွန်တော်တို့ရဲ့ဘဝတွေကို ပိုကောင်းအောင် လုပ်နေပါတယ်”၊ ဒါပေမယ့် ဉာဏ်ရည်တုနည်း ပညာကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေ ကို ရှောင်ရှားဖို့၊ ဒီနည်းပညာကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ဖို့လိုပါတယ်” ဟု သမ္မတဂျိုးဘိုင်ဒင်ကဆိုသည်။

လက်မှတ်ရေးထိုးခဲ့သည့် ဉာဏ်ရည်တုဆိုင် ရာ အမိန့်ညွှန်ကြားချက်သည် ကမ္ဘာပေါ်ရှိ မည်သည့်အစိုးရမဆို ဉာဏ်ရည်တု နည်းပညာဆိုင်ရာ ဘေး ကင်းလုံခြုံရေးနှင့် ယုံကြည်စိတ်ချရမှုအတွက် ဆောင်ရွက်ရမည့် နည်းလမ်းကောင်းတစ်ခု ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ကိုယ် ရေးကိုယ်တာ အကာအကွယ်ပေးရေး ဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရန် သမ္မတ ဂျိုးဘိုင်ဒင်က လွှတ်တော်ကို တိုက်တွန်းခဲ့ကြောင်း သိရသည်။