ရုရှားသမ္မတ ပူတင် ကျမ်းသစ္စာ ကျိန်ဆို

ဓာတ်ပုံ-ရိုက်တာ

 

ရုရှားသမ္မတ ဗလာဒီမီယာပူတင်ဟာ မေလ ၇ ရက်နေ့က နောက်ထပ် ၆ နှစ်ကြာ သမ္မတသက်တမ်းအတွက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

မြို့တော် မော်စကိုရှိ ကရင်မလင်နန်းတော်မှာ ပြုလုပ်တဲ့ ၄ ကြိမ်မြောက် ရာထူးလက်ခံပွဲအတွင်း သမ္မတပူတင်က ရုရှားပြည်သူတွေကို အလုပ်ကျွေးပြုမှာဖြစ်ကြောင်း၊ ရပိုင်ခွင့်တွေနဲ့ လွတ်လပ်ခွင့်တွေကို ကာကွယ်မှာဖြစ်ကြောင်းနဲ့ ရုရှားအချုပ်အခြာအာဏာကို ကာကွယ်မှာဖြစ်ကြောင်း ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

ဒီရာထူးကို လက်ခံချိန်မှာ ကြီးမားလှတဲ့ တာဝန်သိစိတ်ကို ခံစားရတယ်လို့လည်း သူက ဆိုပါတယ်။

ဒီအခမ်းအနားကို ရုရှားအစိုးရ ထိပ်တန်းအရာရှိတွေနဲ့အတူ နိုင်ငံတကာ သံတမန်တွေလည်း တက်ရောက်ခဲ့ ပါတယ်။

(DVB)