တိမ်းရှောင်မိသားစုများထဲမှ ကျောင်းသား/ ကျောင်းသူများအတွက် အလှူငွေများ၊ လုံချည်အဝတ်အစားများနှင့် ဗလာစာအုပ်များလှူဒါန်း

ဇွန် ၂၄၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် အကြမ်းဖက်သမားများ၏ရန်မှ တိမ်းရှောင်နေသော မိသားစုများထဲမှ ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ (၃၆)ဦးအတွက် အလှူရှင်များက အလှူငွေများ၊ လုံချည်အဝတ်အစားများနှင့် ဗလာစာအုပ်များ လှူဒါန်းထောက်ပံ့ခြင်း အခမ်းအနားကို ၂၃-၆-၂၀၂၂ ရက်နေ့ ညနေ ၁၆:၀၀ နာရီ  အချိန်တွင် ပါတီဌာနချုပ် သင်တန်းကျောင်း၌ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ပြည်ထောင်စုကြ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်၊ ဌာနချုပ်မှူး ဦးသောင်းရွှေနှင့် အလှူရှင်မိသားစုများ တက်ရောက်ခဲ့ပြီး ဌာနချုပ်မှူးမှ အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအတွက် အလှူငွေနှင့် လုံချည်၊ အဝတ်အစားများကို ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်နှင့် အလှူရှင်များမှ တက်ရောက်ချီးမြှင့်ပေးအပ်ခဲ့ကြပါသည်။

ဆက်လက်ပြီး အလှူရှင် ဦးလင်းဇော်ထွန်းမှ လှူဒါန်းထားသော အဝတ်အစားများအား ဌာနချုပ်မှူး ဦးသောင်းရွှေမှ တက်ရောက်လာသော တိမ်းရှောင်မိသားစုများထံသို့ ဝေငှလှူဒါန်းခဲ့ပြီး အခမ်းအနားကို ညနေ၁၇:၄၅ နာရီအချိန်တွင် အခမ်းအနားပြီးမြောက်ခဲ့ပါသည်။