ဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့် ပဲခူးမြို့ အထက(၃) မြတ်ဆရာပူဇော်ပွဲတက်ရောက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော် မတီဝင် သူရဦးအေးမြင့်သည် အောက်တိုဘာ (၂၃) ရက် နံနက် ၉ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အထက (၃) YMBA ကျောင်းဆောင်တွင် ကျင်းပသည့် ပဲခူးမြို့ အမျိုးသားတန်းမြင့်ကျောင်း ၁၉၆၁-၆၂၊ ၁၉၆၂-၆၃၊ ၁၉၆၃-၆၄၊ ၁၉၆၄-၆၅ တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူ ဟောင်းများ၏ အဋ္ဌမအကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲနှင့် ပြန်လည် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်အားပေးသည်။
အဆိုပါအခမ်းအနားသို့ မြန်မာ နိုင်ငံအနှံ့အပြားသို့ ရောက်ရှိနေထိုင်ကြသည့် ၁၉၆၁-၆၂၊ ၁၉၆၂- ၆၃၊ ၁၉၆၃-၆၄၊ ၁၉၆၄-၆၅ တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူဟောင်း ၇ဝ ခန့် တက်ရောက်ကြပြီး ဗဟိုဦးဆောင် ကော်မတီဝင် သူရဦးအေးမြင့်မှ ကန်တော့ခံဆရာကြီး ဦးမြင့်ဦးနှင့် ဆရာမကြီးဒေါ်ခင်ပြုံးတို့အား ငွေကျပ် ၁၅ သိန်းစီနှင့် လှူဖွယ်ပစ္စည်းများ၊ ပဲခူးမြို့ အထက(၃) ကျောင်းအုပ်ဆရာကြီးဟောင်း ဦးသန်း ဖောင်ဒေးရှင်းအတွက် ငွေကျပ် ၁ဝ သိန်းနှင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း Language Lab ပြုပြင်ထိန်းသိမ်းရေး အတွက် စရိတ်ငွေကျပ် ငါးသိန်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အေးဇေယျာ