တာချီလိတ်​ပြည်​ခိုင်​ဖြိုးပါတီနှင့် ကျေးရွာ​ခေါင်း​ဆောင်​များ ​တွေ့ဆုံ

 

ရှမ်းပြည်​နယ်​(အ​ရှေ့ပိုင်း)၊တာချီလိတ်​မြို့ ပြည်ထောင်​စုကြံ့ခိုင်​​ရေးနှင့့်​ဖွံ့ဖြိုး​ရေးပါတီမှ ဗဟို​ကော်​မတီဝင်​​ဒေါ်တင်​​မေထွန်း၊ခရိုင်​အတွင်း​ရေးမှူျးနှင့်ခရိုင်​​ကော်​မတီဝင်​များ၊မြို့နယ်​ဥက္ကဌ၊မြို့နယ်​​ကော်​မတီဝင်​များလိုက်​ပါ၍(၁၄.၂.၂၀၁၈)ရက်​​နေ့တွင်​ တာချီလိတ်​မြို့နယ်​၊​အောက်​မိုင်းဟဲ​ကျေးရွာအုပ်​စု၊ပန်​ကူရွာသို့ သွား​ရောက်​ခဲ့ပြီး ပန်​ကူရွာရှိ ​ကျေးရွာခန်းမ​ဆောင်​တွင်​ ပန်​နယ်​၊ကာန၊ပန်​စလီ​ကျေးရွာများမှ ​ကျေးရွာပါတီ​ခေါင်း​ဆောင်​များနှင့် တွေ့ဆုံ၍ ​ရေးရာကဏ္ဍာအလိုက်​ လှုပ်​ရှား​ဆောင်​ရွက်​​နေမူများအား​ဆွေး​နွေးခြင်း၊​ကျေးရွာများတွင်​ပါတီအမျိုးသမီး​ရေးရာ၊လူငယ်​​ရေးရာအဖွဲ့များ ဖွဲ့စည်းနိုင်​​ရေးအတွက်​ ​ဆွေး​နွေးခဲ့ကြပြီး ဗဟို​ကော်​မတီဝင်​​ဒေါ်တင်​​မေထွန်းမှ ​ကျေးရွာ​ကောင်း​ဆောင်​များအား ဂုဏ်​ပြုမှတ်​တမ်းနှင့် လက်​​ဆောင်​ပစ္စည်းများ​ပေးအပ်​ချီးမြှင့်​ခဲ​ကြောင်းသိရှိရပါသည်​ ။

ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ


မိုးမိတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီ ကျေးရွာလူငယ်အမျိုးသမီးရေးရာအဖွဲ့နှင့်တွေ့ဆုံ

 

မိုးမိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးမြင့်လှိုင်၊ ခရိုင် ပါတီကော်မတီဝင်ဦးတိုးမြင့်အောင်၊ မဘိမ်းမြို့နယ် ပါတီဥက္ကဋ္ဌ ဦးဇော် လွင်၊ အတွင်းရေးမှူးဦးတင်ဝယ်၊ မြို့နယ်ပါတီကော်မတီဝင်       ဦးခင်မောင်ရွှေနှင့်ဦးကံရွှေတို့သည်ယမန် နေ့ မွန်းတည့် ၁၂ နာရီက မဘိမ်း မြို့နယ် ဘဟဲကျေးရွာအုပ်စု အခြေ စိုက်စခန်းတွင် ကျေးရွာလူငယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် သွားရောက်  တွေ့ဆုံခဲ့ကြသည်။

သိန္နီပြည်ခိုင်ဖြိုးပါတီမှ စစ်ဘေးရှောင်ပြည်သူများထံသို့ ထောက်ပံ့ကျေး ပေးအပ် လှူဒါန်း

 

(၇-၂-၂၀၁၈)ရက်နေ့ နံနက်(၁၀း၀၀)အချိန်တွင် သိန္နီမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစိုင်းစံအေး၊ အတွင်းရေးမှူး ဦးစိုင်းစံအေး၊ စေတနာရှင်လူငယ်အဖွဲ့များနှင့်အတူ ကောင်းအိုင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ရောက်ရှိနေသော ကွတ်ခိုင်မြို့နယ် ဆိုင်းခေါင်ရွာမှ စစ်ဘေးရှောင်ပြည်သူ(၁၅၈)ဦးတို့အား ငွေကျပ်တန်ဖိုး (၂၀၁၅၀၀ိ/-)တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းများကို သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။

အဆိုပါ စစ်ဘးရှောင်ပြည်သူများတွင် မူလတန်းကလေးငယ် ကျောင်းသား(၁၈)ဦးပါဝင်ကြောင်း သိရသည်။

credit >>> အယ်လ်နန်ဆိုင်း အယ်လ်နန်ဆိုင်း

မိုင်းဆတ်မြို့နယ် (၇၁)ကြိမ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနား ​ရှမ်းပြည်နယ် ပါတီဥက္ကဌတက်​​ရောက်

 

ရှမ်းပြည်​နယ်​(အ​ရှေ့ပိုင်း) မိုင်းဆတ်​မြို့နယ်​သို့  ​ရောက်​ရှိ​နေ​သောပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့့်​ဖွံ့ဖြိုး​ရေးပါတီမှ ဗဟိုအလုပ်​အမှု​ဆောင်​​ကော်​မတီဝင်​ (ရှမ်းပြည်​နယ်​ဥက္ကဌ) ဦးစိုင်းသန်းဝင်းသည်​        ယ​နေ့(၇.၂.၂၀၁၈)ရက်​​နေ့တွင်​ ကျ​ရောက်​​သော (၇၁)ကြိမ်​​မြောက်​ ရှမ်းပြည်​နယ်​​နေ့အခမ်းအနားသို့ မိုင်းဆတ်​ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးစိုင်းခတ္တယ၊ပြည်​နယ်​လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးဒါဝိဒ်​၊မိုင်းဆတ်​ခရိုင်​၊မြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီ​ကော်​မတီဝင်​များ၊အမျိုးသမီး​ရေးရာ​ကော်​မတီဝင်​များနှင့်​အတူတက်​​ရောက်​ခဲ့​ကြောင်းသိရှိရပါသည်​ ။

ရှမ်းပြည်နယ်အရှေ့ပိုင်း သတင်းစုံ


တာချီလိတ် ပြည်ည်ခိုင်ဖြိုးပါတီလူငယ်များမှ စုပေါင်းသွေးလှူဒါန်း

 

(၇.၂.၂၀၁၈)ရက်နေ့တွင် တာချီလိတ်ပြည်သူ့ဆေးရုံကြီးတွင် ခွဲစိတ်လူနာများအတွက် သွေးလိုအပ်နေကြောင်း ဆက်သွယ်အကူအညီတောင်းခံချက်အရ တာချီလိတ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီလူငယ်များဖြစ်သည့် မောင်နေမျိုးထွန်း(O)၊ မောင်သိန်းမင်းမြတ်(O)သွေး၊ မောင်သက်လွင်(A)သွေး၊ မောင် အောင်ခိုင်ဝင်း(A)သွေး၊ မောင်အောင်ထက်ပိုင်(B)သွေး စုစုပေါင်း သွေး(၅)လုံးအား လှူဒါန်းပေးခဲ့ကြောင်း သိရှိရပါသည်

ရှမ်းပြည်နယ်အရှေု့ပိုင်း သတင်းစုံ


ရှမ်းပြည်နယ်ပါတီဥက္ကဌနှင့် မိုင်းဆတ်ပြည်ခိုင်ဖြိုးတွေ့ဆုံပွဲ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ (၅.၂.၂၀၁၈)ရက်နေ့တွင် ရှမ်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးစိုင်းသန်းဝင်း(ဗဟို အလုပ်အမှုဆောင်ကော်မတီဝင်)နှင့် မိုင်းဆတ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခတ္တိယ(ခရိုင်ဥက္ကဌ)နှင့် ခရိုင်ကော်မတီဝင်များ၊၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါဝိဒ်(မြို့နယ်ဥက္ကဌ)နှင့် မြို့နယ်ကော်မတီဝင်များ၊ရပ်ကျေးပါတီခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး ရှမ်းပြည်နယ်ပါတီဥက္ကဌ ဗဟိုမှချမှတ်သည့် လုပ်ငန်းစဉ်များအား အကျယ် တဝင့် ရှင်းလင်းပြောကြားခြင်း၊ခရိုင်/မြို့နယ်ဥက္ကဌများမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားဆွေးနွေးတင်ပြခဲ့ပြီး တွ့ဆုံပွဲအား(၁၁:၃၀)တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း သတင်းစုံ

ရှမ်းမြောက်ပြည်ခိုင်ဖြိုးပါတီမှ ပါတီရေးရာကဏ္ဍအလိုက်နှီးနှောဖလှယ်ပွဲ ကျင်းပ

 

ယမန်နေ့(5 – 2 -2018) နေ့လည်( ၁)နာရီ အချိန်တွင် ကျောက်မဲမြိြု့ ပည်တောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ရုံးတွင် ပါတီရေးရာကဏ္ဍအလိုက်နှီးနှောဖလှယ်ပွဲကျင်းပပြုလုပ် ပါ
သည်။

ရှေးဦးစွာ ပါတီဝင်များအားလုံး နိုင်ငံတော်သီချင်းသီဆို၍နိုင်ငံတော်အလံအားအလေးပြုပြီး အခမ်းအနားစတင် ဖွင့်လှစ်ပါသည်။ ထို့နောက် ကျောက်မဲခရိုင်ပါတီဥက္ကဌ ဦးဝင်းမြင့်မှ အဖွင့်အမှာ စကားပြောကြားပြီး ကျောက်မဲမြို့နယ်တာဝန်ခံ ခရိုင်ကော်မတီဝင် ဦးကောင်းစိန်က နှုတ်ခွန်းဆက်အမှာစကားပြောကြားပါသည်။

မိုင်းတုံပြည်ခိုင်ဖြိုးနှင့် ရှမ်းပြည်နယ်ဥက္ကဌတွေ့ဆုံပွဲ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ (၆.၂.၂၀၁၈)ရက်နေ့တွင် ရှမ်းပြည်နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစိုင်းသန်းဝင်း(ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဝင်)နှင့် မိုင်းဆတ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခတ္တိယ(ခရိုင်ဥက္ကဌ)၊ခရိုင်ကော်မတီဝင်များ၊မိုင်းတုံမြို့နယ်ဥက္ကဌနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးပါတီခေါင်းဆောင်များတွေ့ဆုံခဲ့ပြီး ရှမ်းပြည်နယ်ပါတီဥက္ကဌမှ ဗဟိုမှချမှတ်သည့် လုပ်ငန်းစဉ်များအား အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး ခရိုင်/မြို့နယ်ဥက္ကဌများမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆွေးနွေးတင်ပြခဲ့ပြီးကြကြောင်း သိရှိရပါသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း သတင်းစုံ


သီ​ပေါမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ လပါတ်​အစည်းအ​ဝေးကျင်းပ

 

သီ​ပေါမြို့နယ်​ ပြည်​​ခိုင်​ဖြိုးပါတီ၏ လစဉ်​ပုံမှန်​အစည်းအ​ဝေးကို (၆.၂.၂၀၁၈)ရက် ​နေ့လည် ၀၉း၃၀ အချိန်​က ကျင်းပရာ ပြည်​နယ်​၊ ခရိုင်​၊မြို့နယ်​ ပါတီနှင့် ရပ်/ကျေးပါတီ အဖွဲ့ဝင်​များ တက်​​ရောက်​ကြပါသည်​။