ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

 

နေပြည်တော်၊ ဇွန် ၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Mr. Scot Marciel ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံ ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဌာနချုပ် ဌာနမှူး ဦးလှစိုး ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ ယူနန်ပြည်နယ်သို့ လေ့လာရေး ခရီးထွက်ခွာ

 

နေပြည်တော် မေ ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူးဦးသက်နိုင်ဝင်း၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

 

မြန်မာနှစ်သစ်ကူးမင်္ဂလာအချိန်အခါသမယ မှာမြန်မာနိုင်ငံသားများအားလုံး ကာယ၊စိတ္တ နှစ်ဖြာသောသုခနဲ့ပြည့်စုံကြပြီး ကောင်းကျိုး လိုရာဆန္ဒများရရှိခံစားနိုင်ကြပါစေလို့ဆုတောင်း မေတ္တာ ပို့သအပ်ပါတယ်။
အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက် သည့်ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံ သော ပြည်ထောင်စုနိုင်ငံထူထောင်ရေးနဲ့အဓွန့် ရှည်တည်တံ့ခိုင်မြဲရေးအတွက် ပြည်သူတစ်ရပ် လုံးက နိုးကြားတက်ကြစွာအတူလက်တွဲပူး ပေါင်းပါဝင်ဆောင်ရွက်ကြပါရန်လေးနက်တည် ကြည်စွာ မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါးနဲ့အညီကျင့်ကြံနေထိုင် ကြပြီး နှစ်သစ်ကိုပျော်ရွှင်ချမ်းမြေ့စွာလျှောက် လှမ်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးမြတ်ဟိန်း၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

 

မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ကာလ မှာ နိုင်ငံသူနိုင်ငံသားအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်းဆုမွန်ကောင်း တောင်းအပ်ပါတယ်။
သင်္ကြန်ဆိုသည်မှာ ကူးပြောင်းခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ နှစ်ဟောင်းမှ မကောင်းမှု မစင်ကြယ်မှုများကို အတာရေဖြင့်သန့်စင်စေ လျက်နှစ်သစ်ကိုလူသစ်၊စိတ်သစ်၊ခွန်အားသစ် တို့ဖြင့် ကြိုဆိုခြင်းဖြစ်ပါတယ်။
နှစ်သစ်တွင် တိုင်းရင်းသားညီအစ်ကိုမောင် နှမအချင်းချင်းအပြန်အလှန်နားလည် ယုံကြည် မှု၊ မေတ္တာတရားထားရှိမှု၊ချစ်ကြည် ရင်းနှီးမှု တို့ကိုတည်ဆောက်လျက် အေးချမ်းသာယာ ဝပြောသော နိုင်ငံတော်ကြီးအဖြစ် ကာလရှည် ကြာ တည်တံ့နိုင်ရန်လက်တွဲဆောင်ရွက်နိုင်ပါ စေကြောင်း ဆုတောင်းမေတ္တာပို့အပ်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေး ၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မှ ဥရောပသမဂ္ဂ၊ ရွေးကောက်ပွဲကော်မရှင် အကြီးအကဲဟောင်း Alexander Graf Lambsdorff အား လက်ခံတွေ့ဆုံ

 

၂-၄-၂၀၁၉ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ဥရောပသမဂ္ဂ၊ ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲဟောင်း Alexander Graf Lambsdorff အား ၂၀၁၉ ခုနှစ် ဧပြီလ(၂)ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်စုံညီအစည်းအဝေးကျင်းပ

 

မတ်လ ၂၉ ရက် ၂၀၁၉ ခုနှစ်။ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် ကျင်းပပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင် စုံညီ အစည်းအဝေးအား ယနေ့ ၂၀၁၉ ခုနှစ် မတ်လ ၂၉ ရက်၊ သောကြာနေ့ နံနက် ၉း၀၀ နာရီအချိန်တွင် ပါတီဌာနချုပ်ရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အလှူတော်မင်္ဂလာအခမ်းအနား

 

၂၂-၃-၂၀၁၉ နေပြည်တော်

နေပြည်တော် ဝဇီရာနန္ဒ ဓမ္မစင်တာတွင် ကျင်းပပြုလုပ်သည့် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ မထေရ်မြတ်ကြီး၏ (၇၉)နှစ်ပြည့် မွေးနေ့အမှတ်တရ ဂုဏပူဇာ ဝိဇာတကုသိုလ်မင်္ဂလာနှင့် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အလှူတော်မင်္ဂလာအခမ်းအနားကို ၂၂-၃-၂၀၁၉ ရက်နေ့ သောကြာနေ့ နံနက်(၇)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

 

နေပြည်တော် မတ် ၂၁
===============
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး H.E.Mr. Kristian Schmidt အား ယနေ့ မွန်းလွဲ ၂နာရီခွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်၊ နေပြည်တော်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂနိုင်ငံများအကြား ချစ်ကြည်ရေး၊ ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှုအထူးအခွင့်အရေး ဆက်လက်ပေးအပ်ထားရှိရေး၊ ၂ဝ၂ဝ ရွေးကောက်ပွဲဆိုင်ရာကိစ္စများ အမြင်ချင်းဖလှယ် ခြင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ နိုင်ငံရေးသဘောထားရပ်တည်မှု အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့်အတူ အထွေထွေအတွင်းရေးမှူးဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်နှင့် ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့် တို့တက်ရောက်ခဲ့ကြသည်။

ပအိုဝ်းအမျိုးသားနေ့သို့ ပေးပို့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ သဝဏ်လွှာ