ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သဘောထားထုတ်ပြန်ကြေညာချက်အမှတ်စဉ်(၆/၂၀၁၈) ၂၀၁၈ခုနှစ်၊သြဂုတ်လ(၂၉)ရက် ၁၃၈ဝပြည့်နှစ်၊ဝါခေါင်လပြည့်ကျော်(၃)ရက်


ဆွာချောင်းတမံကျိုးမှုကြောင့် ရေလွှမ်းမိုးခံရသောကျေးရွာများသို့ ပြည်ခိုင်ဖြိုးပါတီ သွားရောက်အကူအညီပေးလျက်ရှိ

 

တောင်ငူ သြဂုတ် ၂၉

ယနေ့နံနက်ပိုင်းက ဆွာချောင်း တမံ ကျိုးပေါက်မှုကြောင့် ရေလွှမ်း မိုးခံရသောကျေးရွာများသို့ ပြည် ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ပါတီဗဟို အလုပ်အမှုဆောင် ဦးလှသိန်းနှင့် ပါတီဌာနချုပ်မှ တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင် ရွက်ပေးနိုင်ရန် သွားရောက်ကြည့်ရှု ကာ ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး လေ့လာရေးလာရောက်သည့် မိုင်းဖြတ်မြို့နယ် ပါတီဝင်လူငယ်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုကော်မတီဝင်ဒေါက်တာနန္ဒာလှမြင့်သြစတြေးလျနိုင်ငံအစိုးရအဖွဲ့၏ Office Of National Assessments (ONA)အရှေ့တောင်အာရှရေးရာဌာနခွဲမှ ဆန်းစစ်လေ့လာရေးအရာရှိအားလက်ခံတွေ့ဆုံ

 

နေပြည်တော် သြဂုတ် ၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်သည် သြစ တြေးလျနိုင်ငံအစိုးရအဖွဲ့၏ Office Of National Assessments (ONA) အရှေ့တောင်အာရှရေးရာဌာနခွဲမှ ဆန်းစစ်လေ့လာရေးအရာရှိ Ms. Susannah Patton အားယနေ့ မွန်းလွဲ၂နာရီခွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် (နေပြည်တော်)ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများ ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

 

8-8-2018 နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် သင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သော ပါတီဌာနချုပ်ဦးစီးရုံးအဖွဲ့ဝင်များ၏ သား/သမီးများထဲမှ ၂၀၁၈ -၂၀၁၉ခုနှစ် ပညာသင်နှစ်တွင် တက္ကသိုလ်/ အထက်တန်း/ အလယ်တန်း/ မူလတန်း တက်ရောက်ပညာသင်ယူနေသာ ကျောင်းသား/ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း နှင့် ၂၀၁၇ – ၂၀၁၈ ခုနှစ်ပညာသင်နှစ်တွင် အထက်တန်းစာမေးပွဲအား ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားအား ယနေ့ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့ နေ့လည် ၀၁း၀၀ နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်တွင် ကျင်းပသည့်၂၀၁၈ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်

 

နေပြည်တော်၊ ဇူလိုင် ၃၁

ယနေ့ညနေ ၄ နာရီချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်သည့် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်၍ ရတနာတန်းဝင် (ကျွန်းပင်)အား ဦးဆောင် စိုက်ပျိုးပေးခဲ့သည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်မှုဆောင်များ၊ ဗဟိုကော်မတီဝင်များနှင့်အတူ ပါတီဌာနချုပ်ရှိ ၀န်ထမ်းများမှ ရတနာတန်းဝင် သစ်ပင်များအား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဆဋ္ဌမအကြိမ်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အလှူတော်မင်္ဂလာကျင်းပ

 

ဇူလိုင် ၃၁ ရက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဆဋ္ဌမအကြိမ်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအား ယနေ့နံနက် ၉:၃၀ အချိန်တွင်
ပြည်ခိုင်ဖြိုးပါတီဌာနချုပ်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ငါးပါးသီလခံယူဆောက်တည်ခဲ့သည်။ ဆက်လက်၍ ၀ါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများခဲ့ ဆက်ကပ်လှူဒါန်းခဲ့ပြီး အနုမောဒနာတရားနာကြားခြင်း၊ရေစက်သွန်းချအမျှပေးဝေခြင်းနှင့် အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
ထို့နောက် ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီး၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်မှုဆောင်များနှင့်ဗဟိုကော်မတီဝင်များတက်ရောက်ခဲ့သည်။

ရေဘေးသင့် ပြည်သူများအား ပိုမိုထိရောက်စွာ ကူညီနိုင်ရေးမည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်း ဆောင် ရွက်ရန် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဋ္ဌေး တိုက်တွန်း


ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး နိုင်​ငံ​ရေးစီမံခန့်​ခွဲမှုနည်းပြသင်​တန်း အမှတ်​စဉ်​(၅) သင်​တန်းဆင်းပွဲအခမ်းအနား သို့ တက်​​ရောက်​အမှာစကားပြောကြား

 

နေပြည်​​တော်​၊ ဇူလိုင်​ ၂၆

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးသည်​ ယ​နေ့ ဇူလိုင်​လ ၂၆ ရက်​​နေ့ နံနက်​ ၉နာရီ ၃၀မိနစ် အချိန်​တွင်​ ​နေပြည်​​တော်​ရှိ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်​ သင်​တန်း​ကျောင်းခန်းမ၌ ဖွင့်​လှစ်​သည့်​ နိုင်​ငံ​ရေးစီမံခန့်​ခွဲမှု နည်းပြသင်​တန်း အမှတ်​စဉ်​ (၅) သင်​တန်းဆင်းပွဲအခမ်းအနားသို့တက်​​ရောက်​၍ သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး အမေရိကန်သံရုံးမှCounselor Mr. William Flens အား လက်ခံတွေ့ဆုံ

 

နေပြည်တော် ဇူလိုင် ၂၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးသည် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံရုံး Political and Economic Affairs Counselor Mr.William Flens အား ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်(နေပြည်တော်)ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏လက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေး အခြေအနေနှင့်လာမည့် ရွေးကောက်ပွဲများအတွက် ကြိုတင်ပြင်ဆင်မှု အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို အတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးနှင့်အတူ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်၊ နိုင်ငံတကာရေးရာကော်မတီဌာနမှူး ဦးမြင့်ကိုကို တို့ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးPolitical and Economic Affairs Counselor Mr.William Flens နှင့်အတူ အဖွဲ့ဝင်တစ်ဦး တက်ရောက်ကြောင်း သိရသည်။