ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Samg-hwa အား လက်ခံတွေ့ဆုံ

 

နေပြည်တော်၊ စက်တင်ဘာ ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Samg-hwa အား ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် နေပြည်တော်ပါတီဌာနချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် မြန်မာနိုင်ငံရေးဖြစ်ပေါ်မှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ကွန်ပြူတာအခြေခံသင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနား

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်၌ဦးစီးရုံးအဖွဲ့ဝင်များအားဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင်တစ်ခုအပါအဝင်ဖြစ်သောကွန်ပြူတာအခြေခံသင်တန်းအမှတ်စဉ်(၁)သင်တန်းဆင်းပွဲအခမ်းအနားအား ပါတီဌာနချုပ်၊ပညာရေးဌာန
တွင်ကျင်းပရာ ဌာနချုပ်မှူးဦးသောင်းရွှေမှ သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသား/သင်တန်းသူ( ၁၇)ဦးနှင့် ဌာနမှူး၊ဒုဌာနမှူးများတက်ရောက်ခဲ့ကြပါသည်။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပါတီဗဟိုအလုပ်အမှုဆောင် ဒုတိယနေ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော် စက်တင်ဘာ ၎

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၃/၂ဝ၁၈)ကိုယနေ့နံနက်၉ နာရီခွဲ က နေပြည်တော်ပါတီဌာနချုပ် အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
ရှေးဦးစွာ ပါတီဥက္ကဋ္ဌဦးသန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး/ပြည်နယ်ပါတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများက လုပ်ငန်းဆောင် ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် လိုအပ်ချက်များ ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတိုင်ပင်ခံများ၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်ပါတီဥက္ကဋ္ဌများနှင့် ဒုတိယ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သဘောထားထုတ်ပြန်ကြေညာချက်အမှတ်စဉ်(၆/၂၀၁၈) ၂၀၁၈ခုနှစ်၊သြဂုတ်လ(၂၉)ရက် ၁၃၈ဝပြည့်နှစ်၊ဝါခေါင်လပြည့်ကျော်(၃)ရက်


ဆွာချောင်းတမံကျိုးမှုကြောင့် ရေလွှမ်းမိုးခံရသောကျေးရွာများသို့ ပြည်ခိုင်ဖြိုးပါတီ သွားရောက်အကူအညီပေးလျက်ရှိ

 

တောင်ငူ သြဂုတ် ၂၉

ယနေ့နံနက်ပိုင်းက ဆွာချောင်း တမံ ကျိုးပေါက်မှုကြောင့် ရေလွှမ်း မိုးခံရသောကျေးရွာများသို့ ပြည် ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ပါတီဗဟို အလုပ်အမှုဆောင် ဦးလှသိန်းနှင့် ပါတီဌာနချုပ်မှ တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင် ရွက်ပေးနိုင်ရန် သွားရောက်ကြည့်ရှု ကာ ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး လေ့လာရေးလာရောက်သည့် မိုင်းဖြတ်မြို့နယ် ပါတီဝင်လူငယ်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုကော်မတီဝင်ဒေါက်တာနန္ဒာလှမြင့်သြစတြေးလျနိုင်ငံအစိုးရအဖွဲ့၏ Office Of National Assessments (ONA)အရှေ့တောင်အာရှရေးရာဌာနခွဲမှ ဆန်းစစ်လေ့လာရေးအရာရှိအားလက်ခံတွေ့ဆုံ

 

နေပြည်တော် သြဂုတ် ၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်သည် သြစ တြေးလျနိုင်ငံအစိုးရအဖွဲ့၏ Office Of National Assessments (ONA) အရှေ့တောင်အာရှရေးရာဌာနခွဲမှ ဆန်းစစ်လေ့လာရေးအရာရှိ Ms. Susannah Patton အားယနေ့ မွန်းလွဲ၂နာရီခွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် (နေပြည်တော်)ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများ ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

 

8-8-2018 နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် သင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သော ပါတီဌာနချုပ်ဦးစီးရုံးအဖွဲ့ဝင်များ၏ သား/သမီးများထဲမှ ၂၀၁၈ -၂၀၁၉ခုနှစ် ပညာသင်နှစ်တွင် တက္ကသိုလ်/ အထက်တန်း/ အလယ်တန်း/ မူလတန်း တက်ရောက်ပညာသင်ယူနေသာ ကျောင်းသား/ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း နှင့် ၂၀၁၇ – ၂၀၁၈ ခုနှစ်ပညာသင်နှစ်တွင် အထက်တန်းစာမေးပွဲအား ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားအား ယနေ့ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့ နေ့လည် ၀၁း၀၀ နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်တွင် ကျင်းပသည့်၂၀၁၈ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်

 

နေပြည်တော်၊ ဇူလိုင် ၃၁

ယနေ့ညနေ ၄ နာရီချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်သည့် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်၍ ရတနာတန်းဝင် (ကျွန်းပင်)အား ဦးဆောင် စိုက်ပျိုးပေးခဲ့သည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်မှုဆောင်များ၊ ဗဟိုကော်မတီဝင်များနှင့်အတူ ပါတီဌာနချုပ်ရှိ ၀န်ထမ်းများမှ ရတနာတန်းဝင် သစ်ပင်များအား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။