ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံ (၂၀၁၈) ပထမနေ့ ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၁၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံ (၂၀၁၈) ကို ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီအချိန်က နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံး ခန်းမဆောင်၌ ကျင်းပပြုလုပ် သည်။

ယနေ့ကျင်းပသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံ (၂၀၁၈) ပထမနေ့အခမ်းအနား သို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းမှ တက်ရောက်ပြီး ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နေပြည်တော် သတင်းထုတ်ပြန်ကြေညာချက် အမှတ်စဉ် (၅/၂၀၁၈) ၁၃၈၀ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နေပြည်တော် သတင်းထုတ်ပြန်ကြေညာချက် အမှတ်စဉ် (၄/၂၀၁၈) ၁၃၈၀ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီဌာနချုပ်၏ ဒုတိယအကြိမ် မိသားစု မဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ

 

နေပြည်တော်၊ နိုဝင်ဘာ – ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီဌာနချုပ်၏ ဒုတိယအကြိမ် မိသားစုမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉နာရီ ၃၀ မိနစ်ချိန်တွင် နေပြည်တော်၊ လယ်ဝေးမြို့ ချမ်းမြေ့ရိပ်သာဘုန်းတော်ကြီးကျောင်းတွင်ကျင်းပပြုလုပ်ရာပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီး ဒေါ်စိုးဝတ်ရည်တို့တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်း များဆက်ကပ်လှူဒါန်းကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီလူငယ်ကိုယ်စားလှယ်အဖွဲ့ အာဆီယံ-တရုတ်လူငယ်တွေ့ဆုံပွဲတက်ရောက်ရန်ထွက်ခွာ

 

ရန်ကုန် နိုဝင်ဘာ ၁၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဒေါက်တာထိန်ဝင်းနှင့် အဖွဲ့ဝင် ၁ဝ ဦးပါ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ်းဒေသ နန်နင်းမြို့ရှိ Guangxi International Youth Exchange Institute တွင် ယခုလ ၁၂ ရက်မှ ၁၉ ရက်အထိ ဖွင့်လှစ်မည့် (၁၁)ကြိမ်မြောက် အာဆီယံ-တရုတ်လူငယ်တွေ့ဆုံပွဲသို့ တက်ရောက်ရန်အတွက် ယမန်နေ့ ညနေပိုင်းတွင် တရုတ်လေကြောင်း ခရီးစဉ်MU-2032 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကူမင်းမြို့သို့ထွက်ခွာ သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးသန်းဌေး တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာန ဝန်ကြီးအား လက်ခံတွေ့ဆုံ

 

နေပြည်တော် နိုဝင်ဘာ ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးသန်းဌေးသည် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာနဝန်ကြီး H.E. Mr. Song Tao အား ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပြည်ခိုင်ဖြိုးပါတီဌာနချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သတင်းထုတ်ပြန်ကြေညာချက်အမှတ် ( ၃ / ၂၀၁၈

၁၃၈၀ ပြည့်နှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်
၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Samg-hwa အား လက်ခံတွေ့ဆုံ

 

နေပြည်တော်၊ စက်တင်ဘာ ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Samg-hwa အား ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် နေပြည်တော်ပါတီဌာနချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် မြန်မာနိုင်ငံရေးဖြစ်ပေါ်မှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ကွန်ပြူတာအခြေခံသင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနား

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်၌ဦးစီးရုံးအဖွဲ့ဝင်များအားဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင်တစ်ခုအပါအဝင်ဖြစ်သောကွန်ပြူတာအခြေခံသင်တန်းအမှတ်စဉ်(၁)သင်တန်းဆင်းပွဲအခမ်းအနားအား ပါတီဌာနချုပ်၊ပညာရေးဌာန
တွင်ကျင်းပရာ ဌာနချုပ်မှူးဦးသောင်းရွှေမှ သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသား/သင်တန်းသူ( ၁၇)ဦးနှင့် ဌာနမှူး၊ဒုဌာနမှူးများတက်ရောက်ခဲ့ကြပါသည်။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပါတီဗဟိုအလုပ်အမှုဆောင် ဒုတိယနေ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား